ဖြေကြားချက် ၁ ခု
ဖရုံ စိုက်ပျိုးနည်း အစိမ်းရောင်လမ်း ၁။ မူရင်းဒေသ ရွှေဖရုံကို တောင်အမေရိကတိုက်နှင့် မြောက်အမေရိကတိုက်အကြား အပူအပိုင်းဒေသတွင် စတင်ပေါက်ရောက် သည်ဟု ယူဆရသည်။ ၂။ အမျိုးအစား မြန်မာနိုင်ငံတွင် ရွှေဖရုံသီးမျိုးပေါင်း မြောက်များစွာရှိပြီး အသီးပုံသဏ္ဍာန်နှင့် အရွယ်အစား အမျိုးမျိုးလည်း ရှိ သည်။ အချို့အသီးမှာ ဘောက်စောက်ဖြစ်၍ နှစ်ပေခန့်အထိရှည်သည်။ အချို့မှာ ဝိုင်း၍ ပြားပြီး အမြှောင်းထ သည်။ ထိုမျိုးတွင် စေးသောမျိုးနှင့် မစေးသောမျိုးဟု (၂) မျိုးရှိသည်။ စေးသောမျိုးသည် ရွှေဝါရောင်အသားရှိ၍ မာသည်။ မစေးသောမျိုးက အသားပွ၍ အဝါရောင်ဖျော့သည်။ အရှည်မျိုးမှလွဲ၍ ကျန်မျိုးများမှာ အလုံးသေးကြ သည်။ မြန်မာအမည်မှာ ရွှေဖရုံဖြစ်ပြီး၊ အင်္ဂလိပ်အမည်မှာ Pumpkin ဟုခေါ်သည်။ ၃။ စိုက်ပျိုးသည့် ဒေသ၊ ရေမြေ၊ ရာသီဥတု မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် အကြီးအကျယ်စိုက်ပျိုးပြီး အောက်မြန်မာပြည် တွင်လည်း အနည်းကျဉ်းစိုက်ပျိုးကြသည်။ မြေဆီဩဇာထက်သန်မှုကိုကြိုက်သောကြောင့် နုန်းဆန်သောမြေ၊ မြေနီသဲဝန်း၊ နုန်းစနယ် မြေများတွင် စိုက်ပျိုး ရန် သင့်တော်သည်။ မြေချဉ်ငံဓာတ် (၆ - ၆.၅) အတွင်းတွင် ပိုမိုဖြစ်ထွန်းသည်။ ပူနွေးသောရာသီဥတုတွင် ပိုမိုဖြစ်ထွန်းသော်လည်း အတော်အသင့်အေးသော ရာသီတွင်လည်း စိုက်ပျိုးနိုင်ပါ သည်။ အသက်ရက် (၁၀၀) မှ (၁၂၀) အထိရှိသည်။ သက်တမ်း ၄ လ အတွင်း ဆီးနှင်းကင်းသောအရပ်ဒေသတွင် စိုက်ပျိုးရန် လိုအပ်ပါသည်။ ၄။ မြေပြုပြင်ခြင်း ရွှေဖရုံစိုက်ပျိုးရန်အတွက် ထယ်တစ်စပ်ထိုးပြီးနောက် ထွန်ဖြင့် (၆ - ၈) စပ်အထိ ထွန်ရေးကောင်းရသည်အထိ ထွန်ပေးရန်လိုသည်။ ပြီးနောက် ကြမ်းတုံးရိုက် မြေညှိထားရမည်။ ၅။ မြေဩဇာကျွေးနည်း တစ်ဧကလျှင် နွားချေး တန် (၂၀) မှ (၃၀) ထိ၊ ယူရီးယား တစ်ဧကလျှင် (၂၂၄) ပေါင်၊ ဖော့စဖိတ် (၁၁၂) ပေါင် ထည့်ပေးရန်လိုအပ်သည်။ ယူရီးယား (၁၁၂) ပေါင်နှင့် တီစူပါ (၁၁၂) ပေါင်ကို ထယ်ရေးပြင်ချိန်တွင် ထည့်ပေးပြီး သမအောင်ထွန်မွှေပေးပါ။ ကျန်ယူရီးယား (၁၁၂) ပေါင်ကို ပန်းစပွင့်ချိန်တွင် အခင်းတွင်းကြဲပက်ပေးရသည်။ ၆။ မျိုးပွားနည်း / စိုက်ပျိုးနည်း ရင့်မှည့်သောအသီးမှ မျိုးစေ့ခံယူပြီး မျိုးပွားရသည်။ ရွှေဖရုံကို မိုးဦးတွင် မေလနှင့်ဇွန်လတွင် စိုက်ပျိုးပြီး ဆောင်းရာသီတွင် အောက်တိုဘာလနှင့်နိုဝင်ဘာလများတွင် စိုက်ပျိုးသည်။ ထယ်ရေးကောင်းစွာရပြီး ကြမ်းရိုက် မြေညှိထားသောအကွက်တွင် (၃) ပေခြား၊ တစ်တန်းနှင့်တစ်တန်း (၂၀) ခွာ၍ တစ်ကျင်းတွင် (၃ - ၄) စေ့ချစိုက် ပါ။တစ်ဧကမျိုးစေ့နှုန်းမှာ (၂ - ၃) ကီလိုဂရမ်ဖြစ်ပါသည်။ ဆောင်းစိုက်တွင် ရေတစ်ကြိမ် နှစ်ကြိမ် သွင်းပေးရန် လိုအပ်ပါသည်။ ၇။ အပင်ပြုစုနည်း ရွှေဖရုံပင်ငယ်များတစ်လသားခန့်ရှိသောအခါ ကြားထွန်ဝင်ပေးပြီး အပင်ခြေရင်းရှိပေါင်းများကို လက်ပေါင်းလိုက် ပေးပါ။ အခြေအနေအရ (၁၅) ရက်ခြား (သို့) (၂၀)ရက်ခြား ပေါင်းလိုက်ပေးရန်လိုအပ်သည်။ မိုးများလျှင် အခင်းတွင်း ရေမဝပ်စေရန်ရေထုတ်ပေးရပါမည်။ ၈။ အသီးခူးဆွတ်နည်း စိုက်ပြီး အပင်သက်တမ်း (၁၀၀ - ၁၂၀) ရက်ကြာလျှင် အသီးများရင့်မှည့်ပြီဖြစ်၍ စတင်ခူးနိုင်သည်။ ရွှေဖရုံသီး များကို ကောင်းစွာရင့်မှည့်မှည့်မှ ဆွတ်ခူးရန်လိုသည်။ ဖရုံသီးကို အညှာဖြင့်ထားပါက ပိုမိုကြာရှည်စွာ ထားနိုင် သည်။ ရွှေဖရုံသီးတစ်ဧကလျှင် (၁၅၀၀ - ၂၀၀၀)အထိ သီးနိုင်ပါသည်။ ၉။ မျိုးစေ့ထုတ်လုပ်နည်း ရင့်မှည့်၍ရောဂါကင်းသော ရွှေဖရုံသီးကို ထက်ခြမ်းခွဲပြီး အစေ့များထုတ်ယူပါ။ ထို့နောက်အစေ့များကိုရေဆေးပြီး နေ လှန်းပါ။ သန့်ရှင်းခြောက်သွေ့သောအစေ့များကို လေလုံဘူး (သို့) ပုလင်းထဲ ထည့်သွင်းသိုလှောင်နိုင်ပါသည်။ ၁၀။ သတိပြုရန်အချက်များ (၁) ရွှေဖရုံစိုက်ရာတွင် ကျိုင်းကောင်ကို အထူးဂရုစိုက်နှိမ်နင်းရန် လိုအပ်သည်။ (၂) အသီးတင်နည်းပါက အမပွင့်များအား အဖိုပွင့်မှ ဝတ်မှုံကူးပေးရန်လိုအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
အခုလ ကျောက်ဖရုံပင် စိုက်ရင်ရနိုင်လား
ဖြေကြားချက် 2 ခု
ဖြေကြားချက် 1 ခု
ရွှေရုံသီးတွေ မကြီးခင် အရွယ်သေးကနေမတက်ဘူး ဖြစ်နေလို့ ဘာဆေးတွေများ သုံးရမလည်း ဆရာများ အကြံညဏ်ပေးပါကြပါဗျ...
ဖြေကြားချက် 6 ခု
ဖရုံစိုက်ပျိုးထားတယ် အသီးသီးစေချင်တယ်အညွန့်ဖြတ်သင့်မဖြတ်သိချင်တယ်ညွန်ပေးပါလားပညာရှင်တို့
ဖြေကြားချက် 6 ခု
ကျတော့ဖရုံပုံပါအတိုင်းတချို့အသီးတင်ပြီးတချို့မတင်ဒါဘာကြောင့်လဲနောက်ပြီးသီးစပဲရှိသေးတယ်ပုတ်သွားတယ်အကြံပေးဗျ
ဖြေကြားချက် 2 ခု