အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
591
လွန်ခဲ့သော ၇ နှစ် က · ထီးချိုင့်

ရောဂါလားဗျ အပင်သန်ပြီး အသီးလဲမလိုက်ဘူး

ပိုးမွှားရောဂါ ပဲတောင့်ရှည်
Post image
Post image
Post image
Post image
Post image
6

ဖြေကြားချက် ၆ ခု

2,683 လွန်ခဲ့သော ၇ နှစ် က

ဝဲကျွေးများရင်ဖြစ်တက်ပါတယ်

121 လွန်ခဲ့သော ၇ နှစ် က
အတည်ပြုပြီး 185,097 လွန်ခဲ့သော ၇ နှစ် က

ဘာမျိုးလဲဗျ

237 လွန်ခဲ့သော ၇ နှစ် က

ပန်းပွင့်ခိုင်လေးတွေရှိတယ်အစ်ကို၊။ကယ်လ်ဆီယမ်၊ ဘိုရွန် ဖျန်းကြည့်ပါ။အပင်ရဲ့ကြီးထွားဆဲကာလမို့ပါ။ ဖားဥမှိုသတ်ဆေးလည်းသုံးပါ(ဆာလ်ဖာ)သုံးကြည့်စေချင်ပါတယ်။။။။။။။။

591 လွန်ခဲ့သော ၇ နှစ် က

ကျေးဇူးပါဗျ

31,851 လွန်ခဲ့သော ၇ နှစ် က

အပင်သန်ပြီး အသီးမသီးရင် အသီးအပွင့် အားဆေး ဖြန်းလို့ရပါတယ်။ မြေကြီးထဲ ပိုနက် မြေသြဇာ ကျွေးရင်လည်းရပါတယ်။ အသီးပွင့်မလိုက်တာက နေ့ည အပူချိန် ပြောင်းလဲမှုမြင့်တာကြောင့်လဲဖြစ်ပါတယ်။ ကြက်ဥခွံ ရေဆေး အိုးကင်းထဲထည့်လှော် အမှုန့်ကြိတ် အမှုန့်တစ်ဆ ရှလကာရည် ၂ ဆ အချိုးနဲ့ စိမ်ပြီး ၅ -၇ ရက်ထား ပြီး အပေါ်အရည်ကြည်ကိုယူ ရေတစ်လီတာ ဟင်းစားဇွန်းတစ်ဇွန်းနှုန်း ဖျော်ပြီး ဖြန်းရင် ၃-၅ ရက်အတွင်း အပွင့်လိုက်အသီးတင်တာက လက်တွေ့ပါ။ အချိန်ပေးပြီး လုပ်နိုင်ရင် လုပ်ပါ။ အခု လက်ရှိမှာ အသီးပွင့် အားဆေး သို့ ပိုတက်မြေသြဇာ သို့ အပင်နှစ်ပင်ကြား ကျင်းတူး ပုဇွန်ဖွဲ နို့ဆီဘူးတစ်ဘူးထည့် ရေဝနေအောင်လောင်း ကျင်းထဲရေထည့် သို့ ဆားခါး တစ်ဂါလံ ရေတစ်ဇွန်းနှုန်း ဖျော်ပြီး ဖြန်း သို့ ဆိုင်မှာ အသီးအပွင့်အားဆေး မေးဝယ်ပြီး ဖြန်းပါ။ ရေလောင်းတာကို နေအေးချိန်မှာ လုပ်ပါ။ ကိုယ့်နဲ့အဆင်ပြေမယ့်နည်းကို သုံးနိုင်ပါတယ်။ ဆားခါးသုံးရင် ညနေနေအေးချိန်မှ သုံးစေချင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။