အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အောင်ကျော်စွာ
လွန်ခဲ့သော ၇ နှစ် က · ကန့်ဘလူ

အပွင့်ပွင့်ခါနီးရင် အပင်မတ်တတ်ခြောက်ပီးသေကုန်တယ်ဗျ နှစ်တိုင်းပါဘဲ အဲ့ဒါဘယ်လိုပြုပြင်ရမလဲသိရင်ပြော ပြပေးပါလားဗျာ

စိုက်ပျိုးစီးပွား ပဲစင်းငုံ
3

ဖြေကြားချက် ၃ ခု

ye ko oo
ye ko oo 233 လွန်ခဲ့သော ၇ နှစ် က

ထရိုင်ကိုဒါးမားလုပ်တဲ့နည်းလေးသိချင်လို့ ဖြေပေးပါဆရာတို့

သိမ့်ဇာ
သိမ့်ဇာ 79,247 လွန်ခဲ့သော ၇ နှစ် က

ရောဂါဖြစ်စေတဲ့မှိုက မြေထဲမှာနေတဲ့အတွက် နောက်နှစ်တွေမှာ အဲဒီ့နေရာကို ပဲစင်းငုံထပ်မစိုက်သင့်ပါ ။ တခြားသီးနှံစိုက်ပါ။ နှံစားပြောင်းလို သီးနှံမျိုးနဲ့ သီးညှပ်စိုက်သင့်ပါတယ်။ထရိုင်ကိုဒါးမား နဲ့ သဘာဝမြေဩဇာများထည့်ပေးခြင်းဖြင့်လည်းကုသနိုင်ပါတယ်။နှံစားပြောင်းရဲ့အမြစ်ကထွက်တဲ့အရည်က မြေထဲက မှိုကို ပွားမလာအောင်ထိန်းပေးနိုင်ပါတယ်ရှင့် ။ ကာဗန်ဒဇင် အုပ်စုဝင် မျိုးစေ့လူးနယ်ဆေးလဲ အသုံးပြုနိုင်ပါတယ်

ဝတ်မှုံသင်း
ဝတ်မှုံသင်း 6,619 လွန်ခဲ့သော ၇ နှစ် က

မှိုကြောင့်ဖြစ်တဲ့ပင်ညိုးရောဂါဖစ်နိုင်ပါတယ် ၃နှစ်ကနေ၄နှစ်ထိအခြားသီးနှံနဲ့သီးလှည့်စိုက်ပေးသင့်ပါတယ် ရိတ်သိမ်းပြီးအပင်အကြွင်းအကျန်တွေကို မီးရှို့ဖျက်စီး ဖယ်ရှားသင့်ပါတယ် ရောဂါဒဏ်ခံနိုင်တဲ့မျိုးကိုစိုက်ပျိုးပေးနိုင်ပါတယ်

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။