အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,928
လွန်ခဲ့သော ၁ လ က · မြိုင်

တစ်နှစ်သား အုန်းချိုမွှေးပင်လေးပါ အလယ်အူတိုင်အရွက်က ခြောက်ပြီး မိုးရောင်လည်း အနည်းငယ်တွေ့ပါတယ် ဆွဲကြည့်တော့...

တစ်နှစ်သား အုန်းချိုမွှေးပင်လေးပါ အလယ်အူတိုင်အရွက်က ခြောက်ပြီး မိုးရောင်လည်း အနည်းငယ်တွေ့ပါတယ် ဆွဲကြည့်တော့လည်း ပါမလာသေးပါဘူး ဘယ်လိုလုပ်ရမလဲ ဆရာတို့ခင်ဗျ

ပိုးမွှားရောဂါ အုန်း
Post image

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၁ လ က

အစိုဓာတ်တွေ များနေလို့ မှိုတက်တာမျိုး ဖြစ်မှာပါ။ ကောပါးဆေး ဒါမဟုတ် မန်ကိုဇက် အတွင်းပိုင်းထိ စိမ့်ဝင်သွားအောင် ဖျန်းပေးပါ။ တကယ်လို့ ဆေးဝယ်ဖို့ခက်တယ်ဆိုရင် သဲနဲ့ ဆားကြမ်းရောပြီး အလက်တွေခေါင်ညွှန့်တွေကြားထဲ​ပက်ပေးပါ။ ဆားဓာတ်က စိုထိုင်းဆကို လျော့ချပေးပြီး မှိုကို မပွားအောင် ထိန်းပေးပါတယ်။ အောက်ခြေကို ပြောင်အောင်ရှင်းပေးပြီး သဘာဝမြေသြဇာနဲ့ လက်ချားရောစပ်ပြီး ကျွေးပေးပါ။ ရေလောင်းတဲ့အချိန်မှာ ခေါင်ညွှန့်တွေထဲထိ မဝင်အောင် ဂရုစိုက်ပေးပါ။ အုန်းပင်ခေါင်ညွန့်ပုပ်ရောဂါ (Bud Rot) မဖြစ်သေးဘူးလို့တော့ ယူဆပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။