အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,589
လွန်ခဲ့သော ၄ လ က · မင်းတုန်း

မြေချဥ်ကို ဆားကြမ်းသုံးလို့အဆင်ပြေနိုင်လား

မြေဆီလွှာ ခဝဲသီး

ဖြေကြားချက် ၂ ခု

348,301 လွန်ခဲ့သော ၄ လ က

မြေချဉ်ခြင်းကို ပြုပြင်ရန်အတွက် ဆားကြမ်းကို လုံးဝအသုံးမပြုသင့်ပါဘူး။ အစားအစာချဉ်လျှင် ဆားထည့်၍ အရသာညှိသကဲ့သို့ မြေဆီလွှာတွင် ပြုလုပ်၍မရဘဲ ဆားကြမ်းအသုံးပြုခြင်းက မြေဆီလွှာကို ပျက်စီးခြင်းဖြစ်စေတတ်ပါတယ်။ ဆားကြမ်းတွင်ပါဝင်သော ဆိုဒီယံကလိုရိုဒ်သည် မြေသားတည်ဆောက်ပုံကို ပျက်စီးစေပြီး မြေကြီးကို ကျပ်သွားစေသည်။ဆားဓာတ်များခြင်းကြောင့် အပင်များ ရေနှင့် အာဟာရဓာတ် စုပ်ယူမှုကို အဟန့်အတားဖြစ်စေကာ အပင်များ ညှိုးနွမ်းသေဆုံးနိုင်ပါသည်။ဆားကြမ်းကို စိုက်ပျိုးရေးတွင် ပေါင်းမြက်သတ်ရန်သာ အသုံးပြုလေ့ရှိပြီး၊ အလွန်အကျွံသုံးပါက မည်သည့်အပင်မျှ စိုက်ပျိုး၍မရသော မြေသေ ဖြစ်သွားနိုင်ပါသည်။ မြေချဉ်ခြင်းကို ပြုပြင်ရန်အတွက် စိုက်ပျိုးရေးသုံးထုံး သို့မဟုတ် ဒိုလိုမိုက် (Dolomite)ကမြေချဉ်ခြင်းကို ပြုပြင်ရန် အထိရောက်ဆုံးနှင့် အသုံးအများဆုံး နည်းလမ်းဖြစ်သည်။သဘာဝမြေဩဇာဖြစ်သည့်သစ်ရွက်ဆွေး၊ နွားချေးနှင့် မြေဆွေးများ ထည့်သွင်းခြင်းဖြင့် မြေဆီလွှာကို ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။ မြေချဉ်ခြင်းကို မပြုပြင်မီ မိမိစိုက်ခင်းရှိ မြေဆီလွှာ၏ pH ပမာဏ ကို အရင်စစ်ဆေးရန် လိုပါတယ်ခင်ဗျာ။

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၄ လ က

မြေချဉ်ငံပြုပြင်တဲ့နေရာမှာတော့၊ချဉ်ရင်ထုံး၊ငံရင်ကန့် လို့ပဲရှိပါတယ်။ချဉ်ရင်ဆားထည့်လို့မရပါဘူးနော်၊မြေပျက်တတ်တယ်။

You

ဆက်စပ်မေးခွန်းများ

ဆရာတို့ခင်ဗျာ..ကျွန်တော်စိုက်ပျိုးထားတဲ့ခဝဲ...ပုံမှာပြထားတဲ့အတိုင်းဖြစ်နေတယ်..ဘယ်လိုပြုပြင်ရမလဲပြောပေးပါဦး

ဖြေကြားချက် 4 ခု

ကျွန်တော်တို့ရှမ်းပြည်မြောက်ပိုင်းမှာ လာမယ့်တပေါင်းလ ခဝဲစိုက်လို့ရမလားဗျ ပြောပြပေးပါအုံး

ဖြေကြားချက် 1 ခု

ကျွန်တောိတို့ ရှမ်းပြည်မြောက်ပိုင်းမှာ အခု တပေါင်းလမှာ ခဝဲစိုက်လို့ရဘားဗျ။

ဖြေကြားချက် 1 ခု

ဆရာတို့ခင်ဗျာ.. ကျွန်တော်ခဝဲသီး ပုံမှာပြထားတဲ့အတိုင်းဖြစ်နေလို့ပါ..ဘာဖြစ်တာလဲသိချင်ပါတယ်

ဖြေကြားချက် 2 ခု

omegaသစ်စေ့တွေမစိုက်ဖူးလို့ မာလာမြိုင်ကထုတ်တယ်ပြောကြလို့ မျိုးကောင်းလားမကောင်းလား စိုက်တဲ့ဆရာများအလင်းပြပါခင်...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။