ဖြေကြားချက် ၆ ခု
ကျေးဇူးတင်ပါတယ် ဗျ
EM ဆိုသည်မှာ ======== EM ကို သာမန်လူများ နားလည်လွယ်အောင်ဖေါ်ပြရလျှင် အချည်ဖေါက်ထားသော ဇီဝဖျော်ရည် တစ်မျိုးဖြစ်သည် ဗမာတို့ နှစ်သက် သောက်သုံးတက်သော ဒိန်ချည် (သို့မဟုတ်) အနောက်တိုင်းသားတို့ နှစ်သက်လှသော ဒိန်ခဲ တွင်ပါဝင်သည့် အလင်းခံ၌ အချည်ဖေါက်ထားသော ဓါတ်ပစ္စည်း ( လက်တစ်အက်စစ်၊ ဘက်တီးရီးယား) အရက်ချက်ရာ၌ ကဇော် ဖေါက်ခြင်း ပါမုန့်ဖုတ်ရာ၌ ဂျုံး ကိုဖေါက်ခြင်း ၊စသည့်တို့၌ သုံးသည် တဆေး (ယိစ်) ၊ စိမ်းပြာရေညှိနှင့် အမျိုးတော်သည် အညှိ ဓါတ်တစ်မျိုး (ဖို တို ထရော့ဖ် ဘက်တီးရီးယား) စသည့် ဓါတ်ပစ္စည်းများ ကို သကာရည် ၊ တင်လဲရည်တွင် ဖျော်ထားခြင်းပင် ဖြစ်သည်၊ဒိန်ချည်သည် အူလမ်းကြောင် း အတွင်းရှိ အဖျက်ပိုးများကို သေစေပြီး အစာကြေ လေဝမ်းမှန်စေကာ ကျန်းမာရေးအတွက် အထူးကောင်းမွန် ကြောင်းလူသိများသည်၊ကဇော်ဖေါက်သည့် တဆေးမှာလည်း ဗီတာမင်များ ထုတ်လုပ်ပေးရာတွင် နံမည်ကြီးသည် တစ်ချိန်က ဘီပီအိုင် စက်ရုံမှ ထုတ်လုပ်ပေးခဲ့သော ဘားပလက်၊ ကွန်းပေါင်းဗီတာမင်ဆေးပြားများသည် အရက်ချက်စက်ရုံးများမှ ပိုလျှံသော တဆေးများကို အခြေခံ၍ ထုတ်လုပ်ခြင်း ဖြစ်သည်။ တဆေး၏အစွမ်းကို သိသော တရုတ်လူမျိုးတို့က ကြက်ဥနှင့် ကဇော် ဖက်ကို ရောစပ်၍ ကြက်ဥ ကဇော်ကို မဟာအားဆေး ဓါတ်စာ တစ်ခုအဖြစ်စားသောက်လေ့ရှိကြသည်။ စိမ်းပြာရေညှိ မှာလည်း အစွမ်းထက်သော သြဇာ ဓါတ်တစ်မျိုး ဖြစ်ကြောင်း လူတိုင်းသိပြီ ဖြစ်သည် ။အဆိုပါ ဓါတ်ပစ္စည်းများကို ပေါင်း စပ်လိုက်သောအခါ လူကို ဥပါဒ် မပေး တက်သော ဓါတု ဆေးဝါးများဖြင့် ထုတ်လုပ်ခြင်းမဟုတ်သော သဘာဝနည်းစဉ် ဖြင့် ထွက်ပေါ်လာသည့် အစွမ်း ထက် ဇီဝဖျော်ရည် ရရှိလာာခြင်း ဖြစ်သည်။ EM ဖျော်ရည် အစွမ်းထက်ရခြင်းမှာ ဖျက်ပိုးများကို နှိမ်းနင်းပေးခြင်း၊ ဇီ၀ ပစ္စည်းများကို ဆွေးမြေ့အောင် လုပ်ပေးခြင်းနှင့် အကျိုးပြု သြဇာ ဓါတ်များ ထုတ်ပေးခြင်းဟူသော အဓိက အစွမ်း သတ္တိ ၃ မျိုးကြောင့် ဖြစ်လေသည်။ဒိန်ချည် တွင် ပါဝင်သည့် အချည် ဓါတ် အလင်းများက ပိုး သတ်ရာတွင် အစွမ်းထက်သည့် ပစ္စည်းနေသော ဇီဝပစ္စည်းများ အသားမျှင်များကို အမြန်ဆုံးဆွေးမြေ့ သွားစေသည်။ လူ/ တိရိစ္ဆာန် တို့၏အညစ်အကြေးများ ၊ ပုတ်သိုးသော အစားအစာများ ၊အမှိုက်များ၊ အသေကောင်ပုတ်များ လေဝင်လေထွက်နည်း၍ အစိုပြန်သော အခန်းများ ၊ အနံအသတ် နံစောခြင်းမှ မကောင်းသော ရော ဂါ သယ်ဆောင်သော ဘက်တီးရီးယား ပိုးမွှားများကြောင့် ဖြစ်သည်။ ယင်းပိုးများကို အချဉ် ဓါတ်ဖြစ်စေသည့် အကျိုးပြုပိုးများက သတ်ပစ်လိုက်သည့် အတွက် အနံ အသတ်နှင့် ကျန်းမာရေးကို ကောင်း စေခြင်း ဖြစ်သည်။ တဆေး ဓါတ်က သက်ရှိများ ၏ဇိ၀ ဖြစ်စဉ်ကို လှုံံ ဆော် ထိမ်းကြောင်းပေးသော ဟော်မုန်းဓါတ်များနှင့် အင်ဇိုင်းများကို ထုတ်လုပ်ပေးသည်။ ဒိန်ချဉ် အလင်းဓါတ် နှင့် အညှိ ဓါတ်များ ပိုမို တိုးပွား အားကောင်းလာစေရန်လည်း ထောက်ပံ့အားပေးသည်။အညှိဓါတ် ကမူ အပုတ်အသိုးဆွေးမြေ့နေသော ဇီ၀ ဓါတ်ပစ္စည်းများ အနံအသတ်ဆိုးသော ကန့်အောက်ဆိုဒ် ဓါတ်ငွေ့များကို နေရောင်ခြည်နှင့် မြေတွင်းမှ အပူဓါတ်တို့ဖြင့် ချက်လုပ်ပေးသည့် သကြားဓါတ်နှင့် အခြားအကျိုးပြု ဓါတ်ပစ္စည်းများကို ထုတ်လုပ်ပေးသည် အညှိဓါတ် ကထုတ်လုပ်ပေးသည့် သကြားဓါတ်သည် အချဉ်ဖေါက်ရာတွင် အသုံးတည်ပြန်သည်။ EM အသုံးများ ---------------- EM ကိုအဓိက အားဖြင့် စိုက်ပျိုးရေး တွင် သုံးသည်မြေပြင်ချိန်မှ စ၍ ရိပ်သိမ်းြ့ပီးချိန်ထိ EM ကို အမျိုးမျိုးသုံးနိုင်သည်။ EM သည် မြေဆီလွှာကို ချဉ်ငန် ဓါတ် သင့်တင်မျှအောင် ထိန်းပေးသည်။ အပင်အားကောင်းစေသည် အသီးအပွင့်လှသည်။ အသီးအပွင့် အရွက်များ၌ ဗီတာမင်နှင့် အဟာရ ဓါတ်များ ကြွယ်၀ စေသည် ပေါင်းရှင်းရ သက်သာစေသည် ၊ ရောဂါပိုး အကျနည်းသည်။ရိပ်သိမ်းပြီးချိန်၌ EM ဖြန်းပေးပါက စွန့်ပစ်အရိုးအရွက်များ လျှင်မြန်စွာဆွေးမြေ့က မြေသြဇာ ဖြစ်ပြီး မြေနှပ်ပြီးသွား ဖြစ်သွားစေသည်။ EM ကို မွေးမြူရေး၌လည်း အသုံးပြုနိုင်သည် ကြက်ခြံများ၌ အောက်စပါးခွံတွင် EM ဖြန်းထားပါက အနံဆိုးပျောက်သည် ကြက်သောက်ရေ တွင် အနည်းငယ်ထည့်တိုက်ပါက ကြက်များရောဂါ ကင်းပြီး ဥနှုန်းကောင်းသည် ဥအရွယ် ပို၍ကြီးသည် ဝက်များတွင်လည်း EM ကိုအစာ၍ ထည့်ကျွေးလျှင် အသားတိုးကောင်းပြီး ရောဂါကင်းစင်ပြီး နွားများ၍လည်း အလားတူပင် ဖြစ်သည်။ ဝက်ချေး နွားချေးပုံများ၌ EM ကို ရော၍ ဖြန်းထားပါက အနံဆိုးပျောက်၍ မြေဆွေး ဖြစ်လွယ်သည်။ EM ဖြန်းထားသော နွားချေးမြေဆွေးက ပို၍ မြေသြဇာကောင်းသည်။ ငါးကန်ပုဇွန် ကန်များ ၍ EM ထည့်ပေးပါက ငါး ပုဇွန်များ ရောဂါကင်းပြီး အသားတိုးသည်။ အမိုနီးယား ဓါတ်ငွေ့ ထွက်ခြင်း လျှော့ပါးစေသည် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး