အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
nainglinaung
nainglinaung 176
လွန်ခဲ့သော ၇ နှစ် က

ပုံပါအတိုင်း ခရမ်းပင်က အပွင့်တွေ အရမ်းများပီး အသီးထည့်လာမှ ပုတ်ပုတ်သွားလို့ပါ ဘာဖြစ်တာလဲမသိလ်ု့ိပါ နားလည်တက်ကျွမ်းတဲ့ဆရာများ ဖြေကြားပေးပါဦးဗျာ

စိုက်ပျိုးစီးပွား ခရမ်းသီး
Post image
Post image
Post image
1

ဖြေကြားချက် ၁ ခု

ayethandasoe
ayethandasoe 31,854 လွန်ခဲ့သော ၇ နှစ် က

အညွှန့် စတင်ချိန်ကစ အပွင့် အသီးကြီးတဲ့အချိန်ထိ ကျတဲ့ ပွင့်ထွေးပိုးပါ ဖျက်ပိုးလောက်ကောင်ဟာ အညွှန့်မှာ ဥ အုခဲ့ပြီး လောက်ကောင်ကြီးထွားမှုအဆင့်အဆင့်အရ ပိုးက အသီးထဲထိရောက်တာပါ အသီးကြီးတဲ့အချိန် အသီးမှာ ပိုးဖောက်ရာမတွေ့ရဘဲ အသီးကိုခွဲလိုက်မှ လောက်ကောင်ကိုတွေရတဲ့အထိ ကျပါတယ် အပွင့်စတင်ချိန်မှာ ပင်လုံးပြန့်ပိုးသတ်ဆေး အဆိပ်ပစ္စည်း အင်မီဒါကလိုပစ် သို့ လင်ဒါစိုင်ဟေလိုသရင် ပါတဲ့ ပိုးသတ်ဆေး ဖြန်းပါ အညွှန်းပါအတိုင်းဖြန်းပါ မြေကြီးထဲကို အပင်တစ်ပင်လျှင် ဆာခါး လဘက်စားဇွန်းတစ်ဇွန်း နှုန်း ရေလောင်းပြီးချိန် ထည့်ပေးပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။