အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
48
လွန်ခဲ့သော ၆ လ က · မရမ်းကုန်း

ရေ ဝပ် သော နေရာ ဖြစ် သော ကြောင့် ဘောင် များ ဆွဲ ၍ အုန်း ချို မွှေး ပိန္ဓဲ များ စိုက် ထား ပါ သည် ဘောင် ပေါ် တွ...

ရေ ဝပ် သော နေရာ ဖြစ် သော ကြောင့် ဘောင် များ ဆွဲ ၍ အုန်း ချို မွှေး ပိန္ဓဲ များ စိုက် ထား ပါ သည် ဘောင် ပေါ် တွငိ ပေါင်း မြက် သက် သာ စေ ရန် ပလပ် စတစ် အမဲ အုပ် ၍ စိုက် ပျိုး ချင် ပါ သည် တဖက် မီး ခိုး ရောင် တဖက် က အမဲ ကို သုံးရ မလား ၂ ဖက် လုံး အမဲ သုံး ရ မလားရှင့်

စိုက်ပျိုးနည်း ပိန္နဲ

ဖြေကြားချက် ၅ ခု

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၆ လ က

ဆရာကြီး ဦးမောင်မောင်ထွေးပြောတဲ့ ဆော်ဂျန်က ဒီပုံလိုမျိုးပါ။ စိုက်ဘောင်တွေနဲ့ ရေမြောင်းက တစ်လှည့်ဆီသွားပါတယ်။ ရေဝပ်တဲ့အရပ်ဒေသတွေမှာ သင့်တော်တဲ့ စိုက်ပျိုးရေးနည်းစနစ်ဖြစ်ပါတယ်။ အသေးစိတ်ကို ဆောင်းပါးအနေနဲ့ ရေးပါမယ်ဗျ။

အတည်ပြုပြီး 22,958 လွန်ခဲ့သော ၆ လ က

မြက်ကိုထားပါမြေတိုက်စားမှုသက်သာပြီးမကြာခဏရိပ်ပြီးသဘာဝမြေဆွေးအဖြစ်ထဲ့ပေးပါ

အတည်ပြုပြီး 22,958 လွန်ခဲ့သော ၆ လ က

ရေဝတ်တဲ့နေရာမှာနှစ်ရှေပင်ကိုဘောင်နဲ့စိုက်လို့မရပါဆော်ဂျန်လို့ခေါ်တဲ့ကုန်းတစ်ပိုင်းရေတပိုင်းလို့ခေါ်တဲ့ခြောက်ပေမှဆယ်ပေအကျယ်အနဲဆုံးလေးငါးပေအမြင့်ကုန်းဖော်ပြီးအသီးပင်မျာကိုစိုက်ပါ

101 လွန်ခဲ့သော ၆ လ က

သက်ငယ်အပင်တွေမှာအသုံးများပါတယ် သက်ကြီးပင်တွေဆိုရင် အဆင်ပြေပါမလား

348,948 လွန်ခဲ့သော ၆ လ က

တစ်ဖက်မီးခိုးရောင် (ငွေရောင်) နှင့် တစ်ဖက်အမည်း (Silver-Black Mulch) ကို အသုံးပြုတာက ပိုပြီးထိရောက်ပါတယ်။ အပေါ်ဘက်က ငွေရောင်/မီးခိုးရောင် သည် နေရောင်ခြည်ကို ပြန်ကန်စေတဲ့အတွက် ဖျက်ပိုးတွေ (အထူးသဖြင့် ပျပိုး၊ ယင်ဖြူ) ကို ခြောက်လှန့်ပေးပြီး အပင်ဆီမလာအောင် တားဆီးပေးပါတယ်။ ပေါင်းမြက်နှိမ်နင်းခြင်း: အောက်ဘက်က အမည်းရောင် သည် မြေပြင်ပေါ်ကို နေရောင်မကျအောင် ပိတ်ပင်ထားတဲ့အတွက် ပေါင်းမြက်တွေ မပေါက်နိုင်တော့ပါဘူး။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။