ဖြေကြားချက် ၂ ခု
ဆားခါး ကို ရေတစ်ဂါလံ တစ်ဇွန်းနှုန်း ဖျော်ပြီး ဖြန်းနိုင်ပါတယ် ဆားခါး နဲ့ ဆာလဖာ ( S) ပါတဲ့ ဆေးရည် သုံးစွဲမည်ဆိုပါက ညနေခင်း နေအေးချိန် သို့ မနက် နေမထွက်ခင်သာ သုံးရမှာ ဖြစ်ပါတယ်
လောက်ကောင်ဝင်ရောက်စားသောက်မှုကြောင့် အသီးကင်းများ ကြွေကျ ပျက်စီးပါတယ် အသီးကင်းကြွေကျရတာ တခြားအကြောင်းကြောင့်လည်း ဖြစ်နိုင်ပေမယ် အသီးကင်းထဲ ပိုးလောက်ကောင် စတင်တွေ့ရှိချိန် ဆေးစတင်ဖြန်းသင့်ပါတယ် ပိုးကျ အသီးများကို အခင်းထဲ သို့ နီးတဲ့နေရာမှာ မပစ်ပါနဲ့ လောက်ကောင်က မြေကြီးထဲ ရုပ်ဖုံးလုပ်ပါတယ် ဒါကြောင့် စိုက်ဘောင်တွေကို ပလပ်စတစ်အုပ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ပေါင်းရှင်း ပြီး မြေဆွပြီး နှိမ်နင်းပါ။ ပိုးလက်ခံ ဖြစ်တဲ့ ပြောင်းပင်အနီးမစိုက်ပါနဲ့။ ပိုးသတ်ဆေးအနေနဲ့ ကလိုပိုင်ရီဖော့စ် Chlorpyrifos / ဆိုက်ပါမီသရင် Cypermethrin ပါဝင်တဲ့ ပိုးသတ်ဆေး ကို သုံးစွဲ နိုင်ပါတယ်။ အပွင့်စချိန်မှစ ဆားခါး သို့ Mg နဲ့ S ပါဝင်တဲ့ ရွက်ဖြန်းဆေးကို ဖြန်းပေးခြင်းဖြင့်လည်း ပိုးကို ကာကွယ်သလို အသီးအရည်အသွေးကို ကောင်းစေပါတယ်
ဆက်စပ်မေးခွန်းများ
သရက်သီးထိးုတဲ့ပိုးခရမ်းချဉ်မှာကျနေတာဘာဆေးဖျန်းရမလဲဆရာတို့
ဖြေကြားချက် 4 ခု
သီးလုံးဖောက်ပို့များကိုဘယ်လိုဆေးမျိူးနဲ့နိုမ်နင်းလို့ရပါသလဲ
ဖြေကြားချက် 3 ခု
ခရမ်းချည်သီးများစသီးနေပေမဲ့ အသီးအတွင်းမှာပိုးများပါနေလို့ လိုအပ်တာပြောပေးပါရှင့် အခုမှစ စိုက်ဖူးလို့ပါ
ဖြေကြားချက် 4 ခု
ခရမ်းချည်သီးထဲကပိုးတွေပါ ပိုးကအပြင်မှာခုန်နိုင်ပါတယ် ဘာဆေးဖျနိးရမှာလဲ လမ်းညွှန်ပေးပါရှင့်
ဖြေကြားချက် 3 ခု
ခရမ်းချဥ်သီးလုံးဖေါက်ပီုးဘာဆေးအကောင်းဆုံးလည်းဗျ မှဲ့ပျောက်စွန်းပျောက်အောင်ဘာဆေးသုံးရမလည်း
ဖြေကြားချက် 1 ခု