အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
98
လွန်ခဲ့သော ၄ လ က · မြောင်းမြ

ကွမ်းသီးပင်များရွက်ခြောက်ရသည့်အကြောင်းအရင်းများကဘာဖြစ်နိုင်လဲဗျာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၃ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အမြစ်
ပိုးမွှားရောဂါ ကွမ်းသီး

ဖြေကြားချက် ၅ ခု

348,301 လွန်ခဲ့သော ၄ လ က
ဤအဖြေဖြင့် ပြေလည်

ကွမ်းသီးပင် အရွက်အဖျားခြောက်ရခြင်းက ရေပြတ်လပ်မှုကြောင့် သော်လည်းကောင်း၊ ရေဝပ်၍ အမြစ်ပုပ်မှုကြောင့် သော်လည်းကောင်း အရွက်ဖျားများ စတင်ခြောက်လာတတ်တယ်။ အာဟာရဓာတ် လိုအပ်ခြင်း ကြောင့်လည်းအဖျားခြောက်ပါတယ်။ အထူးသဖြင့် ပိုတက်ဆီယမ် (Potassium) ချို့တဲ့ပါက အရွက်ဟောင်းများ၏ အဖျားနှင့် အနားသတ်များ သိသိသာသာ ခြောက်လာတတ်ပါတယ်။မှိုရောဂါကျရောက်ခြင်းကြောင့် အရွက်ပေါ်တွင် အကွက်များဖြစ်ပြီး အဖျားမှစ၍ တစ်ရွက်လုံး ခြောက်သွားနိုင်ပါတယ်။နေရောင်ခြည် အလွန်ပြင်းခြင်း (နေလောင်ခြင်း) သို့မဟုတ် မြေဆီလွှာတွင် ဆားဓာတ်များခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ရေသွင်းရေထုတ် မှန်ကန်ပါစေ၊ ပိုတက်ဆီယမ်ပါဝင်သော မြေသြဇာ ကျွေးပေးပါ၊ ရောဂါလက္ခဏာတွေ့ပါက သင့်တော်သော မှိုသတ်ဆေး ကို အသုံးပြုပါ။

348,301 လွန်ခဲ့သော ၄ လ က

ရောဂါကြောင့်ဖြစ်တယ်လို့ထင်မိ၍မှိုရောဂါကာကွယ်ဆေးဖျန်းချင်ပါက Mancozebပါဝင်သောမှိုသတ်ဆေးဖြင့်ပက်ဖျန်းကာကွယ်နိုင်ပါသည်။

98 လွန်ခဲ့သော ၄ လ က

ဘယ်လိုဆေးသုံးစွဲရမလဲ

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၄ လ က

အရွက်အဖျားခြောက်တာက၊အမြစ်မှာပြဿနာရှိနေလို့ဖြစ်နိုင်တယ်။ရေများခြင်း၊နည်းခြင်း၊စသဖြင့်

228 လွန်ခဲ့သော ၄ လ က

ပိုးမွှားရောဂါ

You

ဆက်စပ်မေးခွန်းများ

သဲဆန်သောမြေမှာ အခုရာသီ ဘာပင်တွေစိုက်ပျိုးရမလဲခင်ဗျ

ဖြေကြားချက် 1 ခု

ကွမ်းသီးပင် အသစ်စိုက်ရင် Npk 15 ပတ်လည် ထည့်ကျွေးဖို့လိုလား။အပင်ကြီးထွားနှုန်းမြန်ဖို့ ဘာတွေလိုအပ်မလဲ။ဘယ်လိုပြု...

ဖြေကြားချက် 1 ခု

ပေါင်းနှိမ်နှင်းချင်လို့ပါစိကတော့ကျူပင်နဲ့သက်ကယ်ရယ်ဝါးပင်တွေက်ုဘယ်လိုနှိမ်နငင်းရမလဲဗျအအရွက်ချွန်မျိုးပါ

ဖြေကြားချက် 2 ခု

ကွမ်းသီပင်တွေက အလုံးသိပ့်မတောင့်ပဲအဖျားရှူးနေတယ်ဗျ...၃နှစ်သားအပင်ပျိုပါ ခုတော့မြေနုတင်ပြီး ကောက်ရိုးအုပ်ထားပါ...

ဖြေကြားချက် 3 ခု

ပုံမှာပြထားတဲ့အတိုင်း.... ကွမ်းသီပင်တွေက အလုံးသိပ့်မတောင့်ပဲအဖျားရှူးနေတယ်ဗျ...၃နှစ်သားအပင်ပျိုပါ ခုတော့မြေနု...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။