အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
2,164
လွန်ခဲ့သော ၂ လ က · ပွင့်ဖြူ

စပါးအစိုကျဲခင်း၃ရက်သားပေါင်းအုပ်ဆေးပတ်လို့အဆင်ပြေပြီလားခဗျတချို့ကစပါးအပင်မပေါက်ခင်ပတ်ရင်စပါးအပင်ပေါက်ပါးတယ်...

စပါးအစိုကျဲခင်း၃ရက်သားပေါင်းအုပ်ဆေးပတ်လို့အဆင်ပြေပြီလားခဗျတချို့ကစပါးအပင်မပေါက်ခင်ပတ်ရင်စပါးအပင်ပေါက်ပါးတယ်ပြောကြလို့ဆေးပတ်ပြီးဘယ်နှစ်ရက်နေရင်ရေထည့်ရလဲခဗျ

စိုက်ပျိုး ဗဟုသုတ စပါး
Post image
Post image

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၂ လ က
ဤအဖြေဖြင့် ပြေလည်

အညှောင့်ဖောက်ကြဲသလား၊တညရေစိမ်ပြီး ကြဲသလား၊ ပေါင်းမျိုးစေ့အညှောင့်မပေါက်မီ(ကြဲပြီး ၃ရက်အတွင်း)ပေါင်းအုပ်ဆေးဖျန်းနိုင်ပါတယ်။ဆေးဖျန်းပြီး တမန်း‌ေကြာတင်းချိန် ရေပြန်သွင်းနိုင်ပါတယ်။

2,164 လွန်ခဲ့သော ၂ လ က

ကျေးဇူးပါခဗျာ

349,556 လွန်ခဲ့သော ၂ လ က

ပုံပါ Pretilachlor 300g/L + Fenclorim 100g/L အပင်မပေါက်ခင်သုံး ပေါင်းသတ်ဆေးကို စပါးမျိုးစေ့ကြဲပြီး (၁) ရက်မှ (၃) ရက်အတွင်း မြေစိုရုံသာရှိချိန်တွင် ပက်ဖျန်းရပါမယ်။ ဆေးဖျန်းပြီးနောက် (၂) ရက်မှ (၃) ရက်အကြာတွင် လယ်ကွင်းထဲသို့ စပါးပင်ပေါက်လေးများ မြုပ်မသွားစေရန် ၁ လက်မခန့် (၂ စင်တီမီတာ) ရေလွှာပါးပါး စတင်သွင်းပေးရပါမယ်။ ထိုသွင်းထားသော ရေကို ပေါင်းမြက်စေ့များ ထပ်မံအပင်မပေါက်နိုင်စေရန် ဆေးဖျန်းပြီးနောက် (၅) ရက်မှ (၇) ရက်အထိ လယ်ကွင်းထဲတွင် ဆက်တိုက် ထိန်းသိမ်းထားပေးရပါမယ်ခင်ဗျာ။

2,164 လွန်ခဲ့သော ၂ လ က

အညှောင့်ဖောက်ကြဲတာပါတစ်ညရေစိမ်တစ်ညမိုးကာအုပ်ပြီးစလုပ်ပြူလေးတွေကြဲတာပါဆရာကြီး

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။