အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
34
လွန်ခဲ့သော ၁ လ က · ရွှေတောင်

ကရင်မရာသီစပါး မြေဩဇာကျွေးနည်းနဲ့ရေသွင်းရေထုတ်ပြုလုပ်နည်းလေးသိပါရစေ

အပင်အာဟာရ

ဖြေကြားချက် ၂ ခု

349,542 လွန်ခဲ့သော ၁ လ က

ကရင်မရာသီစပါး အောင်မြင်ဖြစ်ထွန်းရန် မြေဩဇာကျွေးခြင်းကို အောက်ခံအဖြစ် တီစူပါနှင့် ပိုတက်ရှ်ဓာတ်ကို နောက်ဆုံးထွန်တုံးရိုက်ချိန်တွင် စတင်ထည့်သွင်းရမည်ဖြစ်ပြီး၊ အပင်ပွားချိန်နှင့် ဖုံးလုံးချိန်များတွင် ယူရီးယားဓာတ်ကို အကြိမ်ကြိမ်ခွဲ၍ စနစ်တကျ ကျွေးရပါမယ်။ ရေသွင်းရေထုတ်ပိုင်းတွင် စပါးစိုက်စနှင့် ပင်ပွားထွက်ချိန်၌ ရေကို အနည်းငယ်သာ (၁-၂ လက်မ) ထားရှိပြီး၊ ပင်ပွားစုံချိန်တွင် လေဝင်လေထွက်ကောင်းစေရန် လယ်ကွက်ကို ၄-၅ ရက်ခန့် ခန်းခြောက်အောင် ရေထုတ်ပေးရပါမည်။ စပါးပင် မှို့ကပ်ချိန်မှ ပန်းပွင့်ချိန်အထိ ရေအပြည့်အဝသွင်းပေးကာ၊ စပါးအနှံများ ရင့်မှည့်လာချိန် (မရိတ်သိမ်းမီ ၁၀-၁၄ ရက်အလို) တွင် အပင်ယိုင်လဲမှုကို ကာကွယ်ရန် လယ်ကွက်အတွင်းရှိ ရေများကို အကုန်အစင် ဖောက်ထုတ်ပေးရပါမယ်။

အတည်ပြုပြီး 323,967 လွန်ခဲ့သော ၁ လ က

ရာသီစပါးတွေက ဓာတ်မြေသြဇာကို တုန့်ပြန်မှုက အားနည်းတာကြောင့် အတွက်တိုးစပါးတွေလို မြင်သာတဲ့အထွက်ပိုလာတာမျိုး ဖြစ်မှာမဟုတ်ပါဘူး။ အဲဒီအစား မြေကြီးရဲ့ ဖွဲ့စည်းပုံကို ပိုကောင်းအောင်ရယ် အဟာရဓာတ်စုံစုံလင်လင်ရဖို့နဲ့ အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်ဖို့ သဘာဝမြေသြဇာကို ဦးစားပေးပြီး ထည့်စေချင်ပါတယ်ဗျ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။