အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
9,985
လွန်ခဲ့သော ၃ ပတ် က · မအူပင်

မဂ်လာပါဗျာ ကျွန်တော်ရဲ့ ပန်းစိုက်ခင်းမှာ ပုံပါအတိုင် ပင်ခြေမဲ ပြီး အမြစ်သစ်မထွက်ပဲ နွမ်းလာပါတယ် ခါးခြောက်ပီးသေ...

မဂ်လာပါဗျာ ကျွန်တော်ရဲ့ ပန်းစိုက်ခင်းမှာ ပုံပါအတိုင် ပင်ခြေမဲ ပြီး အမြစ်သစ်မထွက်ပဲ နွမ်းလာပါတယ် ခါးခြောက်ပီးသေတာလဲတွေ့ရပါတယ် ဘာရောဂါလဲ ဘာဆေးဖျန်းရမလဲ

ပိုးမွှားရောဂါ ဂန္ဓမာ
Post image

ဖြေကြားချက် ၄ ခု

348,301 လွန်ခဲ့သော ၃ ပတ် က
ဤအဖြေဖြင့် ပြေလည်

ပုံပါဂန္ဓမာခင်းတွင် ဖြစ်ပွားနေသောပြဿနာမှာ မြေ ဆောင်မှိုကြောင့်ဖြစ်သော ခါးရိရောဂါသို့မဟုတ် ပင်ခြေပုပ်၊ အမြစ်ပုပ်ရောဂါ ဖြစ်ပါတယ်။ မြေကြီးထဲတွင် ရေဝပ်ခြင်း၊ အစိုဓာတ်လွန်ကဲခြင်းနှင့် မှိုပိုးမသန့်စင်ခြင်းတို့ကြောင့် အပင်ခြေ ခြောက်၍ လဲသေရခြင်း ဖြစ်ပါတယ်။ ယင်းကို ကုသရန်အတွက် ရောဂါရအပင်များကို နှုတ်ယူဖျက်ဆီးပြီး စိုက်ခင်းတစ်ခုလုံးကို မက်တယ်လဇီး (Metalaxyl) သို့မဟုတ် မန်ကိုဇက်+မက်တယ်လဇီး ၊ဖော့စတိုင်း အလူမီနီယမ် (Fosetyl-aluminium)ကဲ့သို့သော မှိုသတ်ဆေးတမျိုးမျိုးဖြင့် အပင်ခြေမြေကြီးထဲအထိ စိမ့်ဝင်အောင် ရွှဲရွှဲဖျန်းပေးရပါမယ်။ ရေသွင်းမှုကို လျှော့ချပြီး နောက်တစ်ကြိမ် စိုက်ပျိုးပါက မြေခံတွင် ထရိုင်ကိုဒါးမား (Trichoderma) အကျိုးပြုမှို မဖြစ်မနေ ထည့်သွင်းပေးသင့်ပါတယ်။စိုက်ဘောင်များတွင် ရေဝပ်ခြင်း လုံးဝမရှိစေရန် ရေနုတ်မြောင်းများ စနစ်တကျ ပြုလုပ်ပါ။ မြေကြီး အလွန်အကျွံ စိုစွတ်မနေစေရန် ရေသွင်းခြင်းကို လျှော့ချပါ။စိုက်ခင်းအတွင်း ရောဂါကူးစက်မှု မြန်ဆန်တတ်သဖြင့် အထက်ပါ မှိုသတ်ဆေးတစ်မျိုးမျိုးကို အမြန်ဆုံး ဝယ်ယူကာ အပင်ခြေများသို့ နှံ့စပ်အောင် ပက်ဖျန်းပေးစေလိုပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်‌ပေးနိုင်ပါတယ်ခင်ဗျာ။

9,985 လွန်ခဲ့သော ၃ ပတ် က

ဟုတျကဲ့ ပါ

27 လွန်ခဲ့သော ၃ ပတ် က

ရိုးမဲဆစ်ပြုတ်လို့ထင်ပါတယ်

9,985 လွန်ခဲ့သော ၃ ပတ် က

ကျေးဇူးပါ ဆရာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။