အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
232
လွန်ခဲ့သော ၇ နှစ် က · ဒဂုံ

လျှော်ဖြူစိုက်ပျ ိုးရေအကြောင်လေးသိရင်ရှင်ပြပေပါခင်ဗျာ? ဘယ်လိုမြေအမျ ိုးအစားမှာ စိုက်ပျ ိုးလို့ဖြစ်ထွန်ပါသလဲ?...

လျှော်ဖြူစိုက်ပျ ိုးရေအကြောင်လေးသိရင်ရှင်ပြပေပါခင်ဗျာ? ဘယ်လိုမြေအမျ ိုးအစားမှာ စိုက်ပျ ိုးလို့ဖြစ်ထွန်ပါသလဲ? လျှော်ဖြူရဲ့ဈေကွတ်အကြောင်ကိုလဲသိချင်ပါတယ်ခင်ဗျာ?

စိုက်ပျိုး ဗဟုသုတ လျှော်ဖြူ
2

ဖြေကြားချက် ၂ ခု

232 လွန်ခဲ့သော ၇ နှစ် က

အသေးစိတ်ရှင်းပြသိအတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ

1,856 လွန်ခဲ့သော ၇ နှစ် က

လျှော်ဖြူပင်ဆိုသည်မှာ ဆေးကုလားမ(ခေါ်) လျှော်ဖြူစေးထုတ်ယူရရှိသည့် သစ်ပင်တစ်မျိုး ဖြစ်ပါသည်။ ရုက္ခဗေဒ အမည်မှာ Sterculia Versicolour Wall ဖြစ်ပါသည်။ မျိုးစဉ် Mavales တွင်ပါဝင် ပြီး မျိုးရင်းသည် Sterculiceae ဖြစ်ပါ သည်။ လျှော်ဖြူပင်သည် သဘာဝအားဖြင့် နှစ်ရှည်ပင် အပင်ကြီးမျိုးဖြစ်ကာ အရွက်မှာရွက်ရိုးတံတစ်ခုအပေါ် တည်ရှိနေသော ရွက်မွှာ ၅-၇ ရွက်ရှိ လက်ဝါးပုံ ရွက်ပေါင်းအမျိုးအစားဖြစ်ပါသည်။ ပင်စည်အသား မှာ သစ်ပွမျိုးဖြစ်ပါသည်။ ပင်စည်အခေါက်အတွင်း၌ လျှော်မျှင်များနှင့် အစေးများ ဖွဲ့စည်းတည်ရှိနေ၍ ၎င်းအပိုင်းမှ အစေးများထုုတ်ယူရရှိခြင်းဖြစ်ပါသည်။ အသုံးပြုပုံ လျှော်ဖြူပင်မှ ထုတ်ယူရရှိသော လျှော်ဖြူစေးသည် ဂျယ်လတင် (Galactangelose) ပါဝင်မှုကြောင့် ရေကိုအဆများစွာစုပ်ယူ၍ ပွစေနိုင်ခြင်း၊ ရေနှင့်ပေါင်းစပ်၍ နူးညံ့ပျော့ပြောင်းသော ဂျယ်အဖြစ် ပုံ သဏ္ဍာန်အမျိုးမျိုး ပြောင်းလဲစေနိုင်ခြင်း အပြင် စေးပျစ်စေခြင်း၊ ကော်ကပ်နိုင်စွမ်း ရှိခြင်းနှင့် အက်စစ်ပျော့များနှင့် အနုဇီဝပိုး များ၏ ခြေဖျက်တိုက်စားမှုဒဏ် ခံနိုင်ရည်ရှိ ခြင်းစသည့် ထူးခြားသည့်ရုပ်နှင့် ဓာတ်ဂုဏ်သတ္တိများရှိခြင်းကြောင့် ကမ္ဘာပေါ်ရှိ လူသုံး ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ၊ စက် မှုလုပ်ငန်းများတွင် ကျယ်ပြန့်စွာအသုံးပြု ကြပါသည်။ အထူးသဖြင့် စားသောက်ကုန် သရေစာနှင့် မုန့်လုပ်ငန်းများ၊ အလှကုန် ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ၊ ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းများ၊ ယက္ကန်းနှင့် အထည်အလိပ်လုပ်ငန်းများ၊ ပုံနှိပ်လုပ်ငန်း များတွင် လျှော်ဖြူစေးကို အမျိုးမျိုးသုံးစွဲ ကြပါသည်။ မြန်မာနိုင်ငံတွင်မူ လျှော်ဖြူ စေး(ခေါ်)ဆေးကုလားမအား ရေခဲမုန့်၊ ရွှေ ရင်အေး၊ ဖာလူဒါ စသည့်ရိုးရာစားသောက်ကုန်လုပ်ငန်းများတွင် သုံးစွဲကြပြီး တိုင်းရင်းဆေးတွင် ဆီးရွှင်ဆေး၊ ဝမ်းနှုတ်ဆေးများ အဖြစ် ဆေးဝါးအသွင် အသုံးပြုကြ ပါသည်။ ပေါက်ရောက်မှု လျှော်ဖြူပင်သည် မြန်မာနိုင်ငံ၏ မူရင်းဒေသ သဘာဝပေါက်အပင်တစ်ခု ဖြစ်ပြီး အိန္ဒိယနိုင်ငံတွင်လည်း ပေါက်ရောက်ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံအနှံ့ အပြား တောင်တန်းများပေါ်တွင် အခြား သစ်ပင်များနှင့် ရောနှောပေါက်ရောက်လေ့ ရှိပြီး မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများတွင် အများဆုံးတွေ့ရှိရပါသည်။ ၎င်းဒေသများမှ နှစ်စဉ်လျှော်ဖြူအစေးအများဆုံး ထွက်ရှိပါသည်။ စိုက်ပျိုးမှု မြန်မာနိုင်ငံ၌ လျှော်ဖြူစေးခွာယူ ရောင်းချခြင်းလုပ်ငန်းသည် တောတောင် များအနီးရှိ ကျေးလက်ဒေသခံများ၏ စား ဝတ်နေရေးအတွက်လည်းကောင်း၊ အပိုဝင်ငွေရရှိရေးအတွက်လည်းကောင်း လွန်ခဲ့ သောဆယ်စုနှစ်များမှစတင်၍ ယနေ့အချိန် ထိ နေ့စဉ်လုပ်ကိုင်နေကြသော လုပ်ငန်း တစ်ခုဖြစ်ပါသည်။ သို့သော်လည်း ယခု အခါ သစ်တောများပြုန်းတီးခြင်းနှင့်အတူ သဘာဝလျှော်ဖြူပင်များလည်း တဖြည်း ဖြည်း မျိုးတုန်းရှားပါးလာသဖြင့် အစေး ထုတ်ယူရရှိနိုင်မှုလျော့နည်းလာရာ အချို့ ဒေသခံများသည် နေအိမ်ခြံစည်းရိုးများတွင် လည်းကောင်း၊ ယာခင်းစည်းရိုးများတွင် လည်းကောင်း စမ်းသပ်စိုက်ပျိုးကြည့်ရာ တွင် အောင်မြင်ဖြစ်ထွန်းပြီး အစေးရရှိမှု ကောင်းမွန်သဖြင့် စိုက်ပျိုးလျှင် အကျိုး ရရှိကြောင်း လက်တွေ့သိမြင်လာကြသည်။ မြန်မာလျှော်ဖြူစေး၏ ပြည်တွင်းပြည်ပ ဈေးကွက်နှင့် ဝယ်လိုအားသည် နှစ်စဉ် ပုံမှန်ရှိနေသဖြင့် ယခုအခါ တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများနှင့် အချို့လုပ်ငန်းရှင်များ သည် စီးပွားဖြစ်လျှော်ဖြူပင် စိုက်ခင်းများ ကို စတင်တည်ထောင်စိုက်ပျိုးလျှက်ရှိပါ သည်။ စိုက်ပျိုးပုံ လျှော်ဖြူပင်ကို ရေဝပ်သည့်မြေမှလွဲ ၍ မြေမရွေး၊ နေရာမရွေး စိုက်ပျိုးနိုင်သည်။သဘာဝတွင် ကျောက်တုံး၊ ကျောက်ဆောင် ပေါများသော တောင်တန်းများပေါ်တွင်ပင် ကောင်းစွာပေါက်ရောက် ရှင်သန်ပါသည်။ သဘာဝအားဖြင့် လျှော်ဖြူပင်သည် အပူ ပိုင်းဒေသကြိုက်အပင်မျိုးဖြစ်ပြီး မိုးရေချိန် ၁၀၀ လက်မပတ်ဝန်းကျင်နှင့် ၎င်းင်းအောက် မိုးရေချိန်ရရှိသည့် မြန်မာနိုင်ငံမြေလတ်ပိုင်းအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် စိုက်ပျိုးလျှင် ပိုမိုသင့်လျော်ပါသည်။ မိုး များသည့်ဒေသများ၌ တောင်စောင်း ဆင်ခြေလျှောနေရာများတွင် ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပါသည်။ လျှော်ဖြူပင်သည် စိုက်ပျိုးရလွယ်ကူ ၍ အပင်ကြီးထွားမှုလည်း မြန်ဆန်ပါသည်။ စိုက်ပျိုးရာတွင် အစိုဓာတ်ကောင်းစွာရရှိ ချိန် မိုးရာသီတွင် ပျိုးသက် ၃-၄ လသား ရှိ ပျိုးပင်များကို စိုက်ကျင်းများတူးဆွ စိုက် ပျိုးရပါသည်။ စိုက်ခင်းတွင် အစိုဓာတ် ထိန်းသိမ်းရေးအတွက် ကြားထယ်ကြား ထွန်များဝင်ပေးခြင်း၊ ကောက်ရိုးမြက် ခြောက်များ ပင်ခြေတန်းကြား ဖုံးအုပ်ပေး ခြင်း၊ ပေါင်းမြက်ရှင်းပေးခြင်းတို့ကို ပြုလုပ် ပေးလျှင် အပင်ကြီးထွားမှု ပိုမိုကောင်းမွန် ပါသည်။ တစ်ဧကလျှင် အပင် ၂၀၀ မှ ၃၀၀ ခန့်ထားရှိ စိုက်ပျိုးနိုင်ပြီး အပင်ငယ်စဉ် ၂-၃ နှစ်သားအထိ ကြားသီးနှံ ရာသီပင်များ ထည့်သွင်းစိုက်ပျိုးနိုင်ပါသည်။ အစေးထုတ်လုပ်ပုံ လျှော်ဖြူပင်မှ အစေးထုတ်ယူရာတွင် စိုက်ပျိုးပြီး ၃-၄ နှစ်သား၊ ပင်စည်လုံးပတ် ၂၅-၂၇ လက်မခန့်အရွယ်မှစတင် အစေး ထုတ်ယူနိုင်ပါသည်။ အပင်မှ အစေးထုတ် ယူပုံမှာ ပင်စည်အား ဓားထစ်နည်းဖြင့် လည်းကောင်း၊ ဆောက်ဖြင့် အပေါက် ဖောက်နည်းဖြင့်လည်းကောင်း ဒေသ အလိုက် လုပ်ကိုင်ကြပါသည်။ အစေး ထုတ်ရန် ဓားထစ်ပြင်ဆင်ပုံမှာ မိုးဦးကျ အရွက်စုံချိန်တွင် ပင်စည်၏ ဒူး၊ ပေါင် အမြင့်ခန့်နေရာ၌ ဓားထက်ထက်ဖြင့် ပင် စည်အသားအနည်းငယ်ပြတ်ရုံ ၃-၄ လက်မအကျယ်ခန့် လခြမ်းပုံဘန်ထစ်ငယ် ပုံဖော် ခုတ်ထစ်ပေးရသည်။ စတင်လုပ်ကိုင်ချိန် တွင် ဘန်ထစ်အရေအတွက်ကို ၂-၃ နေရာသာ ပြုလုပ်ရသည်။ ၎င်းင်းနောက် ၁-၂ ပတ်ခန့်အကြာ အသားနုကျီးပေါင်း ဖြစ်ပေါ်လာသည့်အခါ ဓားထက်ထက်ဖြင့် ပါးပါးလှီးပေးရသည်။ ထိုကဲ့သို့ ဓားလှီးပေး ခြင်းကို တစ်ပတ်ခြား တစ်ကြိမ်၊ နှစ်ကြိမ် ခန့် ပြုလုပ်ပေးရသည်။ ထိုသို့ပြုလုပ်ပေး ခြင်းသည် အပင်မှအစေးမပြတ်ထွက်လာ ရန် အစေးကြောဖွင့်ပေးခြင်း (ဝါ) လေ့ကျင့်ပေးခြင်းဖြစ်ပြီး ၎င်းင်းကို “မန်းပြင်ခြင်း”ဟု ခေါ်ကြသည်။ အချို့က “မျက်နှာသစ်ပေး ခြင်း”ဟု ခေါ်ကြသည်။ မန်းပြင်ပေးသူသည် အစေးထွက်ရာ နေရာ (မန်းရာ)သည် ခြောက်သွေ့မသွား ရန်(ဝါ) မန်းနပ်နေရန် အခြေအနေကြည့်၍ ၂-၇ ရက်ခြား မန်းပြင်ပေးရပါသည်။ ထို ကဲ့သို့ လိုအပ်သလို မန်းပြင်ပေးခြင်းဖြင့် မန်းရာမှ အစေးများတစ်စိမ့်စိမ့်နေ့စဉ်ထွက် လာကာ အစေးများသည် ပြင်ပလေအပူချိန်နှင့် ထိတွေ့ကာ နာရီပိုင်းအကြာတွင် ပျစ်ခဲ သွားသည်။ လေထုစိုထိုင်းဆများလျှင် အစေးခဲမှုကြန့်ကြာသည်။ အပင်မှအစေးခဲ များကို ရာသီဥတု(မိုး)အခြေအနေကြည့်၍ နေ့စဉ်ဖြစ်စေ၊ ရက်ခြားဖြစ်စေ၊ တစ်ပတ် တစ်ခါဖြစ်စေ ခွာယူ၍ တစ်နေ၊ နှစ်နေခန့် အခြောက်လှန်းပြီး ရောင်းချသိမ်းဆည်းကြ ပါသည်။ ပင်စည်မှ အစေးထုတ်ယူရာတွင် အချို့ဒေသများ၌ ဓားထစ်နည်းမသုံးဘဲ ပင် စည်အား အပေါက်များဖောက်သည့်နည်း ကို အသုံးပြုကြပါသည်။ ပင်စည်ပေါ်တွင် ငါးမူးဝိုင်း ခန့် အဝိုင်းပေါက်များကို ဆောက်ခုံးငယ်ဖြင့်လည်းကောင်း၊ လယ် သမားသုံး “လွန်” ကိရိယာဖြင့်လည်း ကောင်း၊ အသားထိရုံဖောက်ပြီး ကျီးပေါင်း တက်လာချိန်တွင် ဓားငယ်ဦးချွန် သို့မဟုတ်ဆောက်ငယ်ဖြင့် ပါးပါးလှီးခြစ်ပေး၍ ဓား ထစ်နည်းကဲ့သို့ ဆက်လက်မန်းပြင်ပေးရ ပါသည်။ အစေးများသည် အပေါက်အတွင်း မှ စိမ့်ထွက်လာပြီး ခဲသွားချိန် ခွာယူကြခြင်းဖြစ်ပါသည်။ အထက်ဖော်ပြပါ သမရိုးကျ အစေး ထုတ်နည်းများသည် လွန်ကျူးစွာပြုလုပ် လျှင် အပင်သက်တမ်းကြာရှည်မခံဘဲ ပင် စည်နှင့် အကိုင်းများ ကျိုးပြတ်ခြင်း၊ ပင် စည်ထိုးပိုးဝင်အပင်သေဆုံးခြင်း စသည့်အန္တရာယ်များ ဖြစ်ပေါ်တတ်ပါသည်။ သို့ဖြစ်ရာ ပင်စည်အား ဒဏ်ရာအနည်းဆုံး ဖြင့် အစေးထွက်အများဆုံးရရှိရန် အိန္ဒိယ နိုင်ငံ အင်ဒရာပရာဒဏ်ပြည်နယ် သစ်တောဌာနမှ မြန်မာလျှော်ဖြူပင်နှင့် မျိုးနွယ်တူ လျှော်ပင် (S.urens) နှင့် လျှော်နီပင် (S.villosa) များအား ပင်စည်ပေါ် မတ်ဝိုင်း အရွယ်ပေါက်ငယ်များကို ဖောက်တန်ဖြင့် ဖောက်ပေးပြီး (ETHEPHON) ခေါ် အစေး အထွက်နှင့် အစေးအရည်အသွေး ပိုမို ကောင်းမွန်စွာရရှိကြောင်း စမ်းသပ်လေ့လာ တွေ့ရှိရပါသည်။ သို့ဖြစ်ရာ မြန်မာလျှော်ဖြူပင်များကိုလည်း အစေးထွက်ကောင်းရန် ရော်ဘာတွင်သုံးစွဲသည့် VITAX ကဲ့သို့ အားဆေးများ သုံးစွဲနိုင်ပါသည်။ အစေးအထွက်နှုန်း မြန်မာနိုင်ငံ၏ တောင်တန်းများပေါ် ရှိ သဘာဝလျှော်ဖြူပင်များနှင့် ခြံစည်းရိုး စိုက်ခင်းများ၏ တစ်ပင်ပျမ်းမျှ အစေး အထွက်နှုန်းသည် တစ်ရက်လျှင် တစ်ကျပ် သားမှ နှစ်ကျပ်သားခန့်ဖြစ်ပြီး တစ်ရာသီ ၌ တစ်ပင်လျှင် နှစ်ပိဿာမှ ငါးပိဿာခန့် ရရှိကြပါသည်။ အထွက်များသော အချို့ အပင်များသည် နေ့စဉ် ၁၀ ကျပ်သားမှ ၃၀ ကျပ်သားအထိ ရရှိကြသော်လည်း အပင် များ၏ အစေးရရှိမှုနှုန်း ညီညာမှုမရှိပါ။လျှော်ပင်များ၏ အစေးထွက်နှုန်း အနည်းအများသည် မျိုးနှင့်မြေအခြေအနေ အပြင် အပင်သက်တမ်းနှင့် လုံးပတ်အရွယ်အစားပေါ်မူတည်နေပါသည်။ ယေဘုယျ အားဖြင့် အပင်သက်တမ်းနှင့် လုံးပတ် အရွယ်အစား ကြီးမားပါက အစေးပိုမိုရရှိ လာသော်လည်း အပင်သက်တမ်း ရှစ်နှစ်မှ၂၀ နှစ်ခန့်အတွင်း အစေးထွက်အများဆုံး ရရှိပါသည်။ ၎င်းင်းပြင် စိုက်ခင်းပြုစုထိန်းသိမ်းမှုစနစ် ကောင်းမွန်ပါက သာမန်နှုန်းထက် အစေးထွက်ပိုမိုရရှိလာမည် ဖြစ်ပါသည်။ ဈေးကွက် မြန်မာနိုင်ငံ လျှော်ဖြူစေးရောင်းဝယ် မှုလုပ်ငန်းသည် လွန်ခဲ့သော ဆယ်စုနှစ် များစွာကပင် ယနေ့အချိန်အထိရှိနေသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ အများအား ဖြင့် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသ ကြီးများရှိ မြို့နယ်အချို့တွင် ဒေသအလိုက် နေ့စဉ်လုပ်ကိုင်လျက်ရှိကြသည်။ လျှော်ဖြူစေး ခွာယူစုဆောင်းသူများသည် ဒေသခံပွဲစားများထံ ပေးသွင်းရောင်းချကြပြီး လက်ရှိဒေသပေါက်ဈေးမှာ ပစ္စည်းအရည်အသွေးပေါ်တည်၍ တစ်ပိဿာလျှင် ကျပ်၇,၀၀၀ မှ ကျပ် ၁၂,၀၀၀ အထိ ရှိပါသည်။ ဒေသခံများက မန္တလေး၊ မိတ္ထီလာ၊သာစည်၊ ရန်ကုန်မြို့များရှိ ပွဲရုံကုန်သည် များထံ သွားရောက်ရောင်းချကာ ကုန်သည် များက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း များမှတဆင့် ထိုင်း၊ တရုတ်၊ အိန္ဒိယစသည့်နိုင်ငံများသို့ တင်ပို့ရောင်းချကြပါသည်။ မြန်မာ့လျှော်ဖြူစေးသည် နှစ်စဉ်နိုင်ငံခြား ဝယ်လိုအားကောင်းနေသော ကုန်ပစ္စည်း ဖြစ်ရာ သီးခြားစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် အကျိုးရှိပြီး အလားအလာကောင်းသည့် စိုက်ပျိုးရေးလုပ်ငန်းတစ်ခု ဖြစ်လာပါ သည်။ စိုက်ပျိုးသင့်ပုံ လျှော်ဖြူပင်ကို အိမ်ခြံစည်းရိုးများ၊ ယာခင်းစည်းရိုးများ၊ ဥယျာဉ်ခြံစည်းရိုးများ တွင် အရိပ်ပင်၊ လေကာပင်၊ ခြံစည်းရိုးပင် များအဖြစ် စိုက်ပျိုးထားလျှင် ငွေပဒေသာ ပင်စိုက်ထူထားသကဲ့သို့ နေ့စဉ်ဝင်ငွေရရှိ လာမည် ဖြစ်ပါသည်။လျှော်ဖြူပင်စိုက်ပျိုးမှုသည် လုပ်ငန်း ကုန်ကျစရိတ်လည်းနည်းပါးပြီး စီးပွားရေး တွက်ခြေကိုက်ခြင်းအပြင် ကာလတို အတွင်း ဝင်ငွေရရှိနိုင်ခြင်းစသည့် အကျိုး ကျေးဇူးများကြောင့် တစ်ပိုင်တစ်နိုင် စိုက်ခင်းများနှင့် စီးပွားဖြစ်စိုက်ခင်းများ တည်ထောင်လုပ်ကိုင်သင့်သော စိုက်ပျိုးရေးလုပ်ငန်း တစ်ခု ဖြစ်ပါသည်။ အထူးသဖြင့် နိုင်ငံအနှံ့အပြားရှိ မြေ ယာအသုံးချနိုင်မှုမရှိသေးဘဲ ကျန်ရှိနေ သည့် မြေလွတ်မြေလပ်များတွင် ငွေကြေး အရင်းအနှီးအနည်းငယ်ဖြင့် စိုက်ပျိုးလုပ် ကိုင်နိုင်၍ နိုင်ငံ၏မြေယာအသုံးချမှု ကဏ္ဍတိုးတက်လာမည်ဖြစ်ပြီး ကျေးလက်ဒေသဆင်းရဲမှုလျော့ချရေး လုပ်ငန်းစဉ်များတွင် များစွာအထောက်အကူပြုစေမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ လျှော်ဖြူပင် စိုက်ပျိုးမှုအား နိုင်ငံဝန်း ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလုပ်ကိုင်လာကြခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကိုပါ များစွာအ ထောက်အကူပြုစေမည်ဖြစ်သည့်အပြင် လျှော်ဖြူစေးထွက်ကုန်ကြောင့် နိုင်ငံ၏ စက်မှုကုန်ကြမ်း ပို့ကုန်အမယ်သစ် တစ်မျိုး တိုးပွားလာမည်ဖြစ်၍ စိုက်ပျိုး လုပ်ကိုင်သင့်သည့် အပင်ဖြစ်ပါကြောင်း သတင်းကောင်းပါး တိုက်တွန်းရေးသား လိုက်ရပါသည်။ Credit To The Farmer Journal

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။