အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
40
လွန်ခဲ့သော ၂ ပတ် က · ဝက်လက်

တစ်ပင်းလုံးညိုးခြောက်သေဆုံးရပါသလဲ တစ်ပင်ပြီးတစ်ကူးစပ်သကဲ့သို့ သေဆုံးလျက်ရှိပါတယ် ဘယ်လိုဆေးမျိုးသုံးရမလဲ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၃ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
တိမ်အသင့်အတင့်ဖြစ်ထွန်း ရာသီဥအုံ့မှိုင်း
ပိုးမွှားရောဂါ ဆူးပုပ်
Post image
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

349,542 လွန်ခဲ့သော ၂ ပတ် က

ပုံပါအတိုင်း ဆူးပုပ်ပင်များ ကူးစက်ညှိုးသေခြင်းသည် Ceratocystis သို့မဟုတ် Fusarium ကဲ့သို့သော မှိုပိုးများကြောင့် ဖြစ်တတ်ပါတယ်။တစ်ပင်လုံး ညှိုးခြောက်ပြီး တစ်ပင်ပြီးတစ်ပင် ကူးစက်သေဆုံးနေသည့် လက္ခဏာသည် ဆူးပုပ်စိုက်ပျိုးရေးတွင် အလွန် အန္တရာယ်ရှိသော မှိုကြောင့်ဖြစ်သည့် ပင်ညှိုးရောဂါ (Fungal Wilt / Dieback Disease) ဖြစ်နိုင်ခြေ အလွန်များပါတယ်။ ဤရောဂါကို ကုသရန်အတွက် ပထမဦးစွာ ရောဂါရနေသော အကိုင်းများကို ကျန်းမာသော အသားအထိ ချန်၍ ကတ်ကြေးဖြင့် ဖြတ်တောက်ပြီး ဓား/ကတ်ကြေးကို အရက်ပြန်ဖြင့် ပိုးသတ်ပါ။ တစ်ပင်လုံး သေဆုံးသွားသော အပင်ကို အမြစ်ပါမကျန် တူးထုတ်ကာ မီးရှို့ဖျက်ဆီးရပါမယ်။ ထို့နောက် ဒဏ်ရာမှတစ်ဆင့် ရောဂါထပ်မဝင်စေရန်နှင့် ဘေးအပင်များကို ကာကွယ်ရန် Metalaxyl, Carbendazim သို့မဟုတ် Hymexazol, Foestyl-Al ကဲ့သို့သော ပင်လုံးပျံ့ မှိုသတ်ဆေး ကို ရေဖျော်စပ်၍ အရွက်၊ ပင်စည်များကို ပက်ဖျန်းပေးသည့်အပြင် အမြစ်ခြေရင်း မြေကြီးထဲသို့ပါ သေချာ ဖျန်းပေးရပါမည်။ အစိုဓာတ်လွန်ကဲလျှင် မှိုပိုး ပိုပွားတတ်သဖြင့် စိုက်ခင်းအတွင်း ရေမဝပ်အောင် ရေနုတ်မြောင်းများ ပြုလုပ်ပေးရန်လည်း လိုအပ်ပါတယ်။ရောဂါမကျရောက်သေးသော ပတ်ဝန်းကျင်ရှိ အပင်များကို Trichoderma (ထရိုင်ကိုဒါးမား) ကဲ့သို့သော အကျိုးပြုမှိုများကို သဘာဝမြေဩဇာနှင့် ရောစပ်ပြီး အမြစ်ခြေရင်းတွင် ကျွေးပေးခြင်းဖြင့် မြေတွင်းအောင်း မှိုရောဂါများကို သဘာဝအတိုင်း ကာကွယ်တားဆီးပေးနိုင်ပါတယ်။

40 လွန်ခဲ့သော ၂ ပတ် က

အပင်သက်တမ်းက ၃ နှစ်ပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။