အတွက်လည်း EM ကို များစွာအသုံးပြုလျှက်ရှိသည်။ မြို့ကြီးများ၍ အမှိုက်ပုံကြီးများကို EM ထည့်၍ နှပ်ထားလိုက်ပါက အနံအသက် ကင်း စင်ပြီး အလျှင်အမြန်မြေဆွေး ဖြစ်သွားသည်။ ယင်ကောင်များ မပေါက်ဖွားစေရန် ဟန်တားပေးသည်။ အမှိုက်ထုထည် လျှော့ကျသွားစေသည်။ မိလ္လာရေဆိုး စနစ်များတွင်လည်း EM ဖျော်ရည် ထည့်၍ စစ်ထုတ်ပါက ရောဂါပိုး ကင်းစင်၍ သန့်ရှင်းသော ရေသန့်မျာ းပြန်ထွက်လာသည် ။ကြွမ်းကျန်သော အညစ်အကြေးမှာလည်း လျှင်မြန်စွာဆွေးမြေ့၍ ထုထည်ရာခိုင်နှုန်း ၈၀ ခန့် လျှော့ကျသွားသည်။ညစ်ညမ်းသော စက်မှုသုံးရေများ အဆိပ်သင့် ဓါတုပစ္စည်းများ ရောနှောနေသော မြေကြီးများကို သန့်စင်ရာ၌လည်း Em ကိုသုံးသည်။ သဘာဝရေအိုင်ရေ ကန်များညစ်ပတ်နေလျှင် ရေညှိမှော်များနေလျှင် သန့်ရှင်း စင်ကြယ်စေရန်လည်း Em ကို သုံးသည်။ သန့်ရှင်းစေပြီး အနံဆိုး ပျောက်စေသောကြောင့် EM ကို အိမ်သုံး ပစ္စည်း အဖြစ်ပါ တွင်တွင်ကျယ်ကျယ် သုံးလာကြပြီး ဖြစ်သည်။ ခြေအိတ်စွတ် ရှုးဖိနပ်စီးသူများ ခြေထောက်နံစော်ခြင်း ပျောက်စေရန် EM နှင့် အမွှေးနံပေါင်း စပ်ထားသော ရေနွေးဖြင့် စိမ့်ကြသည်။ အိမ်သာ ဆေးခြင်း၊ ပုဂံရေဆေးခြင် း ၊ အမှိုက်ပုံဆေးခြင်း ကြမ်းတိုက်ခြင်းမှ အစ မော်တော်ကား အနံအသက်ပျောက်ဆေး အထိ EM က နေရာယူလာသည်။ ဟင်းသီးဟင်းရွက် အသားငါး စဉ်နီတုံး ဆေးကြောခြင်းမှ အစ EM ရော စပ်ထားသော ရေကိုသုံးလာပြီး ဖြစ်သည်။ အမြင်ကျယ်သူများက EM ကို လူတို့သောက်သုံးသည့် ကျန်းမာရေး အဟာရ အဖြစ် ဖျော်ရည် အဖြစ် တီထွင်ထုတ်လုပ်လာသည်။ တောင်အာဖရိကမှ သောက်သုံးသူများ၏ အဆိုအရ ၎င်း ဖျော်ရည်သည် ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ကိုယ်တွင်းရှိ မကောင်းသော ပိုးများကို နှိမ်းနင်းပေးသည့်အတွက် AIDS ရောဂါသည်များပင် အနာများပျောက်ကာ ကျန်းမာရေး ကောင်းလာသည်ဟု ဆိုကြသည်။ အထူးသဖြင့် အပုတ်အစပ်ကို နိုင်သည် ဆီးချိုကြောင့် မပျောက်နိုင်သော အနာဆွေးများ အစာချက်နည်း ၍ ခေါင်းမူးခေါင်းကိုက်ခြင်းများ အစာမစားနိုင်၊ အားနည်းသော နာတာရှည် ရောဂါသည်များ နှင့် အထူးသင့်လျှော့သည် ဟုဆိုသည်။ ရပ်ရွာများတွင်အစဉ်အလာအရ မိုးရေများကို လှောင်ထားသည့် သောက်သုံးရေကန်များရှိသည်။်။ ထိုကန်များကို သန့်ရှင်းအောင်လုပ်ရာတွင် အလွယ်ဆုံးနှင့် စရိတ်အနည်းဆုံးနည်းမှာ EM ပင်ဖြစ်ပေသည်။ EM ကိုရေ အဆ ၁၀၀၀ လျှင် EM ၁ ဆနှုန်းထည့်ပေးပါကရေသည် PH 7 အဆင့်မြင့်ပိုးသတ်ပြီး သားဖြစ်သွားမည့် အပြင် ကန်ထဲတွင်ကျနေသော အမှိုက်သရိုက်များ၊ အကောင်ပုတ် စသည့် တို့လည်း လျှင်မြန်စွာ ဆွေးမြေ့ပျောက်သွားမည် ဖြစ်ပါသည်။ ဝမ်းနှင့် ပတ်သက်သော ရောဂါများမပြန့်ပွားရေးအတွက် အိမ်သာသည် အဓိကဖြစ်သည်။ အိမ်သာများ၌ ကျင်းအတွင်း EM ကို ရေနှင့် ၁း၁၀၀ ဖြင့်လောင်းထည့်ပါက ပိုးသတ်ပြီးဖြစ်ကာ ယင်များ မပေါက်ဖွားနိုင်ပါ။ ရွာအမှိုက်ပုံများတွင်လည်း အလားတူ EM ဖြန်းထားပါက ယင်ပေါက်ပွားမှုကင်းပြီး သဘာ၀ မြေသြဇာ မြေဆွေးများရရှိနိုင်မည် ဖြစ်ပါသည်။ စိုက်ပျိုးရေးနှင့် ပက်သက်ပြီး EM ဘိုကာရှီးသဘာ၀ မြေသြဇာလုပ်ပြီး အတိုင်းအတာ တစ်ခုအထိဖြည့်ဆည်း ပေးနိုင်ပါသည်။မုန်တိုင်းဒဏ်ကြောင့် လဲကြနေသောသစ်ပင်များမှ သစ်ကိုင်းများ၊ သစ်ခတ်များ၊သစ်ရွက်များကို EM ဖြန်းထားပေးခြင်း ရောနှောပေါင်းစပ်ကာ မြေဆွေးလုပ်နိုင်ပါသည်။ EM သည် မြေဆီလွှာ ချဉ်ငံ့ဓါတ်ကို မျှတအောင်သတ္တိရှိရာ ဆားငံ့ရေ ဝင်ထားသော လယ်မြေများအတွက် အကျိုးရှိနိုင်သည်။ ငါးပုဇွန်ကန်များအတွင်း အထွက်တိုးစေရေးအတွက် EM က အထောက်အကူပြုနိုင်ပါသည်။ ဦးကိုကိုလှိုင် (အထက်ပါ ဆောင်းပါးအား သာကီနွယ် မြန်မာသတင်း ဝဘ်ဆိုဒ် ကျေးလက်ကဏ္ဍ မှကောက်နှုတ်ဖော်ပြပါသည်။)
မြေကန်နဲ့ပဲမွေးပါ
တင်ထားတာတွေ ရှိပါတယ် သူက စိုက်မွေးလောကမှာ အရေးပါတယ် လေ့လာကြည့်ပါ
Em ကဘာကိုပြောတာလဲ အသေးစိတ်ပြောပေးပါလားဗျ တကယ်ကို ဘာမှမသိလို့
ရေညှိတက်အောင်ထားမွေး ဒါမှမဟုတ် EM ထည့်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ငါးခူသားပေါက်ရှမ်းတောင်ဘယ်မှာရနိုင်မလဲဝယ်ချင်လို့ပါ
ဖြေကြားချက် 4 ခု
ထိုင်းငါးပြေမ ၃၀၀၀ ကို ပေ ၃၀×၁၅×၁.၅ ပေဖြင့် တာပေါ ်လင်ကန်ဖြင့်မွေးထားပါသည် ဘယ်နှစ်ရက်ကို တခါ ရေလှယ်ပေးသင့်ပါသ...
ဖြေကြားချက် 3 ခု
အခု Online မှာ ငါးသားပေါက်ရောင်းနေတဲ့ ထိုင်းငါပြေမဆိုတာမွေးမြူသင့်ပါသလားခင်ဗျာ ဈေးကွက်ရောရှိလားသိချင်လို့ပါခင်...
ဖြေကြားချက် 3 ခု
ငါးဆေးထိုးသားဖေါက်ဖို့အတွက်ထိုးဆေးဘယ်မှာဝယ်လို့ရမလဲဗျ(ဧရာဝတီတိုင်း ပုသိမ်ကပါ) ပြီးတော့ဥကပေါက်လာမဲ့ငါးမှုန်အစာM...
ဖြေကြားချက် 1 ခု
ထိုင်းငါးပြေမလေးတေ ပုံထဲကလိုသေနေတာ ဘာလုပ်ရမလဲ ဆရာတို့ပြောပေးပါလားဗျာ တာပေါ ်လင်ကန်နဲ့ပါ
ဖြေကြားချက် 4 ခု