အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
638
လွန်ခဲ့သော ၇ နှစ် က · ကန်ကြီးထောင့်

ထိုင်ဝမ် ငါးပြည်မ ဘယ်လိုမွေးရပါလဲ မွေးမြူနည်းနဲ့ သူ့ရဲ့ကြီးထွားနှုံးသိချင်ပါတယ် မွေးမြူချင်လို့သားပေါက်ဘယ်မှာ...

ထိုင်ဝမ် ငါးပြည်မ ဘယ်လိုမွေးရပါလဲ မွေးမြူနည်းနဲ့ သူ့ရဲ့ကြီးထွားနှုံးသိချင်ပါတယ် မွေးမြူချင်လို့သားပေါက်ဘယ်မှာဝယ်ရလဲ ဈေးနှုံနဲ့တကွ ဖော်ပြပေးစေချင်ပါတယ် ခင်ဗျာ

မွေးမြူနည်း ငါး
10

ဖြေကြားချက် ၁၀ ခု

638 လွန်ခဲ့သော ၇ နှစ် က

ကျေးဇူးပာအကိုရာ ခုလိုဖြေကြားပေးတော့ ကျွန်တော်တို့လိုလူတွေ အဆင်ပြေတာပေါ့

22,055 လွန်ခဲ့သော ၇ နှစ် က

မျိုးကောင်းမျိုးသန့်ကတော့ ငါးပြေမမှာ အဖြူနည်းတာ အရောင်ညီတာကို ရွေးပါ

22,055 လွန်ခဲ့သော ၇ နှစ် က

ရောင်းတန်းအတွက် မြေကန် ၂ လ အခြားကန် ၃ လနဲ့အထက်ပါ

22,055 လွန်ခဲ့သော ၇ နှစ် က

ငါးအသေအပျောက်တော့ ခန့်မှန်းဖို့ မတတ်နိုင်ပါ ဘုရားဘဲ သိမယ် ဟဲဟဲ

22,055 လွန်ခဲ့သော ၇ နှစ် က

ဒုတိယမေးခွန်း FRC 1:3 မို့ မိမိဒေသဈေးကွက်တောင်းဆိုချက်အရ မိမိငါးအရွယ်ရောက်ဖို့ အစာကျွေးရပါ့မယ် သာမာန်အားဖြင့် ငါးသားပေါက်ဖိုးရဲ့ ၂ ဆ အစာဖိုးကုန်ကျပါတယ်

22,055 လွန်ခဲ့သော ၇ နှစ် က

ပထမ မေးခွန်းအတွက် ကန်အမျိုးအစားပြောပါ

638 လွန်ခဲ့သော ၇ နှစ် က

kokyaw ခင်ဗျာငါးပြေမ. စမွေးမယ်ဆိုဘာတွေလိုအပ်လဲ အကောင်တထောင်မွေးမယ် ဆိုရင် အစာဘိုးမည်မျှကုန်ကြပါသလဲ ငါးအသေအပြောက် က ခန့်မှန်းခြေဘယ်လောက်ရှိနိုင်ပါလဲ ရောင်းတန်းဝင်ထိ ဘယ် နှစ်လ. မွေးရလဲ မျိုးကောင်းမျိုးသန့်ဘယ် လိုရွေးချယ်ရမလဲ အလင်းပြပေးစေချင်ပါတယ် ခင်ဗျာ

22,055 လွန်ခဲ့သော ၇ နှစ် က

Yanyu ငါးပုံနဲ့ဘဲ

1,745 လွန်ခဲ့သော ၇ နှစ် က

အစ်ကို fb အကောင့်လေး ပေးပါအူးဗျ

22,055 လွန်ခဲ့သော ၇ နှစ် က

မြေကန်နဲ့အစာစနစ်ကောင်းရင် ၃ လကို ၅ ကျပ်သားဝန်းကျင်ရောက်ပါတယ် သားပေါက်က ၀၉၉၅၁၅၁၇၂၂၃ ဈေးက တစ်ကောင် ၃၀

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။