ဖြေကြားချက် ၁ ခု
မြေပြင်ချိန်မှာ တစ်ဧကကို နွားချေး(၁၀၀-၁၅၀)တင်း၊ ပုလဲ(၈)ပြည်၊ တီစူပါ(၂၄)ပြည်၊ ပိုတက်ရှ်(၁၂)ပြည်ထည့်ပေးပါ။ ဂျစ်ပဆန်ကို စိုက်ချိန်တွင် တစ်ဧက ပြည်(၂၀)နှုန်း ထည့်ပေးပါ။ မြေအောင်းပိုးကာကွယ်ရန် တစ်ဧကကို ဖျူရာဒါန်(၅-၆) ထုပ်ကို စိုက်ကြောင်းတွင် ထည့်ပါ၊ ပန်းပြချိန်မှ သီးကင်းဝင်ချိန်အတွင်း ပုလဲ+လက်ချားဖျော်ရည်ကို တစ်ဧက(၅-၆)ပုံး ဖျန်းပါ။ (ရေတစ်ဂါလံတွင် ပုလဲ ဟင်းစားဇွန်း(၄)စွန်း၊ လက်ချား ဟင်းစားဇွန်း(၁)ဇွန်းထည့်ပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပုလဲမြေဆီနှင့်လက်ချား ဖြန်းဖို့ ဖူးပွင့်နေပြီ မိုးစိုက်မိုးမရွာလို့ ညိုးနေတယ် ဖြန်းလို့ အဆင်ပြေနိုင်ပါမလားဆရာ...
ဖြေကြားချက် 2 ခု
ပဲပင်တွေကွက်ပြီးသေနေတယ်ဗျာကူညီကြပါဦးဘာဆေးသုံးရမှာလဲ
ဖြေကြားချက် 1 ခု
ပန်းစပွင့်ချိန်မှာပုလဲ၊လက်ချားနဲ့လုံလောက်တယ်ဆိုတော့၊ကျတော်သိထားတာကနိုက်ထရိုဂျင်နဲ့ဘိုရွှန်နှစ်မျိုးဘဲရှိသေးတယ်...
ဖြေကြားချက် 5 ခု
လက်ချားကများရင်စိုးရိမ်ရလားဆရာဘယ်နှကြိမ်လောက်ဖျန်းလို့ရပါသလဲသိချင်ပါတယ်ဆရာ
ဖြေကြားချက် 2 ခု
ဆေးကြောက်လာမသိဆရာတို့ရေရှင်းပြလိုရလာ
ဖြေကြားချက် 2 ခု