ဒီမင်း ပေါင်းသတ်ဆေးနဲ့ပေါင်းသတ်ထားတာ အပင်ကြီးသွားလို့လားမသိ မသေလို့ ဘယ်ပေါင်းသတ်ဆေး သုံးရင်အဆင်ပြေမလဲ လမ်း...
ဒီမင်း ပေါင်းသတ်ဆေးနဲ့ပေါင်းသတ်ထားတာ အပင်ကြီးသွားလို့လားမသိ မသေလို့ ဘယ်ပေါင်းသတ်ဆေး သုံးရင်အဆင်ပြေမလဲ လမ်းညွှန်ပါအုန်းရှင့်
ဒီမင်း ပေါင်းသတ်ဆေးနဲ့ပေါင်းသတ်ထားတာ အပင်ကြီးသွားလို့လားမသိ မသေလို့ ဘယ်ပေါင်းသတ်ဆေး သုံးရင်အဆင်ပြေမလဲ လမ်းညွှန်ပါအုန်းရှင့်
ဘာမှ မသုံးရသေးပါဘူးရှင့်
နောက်နှစ်မှ သေချာဂရုစိုက်ပြင်ဆင်သင့်ပါတယ်၊ ပေါင်းပင်တွေဒီအချိန်မှ လူဖြင့်နှုတ်မယ်ဆိုရင် ကုန်ကျစရိတ်အရမ်းများသွားပါလိမ့်မယ်။ စပါးအထွက်တိုးအောင်ကတော့ အစတည်းကဂရုစိုက်ခဲ့မှဖြစ်မှာပါ၊ယေဘုယျအကြံပြုရရင်တော့စပါးအနှံထွက်စုံချိန် အသီးအစေ့အဆန်အောင်ဖို့ P,Kအချိုးများအားဆေးဖျန်းပေးသင့်ပါတယ်၊အခုက စပါးကဘယ်အရွယ်ရှိနေပြီလဲဗျ၊ဘာမြေဩဇာတွေ အသုံးပြုထားပြီးပြီလဲ
ဟုတ်ကဲ့ ပေါင်းပင်ကိုနုတ်ပစ်ပြီး အသီးအထွက်တိုးအောင် ဘာဆေးသုံးရမလဲ အကြံပေးပါအုန်းရှင့် အခုမှ စပါးစလုပ်ရမှာမို့ပါ,
ပုံပါစပါးခင်းမှာက ပေါင်းများလွန်းပြီး အပင်ကြီးနေသည်ကို တွေ့ရပါတယ်။ပေါင်းပင်အရွယ်အစားအရမ်းကြီးသွားပါပြီခင်ဗျာ၊ စပါးစိုက်ပျိုးပြီး ၂၂ရက်မှာ ၃၀ရက် အတွင်း ဒီမင်း (2,4-D)ပေါင်းသတ်ဆေးကိုအသုံးပြုနိုင်မှ ထိရောက်မှာပါခင်ဗျာ။ ဒီမင်း (2,4-D) သည် မုန်ညင်းအုပ်စု ပေါင်းများနှင့် ရွက်ပြန့်ပေါင်းအချို့ကိုသာ သတ်နိုင်သော ဆေးအမျိုးအစားဖြစ်ပါတယ်။ ပေါင်းပင်သက်တမ်း ရင့်သွားချိန်တွင် ပေါင်းပင်မသေတော့တာမျိုးဖြစ်နိုင်ပါတယ်။လယ်ထဲတွင် ပေါင်းပင်အရမ်းကြီးပြီး ရင့်နေပါက ပေါင်းသတ်ဆေးတစ်ခုတည်းနှင့် မလုံလောက်နိုင်ပါ။ ဆေးဖျန်းပြီးနောက် မသေသော ပေါင်းပင်များကို လက်ဖြင့် နုတ်ပစ်ခြင်း (သို့မဟုတ်) ကြားပေါင်းလိုက်ခြင်း ကို ပေါင်းစပ်ဆောင်ရွက်ပေးမှသာ စပါးအထွက်နှုန်း မထိခိုက်အောင် ကာကွယ်နိုင်ပါမယ်ခင်ဗျာ။စပါးပင်ကိုမမြင်ရသည်အထိပေါင်းပင်က ဖုံးလွှမ်းနေပြီဖြစ်တာမို့ ပေါင်းပင်ကြောင့် ထိခိုက်ဆုံးရှုံးမည့် အထွက်နှုန်းက ဆုံးရှုံးပြီးဖြစ်တာမို့ အခုမှတော့ ပေါင်းသတ်ဆေးမသုံးသင့်တော့ပါဘူးခင်ဗျာ။
ဟုတ်ကဲ့ ကျေးဇူးပါရှင့်
ပေါင်းသတ်ဆေးဖျန်းချိန် နောက်ကျလွန်းနေပါပြီ။ဒီေပါင်းပင်အရွယ်မှာ ဘယ်ပေါင်းသတ်ဆေးမှမရတော့ပါဘူးကွယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မိုးခေါင်ဒေသမှာ စပါးကို ဘယ်လိုစိုက်ပျိုးသင့်လဲဗျ
ဖြေကြားချက် 2 ခု
ရက်120စပါးမျိုးကို စိုက်ပျိုးရန် အကောင်းဆုံးက ဘယ်လပိုင်းလဲ....
ဖြေကြားချက် 1 ခု
ရွှေဝါထွန်းစပါး အနှံပြနေပါပြီ မြေဩဇာနောက်ဆုံးအကြိမ်အနေနဲ့ ဘာမြေဩဇာအမျိုးအစားနဲ့ ဘယ်လောက်နှုန်းကျွေးသင့်ပါလဲ
ဖြေကြားချက် 1 ခု
အရွက်တွေဝါပီး ပိုးကြနေလို့ဘာသုံးသင့်လဲ ဘာတွေလုက်သင့်လဲ
ဖြေကြားချက် 1 ခု
မိုးစပါးပျိုးထောင်ရန်အသင့်တော်ဆုံး အချိန်နှင့် မြေပြုပြင်ရန် ဓာက်မြေဩဇာကျွေးရန် သင့်တော်သောအချိုးအစား မျှဝေပေး...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။