အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သူရစိုး
လွန်ခဲ့သော ၃ ပတ် က · ပြင်ဦးလွင်

အောက်ခြေအရွက်တွေမှာဖြစ်နေလို့ဗျဘယ်လိုလုပ်သင့်လဲဗျ

ပိုးမွှားရောဂါ ဘိုစားပဲ
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 459,049 လွန်ခဲ့သော ၃ ပတ် က

@သူရစိုး ပုံပါ ဘိုစားပဲရွက်တွင် ဖြစ်ပွားနေသည်မှာ ဆာကိုစပိုးရား ရွက်ပြောက်မှိုရောဂါ ကူးစက်ခံရခြင်းနှင့်အတူ နိုက်ထရိုဂျင် သို့မဟုတ် ပိုတက်စီယမ် အာဟာရဓာတ် လွန်စွာချို့တဲ့နေခြင်း ဖြစ်ပါတယ်။ ယခုပြဿနာကို ချက်ချင်းဖြေရှင်းရန်အတွက် ရောဂါရနေသော အောက်ခြေအရွက်အဝါများကို ဦးစွာဆွတ်ခူး၍ စိုက်ခင်းအပြင်ဘက်တွင် မီးရှို့ဖျက်ဆီးရပါမယ်။ ထို့နောက် အပင်ပြန်လည်လန်းဆန်းလာစေရန် ယူရီးယား သို့မဟုတ် ကွန်ပေါင်းမြေသြဇာ ကျွေးပေးရမည့်အပြင်၊ အမြန်စုပ်ယူနိုင်ရန် ရွက်ဖျန်းအနည်းလိုအဟာရပါအားဆေးကိုပါ အမိုင်နိုအက်ဆစ်ဖြင့် တွဲဖက်ဖြန်းပေးသင့်ပါတယ်။ မှိုရောဂါ ဆက်မပြန့်ပွားစေရန် မန်ကိုဇက် (Mancozeb) သို့မဟုတ် Azoxystrobin+Difenoconazole မှိုသတ်ဆေးတစ်မျိုးမျိုးကို ၇ ရက်ခြား တစ်ကြိမ်၊ စုစုပေါင်း (၂) ကြိမ်ခန့် စနစ်တကျ ပက်ဖြန်းပေးရပါမယ်။ ရေဝပ်ခြင်းနှင့် စိုထိုင်းဆလွန်ကဲခြင်းကိုလည်း အထူးဂရုပြု လျှော့ချပေးရပါမယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။