ပုံပါအတိုင်း ဖြစ်နေလိူ့ ဘယ်လိုဆောင်ရွက်ရပါမလဲခင်ဗျာ
ကွမ်းဆီစွန်းရောဂါလက္ခဏာပါ။ ပထမဦးဆုံးအနေနဲ့ အမိုးအကာတွေကို လျှော့ပြီး လေဝင်လေထွက်ကောင်းအောင်လုပ်ပေးပါ။ အပင်ခံနိုင်ရည်အားတက်အောင် သဘာဝမြေသြဇာထည့်ပေးပါ။ ကွမ်းခြံတွေက ရေလိုအပ်တာထက်ပိုသွင်းပြီး အမိုးအကာလုံနေတာမို့ ရောဂါပိုးတွေအတွက်နှစ်သက်တဲ့ ပတ်ဝန်းကျင်ဖြစ်နေတတ်ပါတယ်။ ဆေးအနေနဲ့ကတော့ ကောပါး+ ကာဆူမင် ဖျန်းပေးနိုင်ပါတယ်ဗျ။
ဘက်တီးရီးယားဆီစွန်းရောဂါ(Bacterial leaf spot)ကျနေတာပါခင်ဗျာ - ခြံအတွင်းသန့်ရှင်းရေးဆောင်ရွက်ပါ။ - ရောဂါရအရွက်များကို ချက်ချင်းဖျက်ဆီးပစ်ပါ။ - ရေမဝပ်စေရန် အထူးသတိပြုဆောင်ရွက်ပါ။ - ရောဂါစတင်တွေ့ လျှင်တွေ့ ခြင်း အောက်ပါ ဆေးများအား ပက်ဖျန်းအသုံးပြုပါ။ Kasugamycin (ကာစူဂါမိုင်စင်) Bismerthiazol (ဗစ်မာသီယာဇိုး) Copper oxychloride (ကော့ပါးအောက်ဆီကလိုရိုဒ်) Copper hydroxide (ကော့ပါးဟိုက်ဒရောဆိုဒ်)
ပုံရိုက်ပြီးပို့ပေးလို့ရရင် Viber//09978631606မှာ ပို့ထားပေးပါ ၊ ဒီမှာပြန်ဖြေပေးပါမယ်၊ ကျွန်တော်က Wireless wifiအသုံးပြုတာကြောင့် အစိမ်းရောင်လမ်း Appမှာပုံတွေကြည့်မရဖြစ်နေလို့ပါ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
တိုင်းစရာစက်မရှိတော့ ချဥ် ငံ ဓာတ် လိုပိုကို မသိပါ ဒါကြောင့် ထုံး ကျောက်မှုန့် နှစ်ဦးပေါင်းထည့်ရင် အစဥ်ပြေ...
ဖြေကြားချက် 3 ခု
ကွမ်းရွက်အမြစ်ပုပ်တာဘာဆေးသုံးရမလဲ အကြံပြုပေးကြပါအုံး ဆရာတို့။
ဖြေကြားချက် 1 ခု
ကွမ်းရွက် အညွန့်၁ထောင်ခြံကို အရွက်လှိုင်လှိုင်ခူးချိန်ဆိုရင် ပိဿာချိန်ဘယ်လောက်ထိထွက်နိုင်မလဲဗျ အတွေ့အကြုံရှိ...
ဖြေကြားချက် 2 ခု
ကွမ်းရွက်ကမပြန့်ပဲတွန့်နေလို့ဘာဆေးပက်သင့်ပါသလဲ
ဖြေကြားချက် 1 ခု
ကွမ်းပင်မှာ ကျရောက်သော စုပ်စားပိုး (လှေးပိုး) နှိမ်နင်းနိုင်သော ဆေးများကို ညွန်ပြပေးကြပါဦး။
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။