အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
38
လွန်ခဲ့သော ၂ ပတ် က · ကျောက်ဆည်

ဆားခါးက သီးနှံတွေအတွက် ဘယ်လိုအကျိုးကျေးဇူးရှိတယ်ဆိုတာ ဗဟုသုတအနေနဲ့သိထားချင်ပါသဖြင့် ဆရာတို့ကျေးဇူးပြု၍ ဖြေကြား...

ဆားခါးက သီးနှံတွေအတွက် ဘယ်လိုအကျိုးကျေးဇူးရှိတယ်ဆိုတာ ဗဟုသုတအနေနဲ့သိထားချင်ပါသဖြင့် ဆရာတို့ကျေးဇူးပြု၍ ဖြေကြားပေးခဲ့ပါအုံးခဗျာ။

စိုက်ပျိုး ဗဟုသုတ ဆား

ဖြေကြားချက် ၁ ခု

348,948 လွန်ခဲ့သော ၂ ပတ် က
ဤအဖြေဖြင့် ပြေလည်

ဆားခါး (Epsom Salt) သို့မဟုတ် မဂ္ဂနီဆီယမ် ဆာလ်ဖိတ် (Magnesium Sulphate) သည် အပင်များအတွက် မရှိမဖြစ် လိုအပ်သော မဂ္ဂနီဆီယမ် နှင့် ဆာလ်ဖာ (ကန့်ဓာတ်) တို့ကို အဓိက ပံ့ပိုးပေးပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်သည် အပင်များ အစာချက်လုပ်ရန် ကလိုရိုဖီးလ် (စိမ်းရောင်ခြယ်) ဖြစ်ပေါ်မှုကို တိုးတက်စေပြီး မြေဆီလွှာထဲရှိ နိုက်ထရိုဂျင်နှင့် ဖော့စဖောရပ်စ်ဓာတ်များကို ပိုမိုစုပ်ယူနိုင်အောင် ကူညီပေးပါတယ်။ ဆာလ်ဖာဓာတ်သည် အပင်အတွင်း ဗီတာမင်နှင့် အင်ဇိုင်းများကို ထုတ်လုပ်ပေးသဖြင့် သီးနှံများ၏ အရသာ၊ အနံ့နှင့် အရည်အသွေးကို မြင့်မားစေပါတယ်။ ဆားခါးကို အသုံးပြုခြင်းဖြင့် အရွက်များ စိမ်းစိုလာခြင်း၊ အပင်ပြောင်းရွှေ့စိုက်ပျိုးရာတွင် နာလန်ထလွယ်ခြင်းနှင့် အပွင့်၊ အသီး တင်နိုင်စွမ်း ပိုမိုမြင့်မားလာခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။ ရေ (၁) ဂါလန်တွင် ဆားခါး ဟင်းစားဇွန်း (၁) ဇွန်းနှုန်း ဖျော်စပ်၍ အရွက်ဖျန်းစနစ် သို့မဟုတ် အပင်ခြေရင်းလောင်းစနစ်ဖြင့် (၂) ပတ်တစ်ကြိမ် သုံးစွဲနိုင်ပါတယ်ခင်ဗျာ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။