ဖြေကြားချက် ၄ ခု
ဘော်ဒိုးဆေးရည်ကဖျော်စပ်ပြီးဘယ်နရက်နေရင် အသုံးပြုရပါသလဲ ရေ ၄ ဂါလံကို ဆေးရည် ဘယ်လောက်နှုန်းထည့်ဖျန်းရပါသလဲခင်ဗျ ကျေးဇူးတင်ပါတယ်ခင်ဗျ
မန်ကိုဇက်ကောင်းပါတယ် လက်တွေ့
ဖားဥမှိုရောဂါဟာပဲအထွက်ကိုသိသိသာသာကျဆင်းစေပါတယ်။မကျခင်ကြိုတင်ဖျန်းနိုင်ပါတယ်။ဆာလဖာပါတဲ့မှိုသတ်ဆေးမျိုးကိုကာကွယ်ဆေးအနေနဲ့ဖျန်းပေးနိုင်ပါတယ်။ကျရောက်နေပြီဆိုရင်တော့ဘီနိုမိူင်း ကာဘင်ဒါဇင် ဟက်ဇာကိုနာဇိုး ပရိုပီနိုကိုနာဇိုးစတဲ့ဆေးaiတွေကိုသုံးစွဲနိုင်ပါတယ်
Powdery mildrew dust (မှိုရောဂါများအတွက် အပင်ပေါ် ဖြူးနိုင်သော အမှုန့်) ကိုရောဂါကျ အပင်ကိုပက်ဖြူးပေးပါ အဲတာမရရင်လဲ Topsin/ mincozeb. မှိုဆေးအမှုန့်ကိုဖြူးပေးနိုင်တယ် ဒီtopsin/ mincozeb တေကတော့ရေဖျော်လဲဖျနးနိုင်ပါတယ် နောက်တနည်းကတော့ ကိုယ်တိုင်ဖျော်ယူလို့ရတဲ့ ထုံး ဒုတ်ထာ သဘာဝဆေးဖျော်ရည်ပါ ဒီဆေးရည်ကို ဘော်ဒိုး တက်ကသိုလ် ကစတင်ခဲ့တာပါ ဖျော်စပ်ပြီးမှိုရောဂါတွေကို ပက်ဖျန်းပါ ဘော်ဒိုးဆေးရည် ကို ရှောက်သံပရာ အနာချိုင့်မှိုရောဂါ မာလကာ မှိုရောဂါ နှင်းဆီပင် ရွက်ပျောက်မှို နဲ့ နှစ်ရှည်ပင် ရာဘာ သံပရာ ကျွဲကော ပင်ခြေတေမာလဲ အခြားမ မှိုရောဂါတေ မဝင်နိုင်ရန် သုံးနိုင်( အသုံးပြုရမဲ့နှုန်းကို လိုရင်ပြောပါနော်) ဘော်ဒိုး paste နဲ့ ဘော်ဒိုးဆေးရည် နှစ်မျိုးသုံးနိုင်တယ် ဆေးရည်ကတော့ 5:5:50 ပါ ထုံး : ဒုတ်ထာ : ရေ တို့ရောစပ်ပါ ဘော်ဒိုးဆေးရည် ဖျော်နှုန်းထားကတော့ ထုံး: ဒုတ်ထာ: ရေ တို့ကို ၅ပိသာ : ၅ပိသာ : ရေဂါလံ ၅၀ ဖြစ်ပါတယ် ဖျော်ပြီးစမ်းသပ်ကြည့်ပါ
ဆက်စပ်မေးခွန်းများ
ဘာပိုးကျတာလဲဗျ ဘလိုဆေးတေဖြန်းရမာလဲဗျ
ဖြေကြားချက် 1 ခု
တောင်သူတစ်ယောက်က မေးခိုင်းလို့ပါ။ ပဲတီစိမ်းအရွက်ပေါ်မှာ အဖြူမှုန့်တွေဖြစ်နေလို့ ဘာဆေးဖျန်းရမလဲတဲ့။ သိချင်ပါတယ်...
ဖြေကြားချက် 4 ခု
မိူဘုရင် ဖျန်းတာမပျောက်လို့ကူပါအုံးဆရာတို့
ဖြေကြားချက် 3 ခု
ဖားဥမှို သံချေး ရွက်ပျောက် အတွက် အဇိုစထိုဘင် +တစ်ဗျူကိုနာဇိုးအရောဖျန်းလို့ ရလားပညာရှင်များအကြံပြု ပေးပါအုန်း...
ဖြေကြားချက် 1 ခု
ပဲတီစိမ်း အပွင့်မဝင်ခင် ဘယ်မိုဆေးအုပ်စု သုံးသင့်သလဲ ခင်ဗျ
ဖြေကြားချက် 2 ခု