အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Sai Kaung Myat Kyaw Kyaw
လွန်ခဲ့သော ၃ ရက် က · ပင်လည်ဘူး

ကျနော်တို့ဒေသမှာ ခေါ်နေကြတဲ့ ကောက်ငန်းလှန်းတဲ့အချိန် မှို့ကပ်တဲ့အချိန် ဖုံးတုံးလုံးတုံးအချိန် မောင်းညိုချိန်ဆိုတာ‌တွေကရော ဘယ်ဖွံ့ဖြိုးမှု အဆင့်ခွဲတွေမှာ ပါပါသလဲ

စိုက်ပျိုး ဗဟုသုတ စပါး

ဖြေကြားချက် ၂ ခု

Sai Kaung Myat Kyaw Kyaw
Sai Kaung Myat Kyaw Kyaw 199 လွန်ခဲ့သော ၂ ရက် က

@သော်ဇင် ကျေးဇူးပါဆရာ ကျနော်က သေသေချာချာလေးသိချင်လို့ပါ။ အခုမှ ပဲokသွားတော့တယ်

သော်ဇင်
သော်ဇင် 433,317 လွန်ခဲ့သော ၂ ရက် က

@Sai Kaung Myat Kyaw Kyaw ကောက်ငန်းလှန်းတဲ့အချိန်ဆိုတာ ပြောင်းရွှေ့စိုက်ပြီး ကောက်ပင်လေးများထောင်မတ်သည့်အချိန်ကိုပြောတာဖြစ်ပါလိမ့်မယ်ပင်ပွားထွက်ရန်အဆင့်သင့်ဖြစ်နေသည့်အတွက် အဆင့်ထဲထည့်မယ်ဆိုရင် ပင်ပွားထွက်ခြင်းအဆင့်ထဲထည့်ရပါလိမ့်မယ်။ မှို့ကပ်တဲ့အချိန်ဆိုရင်ဒုတိယဖြစ်သော မျိုးပွားသည့်အဆင့် (Reproductive Phase) တွင် စပါးနှံသန္ဓေတည်၍ မှို့ကပ်ခြင်းအဆင့်ထဲထည့်ရပါလိမ့်မယ်၊ ဖုံးတုံးလုံးတုံးချိန်ဆိုတာကတော့ စပါးအနှံထွက်ခါနီးအချိန်ပေါ့ ပျမ်းမျှအားဖြင့် အနှံမထွက်မှီ၇ရက်အလိုလည်း ခန့်မှန်းလို့ရတယ်ပေါ့၊ မောင်းညိုချိန်က စပါးနှံဝင်းမှည့်ချိန်ရိတ်သိမ်းရမည့်အချိန်အဆင့်ထဲထည့်ရပါလိမ့်မယ်။ တောင်သူအခေါ်သတ်မှတ်ချက်တွေကတော့ နေရာဒေသအလိုက်အများကြီးရှိတာမို့ ပြောရခက်ပါတယ်ဗျာ၊ ဗသုသုတအဖြစ်ပြောရမယ်ဆိုရင် အနှံလုံးလူံးလျားလျားမထွက်ဘဲ ဖူံးတုံးလုံးတုံးအဆင့်က‌နေအနှံများတိုးထွက်ခါစအဆင့်ဆို ဘီးလူးသွားဖြဲလို့တောင်ခေါ်လေ့ရှိကြပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်အမှန်ခြစ်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။