ဖြေကြားချက် ၂ ခု
ကျေးဇူးပါခင်ဗျား
အပင်တနှစ်သားအထိ မြေဆီသြဇာကို သုံးလ တကြိမ်ကျွေးပါ။ တစ်နှစ်ထက်ပိုသော အပင်များကို ဆောင်းရာသီကုန်ခါနီး သို့မဟုတ် နွေဦး အစောပိုင်းတွင် နိုက်ထရိုဂျင် ပါဝင်မှု့များသော မြေသြဇာကျွေးခြင်းက ပိုမိုထိရောက်သော မြေဆီသြဇာ ကျွေးနည်း ဖြစ်သည်။ ယေဘုယအားဖြင့် နှစ်လတကြိမ် မြေသြဇာ ပမာဏ အနည်းငယ်ကို အသီးကင်း မဝင်သေးသည့် အချိန်ထိ ပုံမှန် ထည့်ပေးခြင်းကိုလည်း ပြုလုပ်နိုင်သည်။ အသီးမသီးမှီ အပင်ပိုင်း ကြီးထွားမှု ဖြစ်နေစဉ်အတွင်း တနှစ်လျှင် မြေသြဇာ နှစ်ပိသာ မှ သုံးပိသာ အထိ ကျွေးပေးရန် လိုအပ်သည်။ အပွင့်ပွင့်နေသော အချိန်တွင် မြေသြဇာ မကျွေးရပါ။ ကျွေးလိုလျှင် အသီးကင်း ဝင်ပြီးသောအခါမှသာ ကျွေးသင့်သည်။ နိုက်ထရိုဂျင်သည် အပင်ပိုင်းဆိုင်ရာ ကြီးထွားမှု့ကို အားပေးသဖြင့် အအေးဓာတ် ခံနိုင်မှု၊ အသီး အရွယ်အစားနှင့် အထွက်နှုန်းပေါ်တွင် များစွာ လွှမ်းမိုးမှု့ ရှိသည်။ မြေအမျိုးအစားပေါ် မူတည်၍ မြေသြဇာ အမျိုးအစားလည်း ကွဲပြားခြားနားမှု ရှိသည်။ အရွက်ပေါ်တွင် အဝါရောင်ပျောက်များ ဖြစ်ပေါ်ခြင်းသည် အနည်းလို အာဟာရဓာတ် ဖြစ်သော အိုင်းယွန်းချို့တဲ့မှု့ကို ပြသော လက္ခဏာဖြစ်ပြီး အနည်းလို အာဟာရဓာတ်ကို ရွက်ဖြန်းဆေး အသုံးပြု၍ ဖြည့်တင်းပေးနိုင်သည်။ နှစ်သက်တမ်းရင့်သော အပင်များတွင် ဇင့်ဓာတ် ချို့တဲ့မှု့ မကြာခဏ ဖြစ်ပေါ်တတ်သည်။ credit_Green Way
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ထောပတ်ပင်အာပာာရအကြောင်းလေးပြောပေပါအုံး
ဖြေကြားချက် 2 ခု
ဆပ်ပြာ ၂ဇွန်းနှင့် သဘာဝပိုးသက်ဆေး ပြုလုပ်ရထားသည့် ဆေးအား ဖြန်းရမည့်ပမာဏအား ရှင်းပြပေးပါရန်နှင့်...
ဖြေကြားချက် 2 ခု
မြေနေရာနှင့်ရာသီဥတုရွေးသလားသိချင်လို့ပါ
ဖြေကြားချက် 2 ခု
ထောပတ်သီး ရဲ့ ၂၀၁၉ ခုနှစ်အတွင်း ဈေးနှုန်းလေးသိချင်ပါသည်။
ဖြေကြားချက် 0 ခု
ငါးအမိုင်နိုအက်စစ်(FAA) နှင့် အီးအမ်ဖိုက်(EM-5) ဖျော်ရည် ရောစပ်ပြီး ထောပတ်ပင်အား ဖျန်းပတ်လို့ ရပါသလားခင်ဗျာ ရ...
ဖြေကြားချက် 2 ခု