အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
928
လွန်ခဲ့သော ၇ နှစ် က · လှည်းကူး

အောက်ပုံပါ ငါးများသည် နေ့စဉ်သေနေတာကိုတွေ့ရှိပါသည် ဘယ်လိုကာကွယ်ရမည်ကို နားမလည်သဖြင့် အကြံဉာဏ်များရှိပါက တောင်း...

အောက်ပုံပါ ငါးများသည် နေ့စဉ်သေနေတာကိုတွေ့ရှိပါသည် ဘယ်လိုကာကွယ်ရမည်ကို နားမလည်သဖြင့် အကြံဉာဏ်များရှိပါက တောင်းလိုပါသည် ကျေးဇူးတင်ပါသည်

ရောဂါဗေဒ ငါး
Post image
Post image
Post image
Post image
Post image
+၃
10

ဖြေကြားချက် ၁၀ ခု

174 လွန်ခဲ့သော ၆ နှစ် က

မိမိငါးကန်မှာ ရောဂါတစ်ခုခုဖြစ်ပီဟုထင်ရင် ရေသွင်းရေထုတ်သာအမြန်လုပ်ပေးပါ။ရေဟောင်းထုတ် ရေသစ်သွင်းပါ။ရေသန့်ဖို့ကအဓိကပါ။ရေသွင်းပေါက် ရေထုတ်ပေါက် စနစ်တစ်ကျရှိပါစေ။

870 လွန်ခဲ့သော ၇ နှစ် က

ထုံးနဲ့က ဘယ်လိုကုတာလဲ

928 လွန်ခဲ့သော ၇ နှစ် က

ကျေးဇူးပါကိုကျော်စွာ ဒီနေ့တော မိုးရွာကျလိုက်ပြီ စောင့်ကြည့်ပါမယ် ထူးဆန်းတာကတော့ ငါးတမျိုးတည်းသေနေတာ ငါးမြစ်ချင်း တခြားငါးအမျိုးအစားမသေဘူး

22,055 လွန်ခဲ့သော ၇ နှစ် က

ကိုထွန်းလင်းဦးရေ အောက်ခြေနှုံးတွေ ပုတ်မပုတ်စစ်ပါအုံး ရေအနက် ၃ ပေလောက်ဆိုတော့ ရေနည်းလွန်းနေမလား ခင်ဗျာ မိုးမရွာရင် အတော် ရေပူနေပါ့မယ်

116 လွန်ခဲ့သော ၇ နှစ် က

ဖုန်းဘေတွေကုန်တယ်ကွာဒီဆော့ဝဲက

928 လွန်ခဲ့သော ၇ နှစ် က

ဒီကန်ဟာ စီးပွားဖြစ် မွေးထားတာမဟုတ်သလို အစာလည်းပုံမှန်ကျွေးတာမရှိပါဘူး ငါးလည်း over မထည့်ထားပါဘူး

928 လွန်ခဲ့သော ၇ နှစ် က

ကျေးဇူးတင်ပါတယ် ကိုကျော်စွာ အစ်ကိုပြောသလို လုပ်လိုက်ပြီ

928 လွန်ခဲ့သော ၇ နှစ် က

ဦးဇော်နိုင်မြင့် သိချင်တာပြောရရင် ကန်ရဲ့ ဧရိယာ ကတော့ ၇.၃၇ဧက ရှိပါတယ် အနက်ကတော့ တကန်လုံးအတိုင်းအတာနဲ့ဆို ခါးလောက်ပဲနက်ပါတယ် အောက်က အစ်ကိုတစ်ယောက်ပြောသလို အခုပဲ ထုံးဖြန့်ပေးလိုက်ပါတယ် ဒီညကတော့ စောင့်ကြည့်ရမှာပါ ကျေးဇူးတင်ပါသည်

22,055 လွန်ခဲ့သော ၇ နှစ် က

ရေကြောင့်ဖြစ်တာပါ မှိုရောဂါတမျိုးပါ ရေမလဲနိုင်ပါက မိရိုးဖလာနည်းနဲ့ထုံးသုံးကုပါ ၂ ရက်ပါဘဲ ကုချိခန်မှီပါသေးတယ်

2,959 လွန်ခဲ့သော ၇ နှစ် က

ညီလေး ငါးကန်အကျယ်နဲ့ငါးထဲ့ထာသောနှုံးဖော်ပြပါအုံး ရေအနက်ဘယ်လောက်ရှိလဲသိပါရစေ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။