အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
75
လွန်ခဲ့သော ၃ လ က · ရန်ကင်း

ငှက်ပျောသီး, ပိန္နဲသီး, ပိန်းဥ, ကန်စွန်းဥ, ရွှေဖရုံသီး, သရက်သီး ဒီသီးနှံတွေရဲ့ ရာသီစထွက်ချိန်, အပေါဆုံး/အထွက်...

ငှက်ပျောသီး, ပိန္နဲသီး, ပိန်းဥ, ကန်စွန်းဥ, ရွှေဖရုံသီး, သရက်သီး ဒီသီးနှံတွေရဲ့ ရာသီစထွက်ချိန်, အပေါဆုံး/အထွက်ဆုံး, ရာသီကုန်ချိန် သိချင်လို့ပါ။

စိုက်ပျိုး ဗဟုသုတ ပိန္နဲ
3

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 218,453 လွန်ခဲ့သော ၃ လ က

ရခိုင်နဲ့ဖီးကြမ်းတို့ကမြေပြန့် ပူနွေးစွတ်စိုတဲ့ဒေသတွေမှာစိုက်တာများတော့တစ်ပတ်လုံးလိုညောင်တုံး ကျုံပျော်ကျောင်းကုန်းဟင်းသတတို့လိုဒေသတွေမှာစိုက်လို့နှစ်ပေါက်လိုထွက်တယ်မိုးလယ်ဇူလိုင်လခန့်မှာတော့အမျုးဆုံးထွက်တယ်သီးမွှေးလိုငှက်ပျောကအအေးကြိုက်တော့မိုးကုန်စက်တင်ဘာအောက်တိုဘာလခန့်မှာလှိုလှိုင်ပေါ်တယ် ပိန္နဲကတော့အောက်ပြည်မှာမတ် ဧပြီလမှာစပေါ်ပြီးမေ လမှာလှိုင်လှိုင်ပေါ်တယ်မိုးများလာရင်အသီးကြီးသော်လည်းရေဝင်လို့အသီးသိပ်မချိုတော့ပါပိန်းဥ ကဇွန်းဥတို့ကမိုးဦးမှာစိုက်ပြီးငါးလကြာရင်ဆောင်းကာလမှာတူးကြလို့နိုဝင်ဘာဒီဇင်္ဘါလမှာပေါ်တယ့်ရှွေဖရုံကမိုးဦးမှာစိုက်ပြီးလေးလကြာရင်တယ်ဆိုတော့ဇူလိုင်သြဂုတ်မှာစပြီးပေါ်တယ်သရက်သီးကအောက်ပြည်ကစပေါ်တယ်သရက်မျိုးအလိုက်စောတာရှိသလို့နောက်ကျတဲ့မျ်ုးအလိုက်ပေါ်တယ်ရန်ကုန်တ်ုင်းမှာဆိုမေလဆန်းမှာစိန်တစ်လုံးစပေါ်တယ်​နောက်တစ်လကြာ​မှရွှေဟင်္သါပေါတယ်ရင်ကွကပိုနောက်ကျတယ်

75 လွန်ခဲ့သော ၃ လ က

ကျေးဇူးပါ။ အဲ့အသီး/အရွက် အပေါဆုံးကာလက အရည်အသွေး အကောင်းဆုံး အချိန်လို့လဲပြောလို့ရပါသလား။

348,301 လွန်ခဲ့သော ၃ လ က

မြန်မာနိုင်ငံတွင် သရက်သီး၊ ပိန္နဲသီးနှင့် ပိန်းဥတို့သည် နွေအထွက် မိုးအကူးကာလဖြစ်သော ဧပြီလတွင် စတင်ထွက်ရှိပြီး မေလနှင့် ဇွန်လများတွင် အပေါဆုံးဖြစ်ကာ ဇူလိုင်လနှောင်းပိုင်းတွင် ရာသီကုန်လေ့ရှိသည်။ ကစွန်းဥမှာ နွေရာသီစာစစ်စစ်ဖြစ်ပြီး ဖေဖော်ဝါရီတွင် စပေါ်ကာ မတ်လနှင့် ဧပြီလတွင် အထွက်ဆုံးဖြစ်ပြီး မေလဆန်းတွင် ရာသီကုန်သည်။ ရွှေဖရုံသီးသည် စိုက်ပျိုးချိန်ပေါ်မူတည်၍ ဇန်နဝါရီ/ဖေဖော်ဝါရီ (သို့မဟုတ်) ဇွန်/ဇူလိုင်လများတွင် အထွက်ဆုံးဖြစ်ပြီး၊ ငှက်ပျောသီးမှာမူ ရာသီမရွေး တစ်နှစ်ပတ်လုံး ထွက်ရှိသော်လည်း အောက်တိုဘာမှ ဒီဇင်ဘာလအတွင်း အသီးအရည်အသွေး အကောင်းဆုံးနှင့် အများဆုံး ထွက်ရှိပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။