စပါးအခြောက်ကြဲခင်းထဲ ပုံပါမြက်တွေပေါနေလို့ မြက်နာမည်ဘယ်လိုခေါ်ပါသလဲ ဘယ်ပေါင်းသတ်ဆေးသုံးသင့်ပါသလဲ ဆရာတို့
သက်တမ်း ၁၆ ရက်ရှိ စပါးခင်းတွင် ရွှေနဂါးပေါင်းဝေးဆေးကို အသုံးပြု၍ မြေဇာမြက်ကို နှိမ်နင်းနိုင်ပါတယ်။ ဆေးတွင်ပါဝင်သော Fenoxaprop-P-ethyl သည် မြေဇာမြက်နုစဉ်တွင် ထိရောက်မှုရှိသော်လည်း မြေဇာမြက်၏ မြေအောက်ပင်စည်အထိ ဥဿုံသေစေရန် ခဲယဉ်းသဖြင့် နည်းစနစ်မှန်ရန် လိုအပ်ပါတယ်။ အောင်မြင်ရန်အတွက် မြေကြီး ဗွက်ထနေချိန် (ရေထုတ်ပြီးချိန်) တွင် ဖျန်းရပါမည်။ ဆေးဖျန်းပြီး ၂ ရက်အကြာတွင် ရေပြန်သွင်းကာ ၃ လက်မခန့် ရေအနက်ကို ၁ ပတ်ထက်မနည်း လှောင်ထားခြင်းဖြင့် မြေဇာမြက် ပြန်မထနိုင်အောင် ဖိနှိပ်ထားနိုင်ရပါမည်။ ဆေးဖျန်းပြီး စပါးရွက်ဖျားများ ခေတ္တဝါနိုင်သော်လည်း ၁ ပတ်အတွင်း ပြန်ကောင်းလာပါလိမ့်မယ်ခင်ဗျာ။
ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
စပါးပင်16ရက်သားတော့ရှိပြီ ကျဲပြီးမိုးမိတော့မြက်မသေဘဲခုလိုဖြစ်လာတာပါ ရွှေနဂါးပေါင်းဝေး နဲ့အဆင်ပြေလောက်လားဆရာပြောတဲ့ဆေးတွေကရှိမရှိမသေချာလို့ပါ
ပုံပါမြက်သည် နှစ်ရှည်ခံမြေလျှောက်မြက်အုပ်စုဝင်ဖြစ်ပါတယ်။ ၎င်းကို ကာကွယ်ရန် စပါးမစိုက်ပျိုးမီ နွေထယ်ရေးနက်နက်လှန်၍ နေလှန်းအခြောက်ခံခြင်း၊ စိုက်ခင်းအတွင်း ရေကို ၅-၁၀ စင်တီမီတာခန့် တောက်လျှောက်လှောင်ပိတ်၍ ကြီးထွားမှုဖိနှိပ်ခြင်းနှင့် သီးနှံလဲလှယ်စိုက်ပျိုးခြင်း စသည့် စိုက်ပျိုးရေးနည်းစနစ်များကို ပေါင်းစပ်လုပ်ဆောင်ရပါမယ်။ ဓာတုဆေးဖြင့် နှိမ်နင်းရာတွင် စပါးမစိုက်မီ ပေါက်နေသောမြက်များကို Glyphosate ပင်လုံးပြန့်ဆေးဖြင့် ကြိုတင်သတ်နိုင်ပြီး၊ စပါးပင်ပေါက်ပြီးနောက် မြက်ရွက် ၂-၄ ရွက်အဆင့်တွင်မူ စပါးမထိခိုက်ဘဲ မြက်သတ်နိုင်သော Cyhalofop-butyl သို့မဟုတ် Fenoxaprop-p-ethyl သို့မဟုတ် Bispyribac-sodium ရွေးချယ်ပေါင်းသတ်ဆေးများကို ဆေးညွှန်းပါအတိုင်း တိကျစွာ ပက်ဖျန်းနှိမ်နင်းနိုင်ပါတယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
ဒီဆေးကို တောင်ငူမြိူ့က ဘယ်ဆေးဆိုင်မှာဝယ်လို့ရလဲခင်ဗျ လမ်းညွှန်ပေးပါဦးခင်ဗျ
ဖြေကြားချက် 3 ခု
တက်ပွတ်အရိုးစိမ်းမြတ်ကိုဘာဆေးသုံးရမလဲ
ဖြေကြားချက် 2 ခု
တက်ပွတ်မြက်ကိုဘာဆေးသုံးရမလဲ
ဖြေကြားချက် 1 ခု
အားလုံးမင်္ဂလာပါ ခင်ဗျ ဒီနှစ်နွေစပါးစျေးက မိုးစပါးစျေးလောက်လာနိုင်လားခင်ဗျား ဥပမာ ထိုင်းဘေခြားစပါး နယူဝမ်း ရက်...
ဖြေကြားချက် 1 ခု
ဗျော့ထွန်းမျိုးစပါးက ရာသီစပါးလား သက်တမ်းစပါးလား
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။