အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

တချို့ဆရာတွေက ပိုးသတ်ဆေး မှိုသတ်ဆေးတွေ ကိုရောသုံးလို့ရတယ်တဲ့။တချိူ့ကမကောင်းဘူးတဲ့။ပိုးသတ်ဆေးတွေ ကိုရောလိုက်ရင်...

တချို့ဆရာတွေက ပိုးသတ်ဆေး မှိုသတ်ဆေးတွေ ကိုရောသုံးလို့ရတယ်တဲ့။တချိူ့ကမကောင်းဘူးတဲ့။ပိုးသတ်ဆေးတွေ ကိုရောလိုက်ရင် ပြင်းအားလျှော့သွားမှာလား။ ပိုပြင်းပြီးတော့ အပင်လောင်သွားမှာလား။ ပင့်ကူနီ ,ရွက်ထွင်းပိုး ,ပျ ,ပိုးစေးနှဲ ,တပြိုင်တည်းကျရင် ဘယ်ပိုးကိုအရင် နှိမ်နှင်းမလဲ။ တောင်သူတွေက သိချင်နေကြတယ်။

ပိုးမွှားရောဂါ ပဲမျိုးစုံ

ဖြေကြားချက် ၂ ခု

12,778 လွန်ခဲ့သော ၈ နှစ် က

ဒါက ဘယ်ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ မြေသြဇာတွေရော မယ်ဆိုတာနှင့် ဆိုင်ပါတယ်.. စိုက်ပျိုးရေးသုံးဓါတုဗေဒတွေရောတာနဲ့ပါတ်သက်လို့ ရှာကြည့်တာတွေ့ရ တာတွေကတော့ ၁။ မူလအာနိသင်ကိုမပြောင်းလဲစေပဲ ဆေးအရောတွေအားလုံးရဲ့ အာနိသင်တွေအတိုင်းရှိနေတာ (Additive effect) ၂။ ရောထားတဲ့ဆေးတွေရဲ့ အာနိသင်ကိုပိုတိုးစေတာ(Synergistic effect) ၃။ ရောထားတဲ့ဆေးတွေက တစ်ခုကိုတစ်ခုအာနိသင် နည်းသွားစေတာ (Antagonism) တို့ဖြစ်ပါတယ်။ နောက်တစ်ခုက ဓါတုပစ္စည်းတစ်ခုနဲတစ်ခု သဟဇာတမဖြစ်မှု (Incompatibility) ပါ။ ဓါတု သဟဇာတမဖြစ်မှု (chemical incompatibility) နဲ့ ရုပ်ပိုင်း သဟဇာတမဖြစ်မှု (physical incompatibility) နှစ်မျိုးရှိပါတယ်။ ဓါတု သဟဇာတမဖြစ်မှု ကဖျော်တဲ့ရေရဲ့အပူချိန်၊ အချဉ်-ငန် (pH) နှင့် ရောစပ်ပြီး နဲ့ မဖျန်းခင် ကြားအချိန် တို့နဲ့ဆိုင်ပါတယ်။ ရုပ်ပိုင်း သဟဇာတမဖြစ်မှု ကတော့ ဆေးပုံစံ (formulations) ဥပမာဆေးမှုန့် (WP,SP)၊ ဆေးရည် (EC) တို့နဲ့ဆိုင်ပါတယ်။ ယေဘုယျအားဖြင့်ကတော့ ဆေးမှုန့် (WP)ကို ဆေးရည် (EC) နှင့်မရောသင့်ပါဘူး။ သဟဇာတမဖြစ်မှုကြောင့် အပင်လောင်တာ၊ ဓါတုပစ္စည်းတွေအနည်ထိုင်လာပြီး ဆေဖျန်းကိရိယာတွေ ပိတ်ဆို့တာ တွေဖြစ်နိုင်ပါတယ်။ အလွယ်တကူစမ်းသပ်နိုင်တဲ့နည်းကတော့ ရေဖျော်စမ်းသပ်တဲ့ပါပဲ။ ရေ ၅၀၀ မီလီမီတာ (ရေသန့် ဗူးတဝက်) ထဲကို ရေဖျော်ဆေးမှုန့် (WP) ဆိုရင် ဟင်းစားဇွန်း ၁ ဇွန်း ( approx.10 g)တခြားဆေးရည် ဆေးမှုန့်တွေ (EC,L,SL) တွေဆို လက်ဖက်ဇွန်း ၁ ဇွန်း (5 g) စီဖျော်ပြီး ရောကြည့်ပါ။ တကယ်လို့ အခဲတွေ (ဆေးမှုန့်ပုံနဲ့မတူပဲ) အနည်ကျလာရင်၊ ထည့်တဲ့ဗူး ပူလာရင်၊ ဆေးရည်မျက်နှာပြင်မှာ အဖတ်တွေတက်လာရင် မရောသင့်ပါဘူး။ Ref: http://www.ovs.com/1_pesticide_interactions.htm နောက်မေးခွန်းကတော့ရှင်းပါတယ် အပင်တစ်ပင်မှာ စုပ်စားပိုး၊ ကိုက်စားပိုးတွေ စုံနေရင်တော့ ပင်လုံးပြန့် အာနိသင် (systemic) ရှိတဲ့ဆေးပဲဖျန်းသင့်ပါတယ်။ ကိုက်စားပိုး အတွက် ထိသေ၊ အစာအိပ်အဆိပ် (contact/stomach poison) စုပ်စားပိုးတွေအတွက် ပင်လုံးပြန့် (systemic) သီးသန့်စီ ဖျန်းဖို့ မလိုပါဘူး။

12,778 လွန်ခဲ့သော ၈ နှစ် က

အသိတစ်ဦးဖြေပေးထားတာကို ပြန်တင်ပေးလိုက်ပါတယ်။ ဆရာ ဦးမောင်မောင်မြင့် သင်ဖူးတာကတော့ မှိုသတ်ဆေးကို ၂မျိုးလောက်ရောဖျန်းတာရှိတယ် အခုရောင်းနေတဲ့ ပိုးသတ်ဆေးတွေမှာလဲ မှိုသတ်ဆေးရောပြီးရောင်းနေတာ ရှိတယ် နာမည်တွေ ကတော့များလို့ မမှတ်မိတော့ဘူး ဒါပေမဲ့ အများစု က ရောသုံးလို့ရတယ် တကယ်လို့ အပင်မှာရောဂါနဲ့ပိုး တပြိုင်တည်းကျရင် ပံိုးတွေကို အရင်ဦးစားပေး နှိမ်နင်းတာမျိုးလဲ ရှိတယ် အခုပြောထားတဲ့ ပြ ပင့်ကူနီရွက်ထွင်းပိုးတွေ အတွက်က အဲဒီပိုးကောင်တွေ အတွက် သီးသန့်ထုတ်တဲ့ ပိုးသတ်ဆေးရှိတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။