အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
285
လွန်ခဲ့သော ၁ ပတ် က · ထန်းတပင်

စပါးကိုနိုက်ထရိုဂျင်ကို ပုလဲကျွေးမယ်ပြီးရင် ကျန်တဲ့ Pနဲ့K ကိုကျရွက်ဖျန်းအားဆေးဘဲသုံးမယ်ဆိုရင်အဆင်ပြေနိုင်လား P...

စပါးကိုနိုက်ထရိုဂျင်ကို ပုလဲကျွေးမယ်ပြီးရင် ကျန်တဲ့ Pနဲ့K ကိုကျရွက်ဖျန်းအားဆေးဘဲသုံးမယ်ဆိုရင်အဆင်ပြေနိုင်လား Pနဲ့Kကစေျးကြီးလို့ပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၃၀ ရက်
အပင်အာဟာရ စပါး

ဖြေကြားချက် ၂ ခု

347,513 လွန်ခဲ့သော ၁ ပတ် က

စပါးသက်တမ်း (၃၀) ရက်တွင် ပုလဲ (နိုက်ထရိုဂျင်) ကို မြေကျွေးပြီးနောက် ဈေးကြီးသော P (ဖော့စဖိတ်) နှင့် K (ပိုတက်စီယမ်) ဓာတ်မြေဩဇာများနေရာတွင် ရွက်ဖျန်းအားဆေးကို အပြည့်အဝ အစားထိုးသုံးစွဲရန် မဖြစ်နိုင်ပါဘူး။ အဘယ်ကြောင့်ဆိုသော် စပါးပင် ကြီးထွားအထွက်တိုးရန် P နှင့် K ဓာတ်ကို မြေကြီးထဲမှ အမြစ်မှတစ်ဆင့် ပမာဏအမြောက်အမြား စုပ်ယူရခြင်းဖြစ်ပြီး၊ ရွက်ဖျန်းဆေးများသည် အပင်အတွက် အားဖြည့်အာဟာရ ပမာဏအနည်းငယ်ကိုသာ လျင်မြန်စွာ ပေးစွမ်းနိုင်သောကြောင့် ဖြစ်ပါတယ်။ သို့သော် ကုန်ကျစရိတ်သက်သာစေရန်အတွက် မြေပြင်ချိန်တွင် ကောက်ရိုးပြန်ထည့်ခြင်း၊ သဘာဝမြေဩဇာသုံးခြင်းတို့ဖြင့် ဓာတ်မြေဩဇာလိုအပ်ချက်ကို လျှော့ချနိုင်ပြီး၊ စပါးပင်ပွားချိန်နှင့် မှို့ကပ်ချိန်များတွင် P နှင့် K ပါဝင်မှုများသော ရွက်ဖျန်းဆေးများကို အချိန်ကိုက် တွဲဖက်ပက်ဖျန်းပေးခြင်းဖြင့် အိတ်စိုက်စရိတ်ကို အကောင်းဆုံး ထိန်းညှိနိုင်ပါလိမ့်မယ်။Pနှင့်Kကို လုံးဝမကျွေးတာမျိုးမဟုတ်ဘဲ သဘာ‌ဝမြေဩဇာနှင့် သေချာနှပ်ပြီးပမာဏကိုတော့ လျှော့သုံးစွဲကြည့်လို့ရပါတယ်၊ ကျန်တာကိုတော့ရွက်ဖျန်းအားဆေးဖြင့်ထိန်းကြည့်ရမှာပေါ့

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၁ ပတ် က

P နဲ့ K ကလည်း စပါးပင်အတွက် ကြီးထွားသန်စွမ်းဖို့ အရေးကြီးတဲ့အဟာရဓာတ်တွေပါပဲဗျ။ နိုက်ထရိုဂျင်ရဲ့ အာနိသင်က မြန်မြန် မြင်သာတာမို့လို့ပါ။ P နဲ့ K အတွက် လျော့ချနိုင်ဖို့အတွက်ဆို ရွက်ဖျန်းဆေးတင်မဟုတ်ဘဲ နိုက်ထရိုဂျင်ကျွေးတဲ့အချိန်မှာ သဘာဝမြေသြဇာနဲ့ သေချာနှပ်ပြီး ကျွေးပါ။ ဒါဆို P နဲ့ K တင်မကဘဲ နိုက်ထရိုဂျင်ပါ လျော့ချနိုင်ပါလိမ့်မယ်ဗျ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆရာကြီးတို့ရေ မင်းဧရာစပါးက အရွက်ကွက်ကြားခြောက်နေတာရယ် ပိုးအနီလေး‌‌ေကာင်တွေတွေ့လို့

ဖြေကြားချက် 1 ခု

ဘာရောဂါကြတာလဲဗျ ဓာတ်မြေတောင်းတာလား ရောဂါကြတာလားသိရင်ပြောပြကြပါအုံးဗျ

ဖြေကြားချက် 3 ခု

စပါးတစ်ပင်လုံးခြောက်ပြီးအောက်ကိုပျော့ပီးကျသွားပါတယ်အဲဒါရောဂါလားပိုးလားသိချင်ပါတယ်တစ်ခင်းလုံးအရွက်တွေခြောက်ကုန်...

ဖြေကြားချက် 2 ခု

စပါးပင်မှာ အဲ့လိုအကွက်လေးတွေတွေ့လိုပါခင်ဗျာ။ဘယ်လိုပြုလုပ်သင့်ပါသလဲခင်ဗျာ။

ဖြေကြားချက် 1 ခု

စပါးခင်းတွေပိုးကျသက်သာအာင်မြေကိုစိုစွတ်နေတဲ့အတိုင်ရေစိုစွတ်ယုံလောက်ထားမယ်စပါးထွက်စပြုစပါးနှံနိုရေမထည့်ခင်လေး ‌...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။