အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

စပယ်ပင် စိုက်ပျိုးနည်း နဲ့ ဘယ်လို ပြုစုပျိုးထောင်၇မလဲဆိုတာ သိချင်ပါတယ်။ စပယ်ပင်စိုက်ရင်လဲ EM ဖျော်ရည် အသုံးပြု...

စပယ်ပင် စိုက်ပျိုးနည်း နဲ့ ဘယ်လို ပြုစုပျိုးထောင်၇မလဲဆိုတာ သိချင်ပါတယ်။ စပယ်ပင်စိုက်ရင်လဲ EM ဖျော်ရည် အသုံးပြုလို့ ရ/မရ နဲ့ အသုံးပြုရမယ့် အတိုင်းအတာကို သိချင်ပါတယ်။ ဒီ webpage မှာရေးခဲ့တဲ့ ပင်လုံးပြန့် သဘာဝပိုးသတ်ဆေး ကိုလဲ စပယ်ပင်စိုက်ရာမှာ အသုံးပြုလို့ ရ/မရ သိချင်ပါတယ်။ ကျေးဇူးတင်စွာဖြင့်......

စိုက်ပျိုးနည်း ဥယျာဉ်ခြံ သီးနှံ၊ သစ်သီးဝလံ

ဖြေကြားချက် ၁ ခု

12,778 လွန်ခဲ့သော ၈ နှစ် က

စံပယ်ပင်စိုက်ပျိုးနည်းကို နည်းပညာထဲက စိုက်ပျိုးနည်းမှာ သီးသန့်တင်ပေးပါ့မယ်။ အီးအမ်းဖျော်ရည် ဖျန်းပေးလို့ရပါတယ်။ အားဆေးအနေနဲ့ပါ။ အတိုင်းအတာကတော့ အီးအမ်က များသွားလို့ လောင် မသွား ပါဘူး။ များသောအားဖြင့်တော့ ၄ ဂါလံ ဆေးဖျန်းပုံး တစ်ပုံးကို အီးအမ် လက်ဖက်ရည် ပန်းကန် တစ်လုံး ရောဖျန်းဖို့ အကြံပြုပါတယ်။ ဝက်ဆိုဒ်ပေါ်မှာ တင်ထားတဲ့ ပင်လုံးပျန့် သဘာဝပိုးသတ်ဆေးကို ဖျန်းလို့ရပါတယ်။ အထူးသဖြင့် ရွက်ထွေးပိုး၊ ပွင့်ထွေးပိုးတွေအတွက် ကာကွယ်နှိမ့်နင်းဖို့ အသုံးဝင်ပါတယ်။ နောက်ထပ် စံပယ်စိုက်ပျိုးတဲ့အခါ အပွင့်များများပွင့်အောင် အရွက်ခြွေလေ့ ရှိကြပါတယ်။ ခြွေလိုက်တဲ့ အရွက်တွေကို အချဉ်ဖောက်ထားသော အရွက်ရည် အားဆေး (ပြုလုပ်ပုံ ပြုလုပ်နည်း တင်ပေးသွားပါမယ်) ပြန်လည် ပြုလုပ် ဖျန်းပေးနိုင်ပါတယ်။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။