ဖြေကြားချက် ၁ ခု
ပင်စည်ရွက်ခြောက်ရောဂါ(Stemphylium Leaf Blight of Onion) ကျနေတာပါ၊ တောက်တဲ့ပြောက်ရောဂါနဲ့ဆင်တူပါတယ်။ ကာကွယ်နှိမ်နင်းနည်းလည်းတူပါတယ်ဗျ။ကုသရန် Pyraclostrobin ,Propiconazole, Tebuconazole, Difenoconazole, Azoxystrobin+ Difenoconazoleသို့မဟုတ် Azoxystrobin+ Tebuconazole ဆေးတစ်မျိုးမျိုးကိုမနက်ခင်းမှာဖျန်းပေးပါ၊ ရောဂါကူးစက်ပျံ့နှံ့မှုမရှိတော့ရင်ရောဂါပျောက်ပြီလို့ယူဆနိုင်ပါတယ်ဗျ။ မှိုဆေးသုံးစွဲမှုက အရမ်းများလွန်းနေပြီးမှားယွင်း နေတယ်ဗျ၊ အပင်လောင်နိုင်သလို ကုန်ကျစရိတ်လည်းအရမ်းများပါတယ်ဗျ၊ ဆာလဖာမှိုသတ်ဆေးကို ဖျန်းပက်ရာတွင် မည်သည့်ဆေးနှင့်မျှမရောဖျန်းသင့်ပါဘူးဗျ၊အခန့်မသင့်ရင်လောင်တတ်ပါတယ်။ ရောဂါလုံးဝမကျခင်မှာ ဆာလဖာမှိုသတ်ဆေးဖျန်းပက်ကာကွယ်ထားရင်ကိုလုံလောက်ပါတယ်ဗျ။ ဆေးတွေရောဖျန်းရာတွင်လည်း မလိုအပ်ဘဲ ၃မျိုးအထိမရောသင့်ပါဘူးဗျ၊ရောဂါနဲ့ဆေးတည့်ရင် တစ်မျိုးတည်းကိုပျောက်ပါတယ်ဗျ။ နောက်ဆုံးအကြိမ်ပိုင်းမှာဆိုရင်လည်း ပိုင်ရာကလိုနဲ့ အပိုစီတို့တင်ကို ရောဂါနှိမ်နငိးနိုင်စွမ်းမြင့်မားနေပါပြီဗျ၊ Foestyl Al ကိုလည်းဥပုပ်၊ထိပ်ပုပ်ရောဂါကာကွယ်၊ကုသရန်အတွက်သီးသန့်ဖျန်းပေးမာ်ဆိုပိုထိရောက်ပါတယ်ခင်ဗျာ။ ဆေးတွေကို သီးသန့် တစ်မျိုးခြင်းစီ ၁၀ရက်ခြားသာဖျန်းမယ်ဆိုရင် ကုန်ကျစရိတ်သက်သာပြီး ရောဂါကာကွယ်ရာတွင်လည်း ပိုထိရောက်မယ်လို့မြင်မိပါတယ်ဗျ။ ဆေး တွေအရမ်းဖျန်းထားတော့ အပင် ဆေးဖိစီးမှုဒဏ် သက်သာအောင် မှိုဆေးဖျန်းပြီး ၇ရက်အကြာမှာAmino acid ပါအားဆေးကိုအနည်းလိုအဟာရပါအားဆေးဖြင့်တစ်ကြိမ် လောက်ဖျန်းပေးသင့်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
2လသား ကြက်သွန်မိတ်စားခင်းပါခင်ဗျာ 1လသားတွင် ကာဗင်ဒါဇင် 45%+ဒိုင်ဖန်နာကိုနာဇိုး15% 20ccနှုန်း+ဆာဖာ80% 50ccတစ်...
ဖြေကြားချက် 2 ခု
ကြက်သွန်နီပျိုးခင်း၂၇ရက်သား နွားသေးဖျန်းလို့ရလား များရင်ကြက်သွန်ပင်လောင်နိုင်လား နွားသေးဘယ်လောက်နှုန်းထည့်...
ဖြေကြားချက် 1 ခု
ကြက်သွန်နီခင်းကို ဆခါး လက်ချား ပုလဲ ငါးအမိုင်နို လေးမျိုးလုံးတွဲဖျန်းလိူရလားခင်ဗျာ ငါးအမိုင်နိုနဲ့ပုလဲတစ်ခုပဲ...
ဖြေကြားချက် 2 ခု
ပျိုးခင်းမှာ မိုးများထားလို့ ဘာလုပ်သင့်လဲ ဆရာတို့ ခင်ဗျ ပိုက်ဖြန်းပျိုးထားတာ ပါ မြေခံ ၁၅ လည် နဲ့ လှည်းယဥ် (...
ဖြေကြားချက် 1 ခု
ခုဆေးက ဘာပိုးတွေတွေကိုနှိမ်နင်းနိုင်တာလဲ
ဖြေကြားချက် 3 ခု