အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
58
လွန်ခဲ့သော ၇ နှစ် က · ကသာ

နောက်နစ်စိုက်ချင်လို့ပါ ဘယ်လစိုက်ပြီး ဘယ်လိုလုပ်ရတယ်ဆိုတာလေး အလင်းပြပေးပါအုံး

စိုက်ပျိုးနည်း ကျောက်ဖရုံသီး
1

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၇ နှစ် က

ကျောက်ဖရုံစိုက်ပျိုးနည်းကိုဖော်ပြလိုက်ပါတယ် မျိုး ဒေသမျိုးတွင် အလုံးလတ် (၁ -၂) ပေနှင့် အလုံးကြီး(၂)ပေ အထက် အရှည်မျိုးဟူ၍ ရှိသည်။ အလုံးလတ်မျိုးများကို စီးပွားဖြစ် မြေလွတ်စိုက်ကြသည်။ အလုံးကြီးမျိုးများကို အချို့ဒေသများတွင် စင်တင်စိုက်ကြပြီး ဧရာဝတီတိုင်းမှ ပန်းတနော်၊ ဟင်္သာတ အလုံးကြီးမျိုးများသည် ထင်ရှားသည်။ မျိုးအားလုံးသည် အပြင်ခွံတွင် ဖယောင်းပါဝင်မှုများ၍ အဖြူရောင် ပိုတောက်သည်။ စိုက်ချိန် မိုးနှောင်းတွင် မြေလွတ်စိုက်ကြပြီး စင်တင်စိုက်ပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။ အချို့ဒေသများတွင် သစ်ပင်ကြီး များနှင့် တဲများပေါ်တွင်တင်၍ နှစ်ပတ်လည်စိုက်ပျိုးထားတတ်ပြီး အလုံးလတ်မျိုးများကို ယိုလုပ်ငန်းအတွက် စီးပွားဖြစ် မြေလွှတ်၍ စိုက်ပျိုးကြသည်။ စိုက်ပျိုးခြင်း စင်တင်စနစ်၊ မြေလွှတ်စနစ်ကို ဘောင်ဆွဲ၍ တိုက်ရိုက်အစေ့ချ စိုက်ကြသည်။ သဘာဝ မြေသြဇာ၊ နွားချေးနှင့် တီစူပါ မြေသြဇာတို့ကို ရော၍ စိုက်ဘောင်ကိုဆွပြီး သမအောင်မွှေ၍ ထည့်ပေးရမည်။ စင်တင်စနစ်တွင် (၃)ပေ အကျယ်၊ (၁)ပေအမြင့် ဘောင်ဆွဲ၍စိုက်ပါ။ စိုက်ဘောင်ကြီးလေ ပိုကောင်းလေ ဖြစ်ပါသည်။ မြေလွှတ်စနစ်တွင် (၂) ပေအကျယ်၊ (၁)ပေအမြင့် ဘောင်ဆွဲ၍ တစ်ပင်နှင့်တစ်ပင် (၂) ပေကြား နှစ်တန်းစိုက်ပြီး တစ်ပေါင်နှင့် တစ်ပေါင် (၁၅ -၂၀)ပေခြား ဆွဲပါက တစ်ဧကလျှင် အပင်(၂၀၀၀)ခန့် ထည့်သွင်းရပါမည်။ မြေသြဇာထည့်သွင်းခြင်း ကျောက်ဖရုံ (၁) ဧကလျှင် သဘာဝမြေသြဇာ လှည်း (၁၀-၂၀) စီး၊ ပုလဲ (၁၂) အိတ်၊ တီဆူပါ (၂ - ၄) အိတ်၊ ပိုတက်ရှ်မြေသြဇာ (၁ - ၂) အိတ်ထည့်ပေးရမည်။ ဒေသမျိုးအားလုံးသည် စိုက်ပြီးရက် (၁၀၀) ကျော်မှ စတင်ခူးဆွတ် နိုင်သည်။ စိုက်ပြီး အရွက် (၇) ရွက်ထွက်ချိန်တွင် ခေါင်နှိမ်ပေးသင့်ပါသည်။ အပင်ပြုစုခြင်း တိုက်ရိုက်အစေ့ချ စိုက်ခြင်းဖြစ်၍ အပင်ငယ်စဉ်တွင် သတိထားပြီး ပေါင်းရှင်းပေးရမည်။ အစေ့ကို အညှောက်ဖောက်ပြီး မှချ၍ အပင်ငယ်စဉ်တွင် ရေကို မပြတ်လောင်းပေးရမည်။ အပင်ကြီးထွားစဉ် ရေငတ်ဒဏ် အသင့်တင့်ခံနိုင်ပြီး အသီး စတင်သီးချိန်တွင် လိုအပ်ပါက ရေသွင်းပေးဖို့လိုအပ်သည်။ ပိုးမွှားရောဂါကို အခြား ဗူး၊ ဖရုံမျိုးရင်းဝင် အပင်များထက် ပိုမိုဒဏ်ခံသော်လည်း ရောဂါကင်းလေ အသီးထွက်မှု ပို၍တာ ရှည်လေဖြစ်သဖြင့် အပင်ငယ်စဉ်တွင် ပိုးမွှားများကို ဂရုစိုက်နှိမ်နင်း၍ မှိုရောဂါကို ကြိုတင်ကာကွယ်ထားသင့်ပါသည်။ ခူးယူခြင်း၊ အစေ့ထုတ်ခြင်း အစေ့ချပြီး ရက်ပေါင်း (၁၀၀) ကျော်တွင် စတင်၍ ခူးယူစားသုံးနိုင်သည်။ မျိုးစေ့ထုတ်ယူလိုပါက ပန်းပွင့်ပြီး(၆၅) ရက် ကျော်မှ ခူးဆွတ်သင့်သည်။ ကျောက်ဖရုံသီးသည် တာရှည်အထားခံသဖြင့် အလုံးလိုက် အရိပ်ထဲတွင် နှစ်ပတ်လည် ထား သင့်သည်။ ကျောက်ဖရုံတွင် မျိုးစေ့ကို အလုံးလိုက် သဘာဝအတိုင်း သိုလှောင်ခြင်းဖြင့် အပင်ပေါက်ရာခိုင်နှုန်း ပိုမို ကောင်းမွန်သည်။ (ဟင်းသီးဟင်ရွက်စိုက်ပျိုးခြင်းလမ်းညွှန်)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။