ဖြေကြားချက် ၂ ခု
ဝက်မများတွင် သားအောင်နှုန်းနည်းရသည့်အကြောင်းရင်းများ (၁) ဝက်မတမ်းများသားတင်စပ်ရာတွင် နွေရာသီတွင်သားစပ်ခြင်းသည် မိုးနှင့် ဆောင်းရာသီတွင် သားစပ်ခြင်းထက် သားအောင်နှုန်းနည်းပါသည်။ (၂)၀က်မ၏ ဥအိမ်တွင်(Cyst)များရှိပါက သားမအောင်နိုင်ပါ။ (၃) ဝက်မ၏ ခန္ဓာကိုယ်တွင် မွေးရာပါ ချိုယွင်းမှုများ( ဥပမာ အထီး၊အမ အင်္ဂါနှစ်မျိုးလုံး ပါနေလျှင်) သားမအောင်နိုင်ပါ။ (၄) မေထုံမဲ့သားစပ်နည်း အသုံးပြုပါက သုတ်ရည်ကိုင်တွယ်ထိမ်းသိမ်းမှု သားတင်စပ်မှုနည်းပညာများ ချို့ယွင်းပါက သားမအောင်နိုင်ပါ။ (၅) အသုံးပြုသည့်ဝက်သိုးကို တပတ်အတွင်း (၄)ကြိမ်ထက်ပို၍လည်းကောင်း၊ ၄၈နာရီအတွင်း ၂ကြိမ်ထက်ပို၍လည်းကောင်း အသုံးပြုပါက သားအောင်နှုန်းလျော့နည်းစေသည်။ (၆) သားတင်ဝက်သိုးနှင့် ဝက်မများ အရွယ်မရောက်သေးခြင်း၊ သားလိုက်လိုစိတ်နည်းခြင်း ၊ ဝလွန်းခြင်း၊ ပိန်လွန်းခြင်း၊ နာကျင်ထိတ်လန့်မှုရှိခြင်း စသည့်အခြေအနေများတွင် သားအောင်နှုန်း နည်းနိုင်ပါသည်။ (၇) သားတင်ဝက်သိုးသည် အဖျားရောဂါဖြစ်ခဲ့ခြင်း၊ ယခင်က Corticosteroidsဆေးများ အသုံးပြု၍ ဆေးကုသခံယူဘူးခြင်းများ ရှိခဲ့ပါကလည်း သားအောင်မှုကို ထိခိုက်စေပါသည်။ (၈) သားတင်စပ်စဉ် အခန်းအပူချိန်များပါကလည်း သားမအောင်နိုင်ပါ။ (၉) ဝက်မများ စုဝေးထားရှိခြင်းကြောင့် ထိခိုက်မိပြီး ဒဏ်ရာရခြင်း၊ အခင်းချော၍ ချော်လဲခြင်းများသည်လည်း သားအောင်မှုနည်းစေပါသည်။ (၁၀) သားတင်စပ်ပြီးသည်မှ (၂၁)ရက်အတွင်း အစာကို ထိမ်းမကျွေးပါက သားအောင်နုန်းနည်းနိုင်သည်။ (၁၁) သားတင်သည့်ရက်မှ (၂၅)ရက်ကျော်သည်အထိ ကိုယ်ဝန်မရပဲ မြိုင်ပြန်လာပါက ဝက်မတွင် ရောဂါ ရှိ၊မရှိ စစ်ဆေးရပါမည်။ (၁၂) သားအောင်မှု မရှိပါက သားစပ်သည့်လုပ်ငန်းအဆင့်ဆင့်ကို တခုခြင်း ပြန်လည်စီစစ်၍ ချို့ယွင်းမှုများကို ပြုပြင်ပေးခြင်းဖြင့် သားအောင်နှုန်းကောင်းစေပါသည်။
ဝက်မတွေ သားလျှော၊သားပျက်တာ မဖြစ်ရအောင် ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးပေးလို့ရပါတယ်။
ဆက်စပ်မေးခွန်းများ
တစ်လခွဲသား နိုးခွဲပြီးသားဝက်ကို ပွိုင့်နဲ့ဖွဲနှရောကျွေးလို့ရလားဆရာတို့ ပြောပြပေးပါအုံး
ဖြေကြားချက် 1 ခု
အသားတိုးဝက်မွေးမြူရာတွင် ဝက်အငယ်ကနေ ရောင်းဝက်အထိCPစာကျွေးရာတွင်ဘယ်နှစ်လဘယ်အရွယ်မှာဘယ်လိုအစာမျိုးကျွေးရတယ်ဆိုတာ...
ဖြေကြားချက် 1 ခု
ဝက်တွေကို အသားဓာတ် ၁၅%ပြည့်အောင်ကျွေးရဖို့ဆိုရင် ဒေသမှာအလွယ်တကူရနိုင်တဲ့ဟာတေကဘာတေဖြစ်မလဲရှင့်
ဖြေကြားချက် 2 ခု
အစာကျွေးနည်းစနစ်လေးသိချင်လို့ပါ
ဖြေကြားချက် 1 ခု
ဝက်အသားတိုး အစာစပ်နည်းလေး ပြောပြပေးပါ..လေးစားစွာဖြင့်..
ဖြေကြားချက် 1 ခု