အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
188
လွန်ခဲ့သော ၃ လ က · မြောင်းမြ

ဆရာတို့ခမျာ ကွမ်းသီပင်တွေကပုံပါအတိုင်းဖြစ်နေလို့ပါ ရောဂါလား(သို့မဟုတ်)ဘာကြောင့်ပါလဲခမျာ ဘယ်လိုပြန်ကောင်းအောင်...

ဆရာတို့ခမျာ ကွမ်းသီပင်တွေကပုံပါအတိုင်းဖြစ်နေလို့ပါ ရောဂါလား(သို့မဟုတ်)ဘာကြောင့်ပါလဲခမျာ ဘယ်လိုပြန်ကောင်းအောင်လုပ်လို့ရမလဲ...အခြားအပင်တွေထပ်မဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲခမျာ...ကူညီပါအုံးခမျာ

ပိုးမွှားရောဂါ ကွမ်းသီး
Post image
Post image
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

348,948 လွန်ခဲ့သော ၃ လ က

ပုံပါ ကွမ်းသီးပင်စည်တွင် ဖြစ်ပွားနေသော လက္ခဏာမှာ မှိုပိုးကြောင့် ဖြစ်တတ်သည့် "ပင်စည်ခြေပုပ် ရောဂါ"ဖြစ်ပါတယ်။ ဤရောဂါသည် အပင်ခြေရေဝပ်ခြင်း၊ ပင်စည်ဒဏ်ရာရခြင်းနှင့် ပိုတက်စီယမ်ဓာတ် နည်းပါးခြင်းတို့ကြောင့် အဖြစ်များပါသည်။ ကုသရန်အတွက် ရောဂါရနေသော အမည်းရောင်အသားမျှင်များကို အသားကောင်းပေါ်သည်အထိ ဓားဖြင့်ခြစ်ထုတ်ပြီး၊ ထိုဒဏ်ရာကို ဘော်ဒိုဆေးရည် (သို့မဟုတ်) မှိုသတ်ဆေး ပျစ်ပျစ်သုတ်ပေးကာ ဆေးခြောက်လျှင် ကတ္တရာစေး ထပ်မံသုတ်ပေးရပါမယ်။ အခြားအပင်များသို့ မကူးစက်စေရန် စိုက်ခင်းအတွင်း ရေနုတ်မြောင်းစနစ်ကောင်းမွန်အောင် ပြုလုပ်ခြင်း၊ အပင်ခြေကို မှိုသတ်ဆေးရည် လောင်းပေးခြင်းနှင့် ထရိုင်ကိုဒါးမား (Trichoderma) အကျိုးပြုမှိုကို သဘာဝမြေဩဇာနှင့်ရော၍ ကျွေးပေးခြင်းတို့ကို ဆောင်ရွက်ရပါမယ်ခင်ဗျာ။

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ လ က

stem rot disease ပင်စည်ပုပ်ရောဂါပါပဲ။ ဖြစ်ရတဲ့အကြောင်းကတော့၊မိုးများခြင်း၊ဒဏ်ရာပေ့ါ်ကို မိုးရေမှတဆင့် phytopthora. ရောဂါရစေခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ ဒဏ်ရာပေါ်က ရောဂါရအစိတ်အပိုင်းတွေကို ဓားပါးဖြင့်ခြစ်ပါ။သန့်ရှင်းပါ။ပြီးရင် မက်တလက်ဇီး နဆ+မန်ကိူဇင်၄ဆကို ရေရောပြီး၊ပျစ်ပျစ်ဖျော်ပါ။ဒဏ်ရာနေရာငကို ဆေးသုတ်ပေးပါ။

You

ဆက်စပ်မေးခွန်းများ

မြေဆီလွှာ အမျိုးအစားက လယ်မြေရွှံ့စေးပါ... ကွမ်းသီးစိုက်ချင်ပါတယ်ခင်ဗျ...ပြုပြင်ရမဲ့ ပုံစံအနေအထားရယ်...လိုအပ်...

ဖြေကြားချက် 2 ခု

ပုံမှာပြထားတဲ့အတိုင်း.... ကွမ်းသီပင်တွေက အလုံးသိပ့်မတောင့်ပဲအဖျားရှူးနေတယ်ဗျ...၃နှစ်သားအပင်ပျိုပါ ခုတော့မြေနု...

ဖြေကြားချက် 1 ခု

ကွမ်းသီပင်တွေက အလုံးသိပ့်မတောင့်ပဲအဖျားရှူးနေတယ်ဗျ...၃နှစ်သားအပင်ပျိုပါ ခုတော့မြေနုတင်ပြီး ကောက်ရိုးအုပ်ထားပါ...

ဖြေကြားချက် 3 ခု

ကွမ်းသီးအပင်ကိုအရိုးမှုန်ကျွေးရင်ဘယ်လိုကျွေးရပါသလဲ ဘယ်လိုအကျိုးကျေးဇူးတွေရရှိမှာလဲ

ဖြေကြားချက် 1 ခု

ဆရာတို့ပြောသလိုမြေသြဇာကျွေးမယ်ဆိုပြန်တော့ TSPဝယ်မရတာကြောင့်ဒီလိုလေးရောစပ်ကျွေးလို့အဆင်ပြေမလားခမျာ (၃)နှစ်သားအ...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။