အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
188
လွန်ခဲ့သော ၄ လ က · မြောင်းမြ

ပုံမှာပြထားတဲ့အတိုင်း.... ကွမ်းသီပင်တွေက အလုံးသိပ့်မတောင့်ပဲအဖျားရှူးနေတယ်ဗျ...၃နှစ်သားအပင်ပျိုပါ ခုတော့မြေနု...

ပုံမှာပြထားတဲ့အတိုင်း.... ကွမ်းသီပင်တွေက အလုံးသိပ့်မတောင့်ပဲအဖျားရှူးနေတယ်ဗျ...၃နှစ်သားအပင်ပျိုပါ ခုတော့မြေနုတင်ပြီး ကောက်ရိုးအုပ်ထားပါတယ် အလုံးထွားပြီအပင်တောင့်ပို့မြေသြဇာကျွေးရန်လိုပါသေးလားဗျာ မည်သည့်မြေသြဇာကျွေးရန်လိုပါသလဲ

အပင်အာဟာရ ကွမ်းသီး
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

348,948 လွန်ခဲ့သော ၄ လ က
ဤအဖြေဖြင့် ပြေလည်

အသက် ၃ နှစ်သား ကွမ်းသီးပင်ပျိုများသည် အမြစ်ဆင်းပြီး ကြီးထွားနှုန်း ကောင်းမွန်စေရန်အတွက် မြေဩဇာ ပုံမှန်ကျွေးရန် မလွဲမသွေ လိုအပ်ပါတယ်။ အပင်ကြီးနှုန်းထားအတိုင်း တစ်ပင်လျှင် တစ်နှစ်စာအတွက် နွားချေးဆွေး ၁၂ ကီလိုဂရမ်၊ ယူရီးယား ၂၂၀ ဂရမ်၊ တီစူပါ ၂၀၀ ဂရမ်နှင့် ပိုတက်ရှ် ၂၃၅ ဂရမ်ကို စနစ်တကျ ကျွေးပေးရပါမယ်။ ၎င်းမြေဩဇာများကို မိုးဦး (မေ/ဇွန်) တွင် သုံးပုံတစ်ပုံ၊ မိုးနှောင်း (စက်တင်ဘာ/အောက်တိုဘာ) တွင် သုံးပုံနှစ်ပုံ ခွဲ၍ ကျွေးသင့်ပြီး၊ အပင်ခြေမှ ၁ ပေခွဲအကွာတွင် ၆ လက်မအနက်ရှိ စက်ဝိုင်းပုံမြောင်းတူး၍ ထည့်ရပါမည်။ မြေဩဇာထည့်ပြီးနောက် လေလွင့်မှုမရှိစေရန် မြေပြန်ဖုံးရမည်ဖြစ်ပြီး၊ ပုံပါအတိုင်း ကောက်ရိုးအုပ်ပေးခြင်းသည် အစိုဓာတ်ထိန်းရန် အလွန်ထိရောက်သော နည်းလမ်းကောင်း ဖြစ်ပါတယ်ခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။