ဖရီရှန်နွးမကို အိမ်မှာတစ်နိုင်တစ်ပိုင်စပြီးမွေးမြူမယ်ဆိုရင် နွားမတန်းများနဲ့စသင့်သလား နွားမကြီးများနဲ့စပြီး...
ဖရီရှန်နွးမကို အိမ်မှာတစ်နိုင်တစ်ပိုင်စပြီးမွေးမြူမယ်ဆိုရင် နွားမတန်းများနဲ့စသင့်သလား နွားမကြီးများနဲ့စပြီးမွေးမြူသင့်ပါသလားဗျာ
ဖရီရှန်နွးမကို အိမ်မှာတစ်နိုင်တစ်ပိုင်စပြီးမွေးမြူမယ်ဆိုရင် နွားမတန်းများနဲ့စသင့်သလား နွားမကြီးများနဲ့စပြီးမွေးမြူသင့်ပါသလားဗျာ
ရလာမယ့်နို့ကို ရောင်းဖို့ဈေးကွက် ရှိတယ် အဆင်ပြေတယ်ဆို နွားမကြီးတွေနဲ့စပါ။ ပိုတွက်ချေကိုက်ပါတယ်။ အဆင်သင့်မဖြစ်သေးဘူး အချိန်ယူရမယ်ဆို မတမ်းတွေနဲ့စပါ။ နွားမတကောင်ရဲ့ သက်တမ်းက ၁၀-၁၅ နှစ်ခန့်ရှိနိုင်ပါတယ်။ နွားမတွေရဲ့ နို့ထွက်နှုန်းအမြင့်ဆုံးကို ၆ - ၈ နှစ်ခန့်မှာရနိုင်ပါတယ်။ နွားမကြီး တွေကတတိယသားကျပြီးရင်နို့ထွက်နှုန်းကျသွားတယ်လို့ဆိုတာက အဲ့နွားမကဘယ်အရွယ်မှာ ပထမသားရခဲ့တာလဲ ဘယ်လိုကျွေးမွေးခဲ့တာလဲ ပေါ်မူတည်ပါတယ်။ ၃-၄ နှစ်မှ ပထမသားရတဲ့နွားမတွေဆို ဖြစ်နိုင်ပါတယ်။ ၂နှစ်မှာ သားစရတယ်ဆိုရင်တော့မဟုတ်ပါဘူး။ နွားမတွေမှာ များသောအားဖြင့် ၆သားလောက်ထိ ကောင်းပါတယ်။ ၆သားနောက်ဆို နို့ထွက်နှုန်း သားအောင်နှုန်းကျလာပါတယ်။
နွားမကြီးတွေကတတိယသားကြပြီးရင်နို့ထွက်အားကြသွားတယ်လို့ကျတော်ကြားထားတာမှန်ပါသလားခင်ဗျာ ပြီးတော့နွားမတွေရဲ့သက်တမ်းကဘယ်လောက်လောက်ရှိပါသလဲဗျ
နွားမတစ်ကောင်ရဲ့ပျမ်းမျှသက်တမ်းကဘယ်လောက်ရှိပါသလဲဗျ
အချိန်ပေးနိုင်ရင် မဒန်းကစပါ။မြန်မြန်အကျိုးအမြတ်ရချင်ရင်တော့ နွားမကြီးတွေနဲ့စကတည်းကမွေးမြူတာကပိုပြီးသင့်တော်ပါတယ်
ဆက်စပ်မေးခွန်းများ
သားကျခါနီးနို့အိမ်အခုလိုဖြစ်ပါသလား
ဖြေကြားချက် 2 ခု
နို့စားနွားမွေးမြူရေး လုပ်တဲ့ဦးမြင့်လွင် ဘယ်မြို့နယ်ကလဲခင်ဗျ ဆက်သွယ်လို့ ရမယ့်လိပ်စာ ဖုန်းနံပတ်သိချင်ပါတယ်ခင်...
ဖြေကြားချက် 1 ခု
ကျွန်တော့်နေပီယာပင် တစ်လသားသိပ်မဖြစ်လို့အကြံပြုပေးကြပါအုံး
ဖြေကြားချက် 3 ခု
မြန်မာနိုင်ငံအပူပိုင်းဒေသမှာ အဆင်အပြေဆုံးအကောင်းဆုံးနို့စားနွားလေးတွေ ဝယ်ချင်လို့ ဘယ်လိုနွားမျိုးကအသင့်တော်...
ဖြေကြားချက် 2 ခု
မတ္တရာဘက်မှာနို့စားနွားစီမံကိန်းတွေ နို့ဈေးကွက်တွေရှိပါသလားဗျာ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။