အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
19
လွန်ခဲ့သော ၄ လ က · မအူပင်

ရုံးပတီ ကို တစ်နေရာထဲ သီးထပ်စိုက်လို့ အဆင်ပြေမလား အရင်က ရုံပတီးအခင်းနေရာ စပါးစိုက်တာ အဲ့နေရာကစပါး အပင်မသန်လို့...

ရုံးပတီ ကို တစ်နေရာထဲ သီးထပ်စိုက်လို့ အဆင်ပြေမလား အရင်က ရုံပတီးအခင်းနေရာ စပါးစိုက်တာ အဲ့နေရာကစပါး အပင်မသန်လို့ မြေပြင်သင့်လား

မြေဆီလွှာ ရုံးပတီ

ဖြေကြားချက် ၂ ခု

348,301 လွန်ခဲ့သော ၄ လ က

ရုံးပတီသီးကို တစ်နေရာတည်းမှာ ဆက်တိုက်စိုက်ပျိုးခြင်း ဟာ ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။ အကြောင်းရင်းကတော့ ရုံးပတီပင်ဟာ မြေကြီးထဲက တူညီတဲ့ အာဟာရဓာတ်တွေကိုပဲ ထပ်ခါတလဲလဲ စုပ်ယူတဲ့အတွက် မြေဆီလွှာရဲ့ အရည်အသွေး ကျဆင်းလာပါလိမ့်မယ်။ပိုးမွှားနှင့် ရောဂါကျရောက်မှုနောက်တစ်ကြိမ် စိုက်တဲ့အခါ အပင်ကို ပိုမိုပြင်းထန်စွာ တိုက်ခိုက်နိုင်ပါတယ်။ စပါးပင် မသန်ရတဲ့ အဓိကအချက်တွေကတော့ မြေဆီလွှာပျက်နေလို့ဖြစ်ပါလိမ့်မယ်။ မြေကို သေချာပေါက် ပြန်လည်ပြုပြင်သင့်ပါတယ်ခင်ဗျာ။ မြေကို အနားပေးပြီး ပဲမျိုးစုံ တစ်ရာသီစိုက်ပါ၊ ပြီးမှ သဘာဝမြေဩဇာထည့်ပြီး စနစ်တကျ ပြန်စိုက်ရင်တော့ အပင်တွေ ပြန်လည်သန်စွမ်းလာမှာ ဖြစ်ပါတယ်ခင်ဗျာ။မြေအောက်က အာဟာရတွေ အပေါ်ကို ပြန်ရောက်လာအောင် မြေကို နက်နက်တူးဆွပေးပြီး နေလှန်းပေးခြင်းဖြင့် မြေအောင်းရောဂါပိုးတွေကို ဖယ်ရှားပါ။

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၄ လ က

အရင်စိုက်ခင်းတွေရောဂါကျရောက်မှုမရှိခဲ့ဘူးဆိုရင်တော့ စိုက်လို့ရပါတယ်။ သီးနှံကို တစ်မျိုးတည်းမဟုတ်ဘဲ အခြားသီးနှံတွေနဲ့ အလှည့်ကျ သီးလှည့်စိုက်ပျိုးတာ ကောင်းပါတယ်ဗျ။ မြေကြီးကတော့ သေချာပြင်ဆင်သင့်ပါတယ်။ သဘာဝမြေသြဇာ ဇီဝမြေသြဇာထည့်သွင်းပြီး ပြန်အသက်သွင်းပေးပါ။ နောက် မြေချဉ်ငန်ဓာတ်ကို သေချာစစ်ဆေးပါ။ တစ်ခါတစ်လေမှာ အဟာရရှိနေပေမယ့် အပင်က စုပ်ယူလို့မရတာ မြေချဉ်ငန်ဓာတ် မကိုက်လို့ပါဗျ။ https://www.youtube.com/watch?v=STGMnu1r4to

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။