အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
6,401
လွန်ခဲ့သော ၇ နှစ် က · ပခုက္ကူ

ဘယ်လိုနေရာမှာ စိုက်တင့်လည်း မြေ မ စိးတဲ့မြေဖြစ်လား

စိုက်ပျိုးနည်း
1

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၇ နှစ် က

ရာသီဉတုကတော့ အများအားဖြင့် အီကွေတာ၏ တောင်နှင့်မြောက် လတ္တီတွဒ် ၁၂ ဒီဂရီ အတွင်း စိုက်ပျိုးကြသည်။ အပူချိန် ၂၂-၃၀ ဒီဂရီ စင်တီဂရိတ်အတွင်း ရှိပြီး ပင်လယ်ရေမျက်နှာပြင်မှ မီတာ ၇၀၀ အတွင်းသည် အသင့်တော်ဆုံးဖြစ်ပါသည်။ မိုးများသည့် ဒေသတွင် နှစ်စဉ်မိုးရေချိန် ၂၀၀၀-၅၀၀၀ မီလီမီတာ ရလျှင် ပိုမိုကောင်းမွန်ပြီး မိုးရွာသွန်းမှုမှာ တစ်နှစ်ပတ်လုံး ညီညာစွာ ရွာသွန်းရန်လိုပါသည်။ မိုးမရွာသည့် နွေရာသီကာလတွင် ပန်းပွင့်သည်မှ အသီးဆွတ်ခူးသည်အထိ ရေပေးသွင်းရန်လိုပါသည်။ အပူချိန် ၁၀ ဒီဂရီ စင်တီဂရိတ်ထက်နိမ့်လျှင် အပင်ကြီးထွားမှုကို ထိခိုက်စေပြီး အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ် ထက်မြင့်ပါက အပင်ကြီးထွားမှုကို ရပ်တန့်စေပါသည်။ ပန်းပွင့်ဖူးဖြစ်ပေါ်ရန်အတွက် ခြောက်သွေ့သောကာလ အနည်းဆုံး တစ်လ လိုအပ်ပါသည်။ မြေအမျိုးအစားများ မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သည်။ သို့ရာတွင် သစ်ဆွေးဓာတ်ကြွယ်ဝသော ရေစီးစိမ့်မှု ကောင်းသည့် မြေသြဇာထက်သန်သော သဲဆန်သည့်နုန်းမြေတွင် အပင်ကြီးထွားမှုနှင့် အသီးသီးရန်အတွက် အသင့်တော်ဆုံးဖြစ်သည်။ သဘာဝနှင့်ဓာတ်မြေသြဇာများ လုံလောက်စွာထည့်ပေးနိုင်လျှင် ဂဝံမြေနီတွင် စိုက်ပျိုးနိုင်သည်။ မြေချဉ်ငံဓာတ် ၄.၅ - ၆.၅ သည် သင့်တော်ပါသည်။ သံဓာတ်နှင့် သွပ်ဓာတ်ချို့တဲ့မှုကို များစွာတွေ့ရလေ့ရှိပြီး အရွက်များဝါခြင်း၊ အရွက်အရောင်ပျက်ခြင်း (အရွက်အရောင်မူမှန်မဟုတ်ခြင်း) များဖြစ် လာပါသည်။ ရေစီးစိမ့်မှုကောင်းရန်လိုပြီး မြေအောက်ရေမျက်နှာပြင်သည် ယေဘူယျအားဖြင့် မြေမျက်နှာပြင်မှ သုံးမီတာ လေးမီတာထက် မနည်းသင့်ပါ။ Green Way

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။