အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
44
လွန်ခဲ့သော ၃ ပတ် က · ကျောက်ပန်းတောင်း

ယခင်တစ်ပတ်လောက်က 15ပတ်လည်နဲ့ ပုလဲဓာတ်မြေသြဇာ ရောကြွေးထားပါတယ် သူ့နောက် အမိုင်န်အက်စစ် ဖျန်းထားပါတယ် အပင်ကြီး...

ယခင်တစ်ပတ်လောက်က 15ပတ်လည်နဲ့ ပုလဲဓာတ်မြေသြဇာ ရောကြွေးထားပါတယ် သူ့နောက် အမိုင်န်အက်စစ် ဖျန်းထားပါတယ် အပင်ကြီးထွားရန် ဘာများလိုအပ်ပါသေးလဲရှင်းပြပေးပါဆရာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၄၅ ရက်
အပင်အာဟာရ ဂန္ဓမာ
Post image

ဖြေကြားချက် ၂ ခု

348,957 လွန်ခဲ့သော ၃ ပတ် က
ဤအဖြေဖြင့် ပြေလည်

ဂန္ဓမာပင်များ ပုပြီး အမြင့်မတက်ဘဲ ကြီးထွားမှု ရပ်တန့်နေခြင်းသည် မြေဆီလွှာ ကျစ်လွန်းခြင်း၊ အမြစ်အာဟာရ မစားနိုင်ခြင်း သို့မဟုတ် အပင်ကြီးထွားမှုဟော်မုန်း အားနည်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အပင်ကို အရှိန်အဟုန်ဖြင့် အမြင့်တက်ပြီး ထွားလာစေရန်အတွက် အပင်ဆဲလ်အသစ်ပွားခြင်းကို လှုံ့ဆော်ပေးသည့် Gibberellic Acid (GA3) ဟော်မုန်း သို့မဟုတ် နိုက်ထရိုဂျင်နှင့် အမိုင်နိုအက်စစ် မြင့်မားစွာပါဝင်သော ရွက်ဖြန်းဆေးကို ၅ ရက်မှ ၇ ရက်တစ်ကြိမ် ဖျန်းပေးသင့်ပါတယ်။ ထို့ပြင် အပင်ခြေမြေဆီလွှာကို လေဝင်လေထွက်ကောင်းအောင် ဆွပေးပြီး၊ အမြစ်သစ်များ အားကောင်းစေရန် အမြစ်အားဆေး (Humic Acid) ထည့်သွင်းပေးခြင်းဖြင့် အပင် ချက်ချင်း ပြန်လည်ထွားကြိုင်းလာပါလိမ့်မယ်။

44 လွန်ခဲ့သော ၂ ပတ် က

ကျေးဇူးပါဆရာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။