အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
128
လွန်ခဲ့သော ၄ လ က · ဘားအံ

ကင်မွန်းချင်ပင် နဲ့ဆူးပုတ်ကြီး စိုက်ချင်ပါတယ် ဘယ်လိုစစိုက်ရမလဲးဗျ ခြံအကြယ်က 40*60ရှီ့ပါတယ် အပင်အရေတွတ်ဘယ်လောက်...

ကင်မွန်းချင်ပင် နဲ့ဆူးပုတ်ကြီး စိုက်ချင်ပါတယ် ဘယ်လိုစစိုက်ရမလဲးဗျ ခြံအကြယ်က 40*60ရှီ့ပါတယ် အပင်အရေတွတ်ဘယ်လောက်ဆန့်မလဲဗျ ဘယ်နစ်ပေကို ဘယ်နစ်ပင်စိုက်ရမလဲးဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
စိုက်ပျိုး ဗဟုသုတ ကင်းပွန်းချဉ်

ဖြေကြားချက် ၁ ခု

3,589 လွန်ခဲ့သော ၄ လ က

အပင်အရေအတွက် တွက်နည်းကတော့ လွယ်ကူပါတယ်။ ပထမဦးဆုံး မြေအကျယ်ကို အရင်တွက်ပါ။ ၄၀*၆၀ ပေ ဖြစ်တဲ့အတွက် ၂၄၀၀ စတုရန်းပေရှိပါတယ်။ ကင်ပွန်းချဉ်ရဲ့ ပင်ကြားတန်းကြားက ၆ ပေ x ၃ ပေ စိုက်သင့်ပါတယ်။ ဝင်ဆန့်တဲ့အပင်အရေအတွက် တွက်ဖို့အတွက် ဧရိယာကို ပင်ကြားတန်းကြား မြှောက်ထားတဲ့ ပမာဏနဲ့ စားလိုက်ပါ။ ၄၀*၆၀ ပေအကျယ် ၂၄၀၀ စတုရန်းပေကို ပင်ကြားတန်းကြား ၆*၃ က ၁၈ စတုရန်းပေနဲ့ စားလိုက်ရင် ၁၃၃ ရပါတယ်။ ဒါက အများဆုံးပမာဏဖြစ်ပြီး တစ်ခါတစ်လေမှာ နေရာချထားပုံတွေကြောင့် လျှော့နည်းနိုင်ပါတယ်။ အနည်းဆုံး အပင် ၁၂၀ လောက်တော့ ပြောလို့ရပါတယ်။ စိုက်ပျိုးနည်းတွေကတော့ ခေါင်းစဉ်နှိပ်ပြီး လေ့လာနိုင်ပါတယ်ဗျ။ ကင်ပွန်းချဉ် စိုက်ပျိုးနည်း ၊ ဆူးပုပ်ပင် စိုက်ပျိုးနည်း

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။