အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
174
လွန်ခဲ့သော ၇ နှစ် က · ဝေါ

သံပုရာသီးပင်စိုက်ပျိုးနည်းသိချင်ပါတယ်

စိုက်ပျိုးနည်း သံပုရာ
2

ဖြေကြားချက် ၂ ခု

1,984 လွန်ခဲ့သော ၇ နှစ် က

ကျေးဇူးပါရှင့်

13,605 လွန်ခဲ့သော ၇ နှစ် က

သံပုရာပင် ဘယ်လိုစိုက်ပျိုးမလဲ ကျေးဇူးရှင် တောင်သူ လယ်သမား မိဘကြီးများ အားလုံး ကိုယ်ရောစိတ်ပါ ရွှင်လန်း ချမ်းမြေ့ကြ ပါစေကြောင်းဆုမွန်ကောင်းတောင်း ရင်း မေတ္တာပို့သအပ်ပါသည် ခင်ဗျား။ ဒီတစ်ပတ်တော့ သံပုရာပင် ဘယ်လို စိုက်ရမလဲဆိုတဲ့ အချက်ကလေးကို ဆွေးနွေး အကြံပြုဖို့ အကြောင်းလေး ပေါ်လာပါတယ်။ အဲဒီ အကြောင်းကလေးကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ရွာသစ်ကြီးကျေးရွာက တောင်သူ လယ်သမားကြီး ဦးအောင်ကိုဝင်း ဖုန်းဆက်ပြီး အကြံဉာဏ် တောင်းခံလာတဲ့ အတွက်ကြောင့်ပါဘဲ။ စာရေးသူ ဖုန်းနံပါတ်ကို The Farmer Journal ကတစ်ဆင့် စာရေးသူဆီ ဖုန်းလွှဲပေးခဲ့တာပါ။ လယ်သမားကြီး ဦးအောင်ကိုဝင်း ဖုန်းဆက် အကြံဉာဏ် တောင်းခံတာကတော့ “သူ သံပုရာစိုက်ဖို့ မြေနှစ်ဧကပြင်ဆင်နေပါတယ်။ မြေကတော့ နည်းနည်းညံ့ပါတယ် ဆရာ။ ပျိုးကတော့ မြေထုပ်ပြီးပျိုးပင်ပါ။ နှစ်ဧကအတွက် ပိုပိုမိုမိုပျိုးပင် အလုံ အလောက်စုဆောင်းထားပြီးပါပြီ။ ပျိုးပင်ကတော့ နှစ်နှစ်သားရှိပါပြီ။ ပျိုးပင်အခြေအနေ လည်းကောင်း ပါတယ်ဆရာ။ တစ်ခါမှ လည်း မစိုက်ဖူးတော့ The Farmer Journal အကြံပြု ချက် ကဏ္ဍလေးကိုဖတ်ပြီး ဆရာ့ဆီ အကြံဉာဏ်တောင်းဖို့ အကြံ ရသွားတာနဲ့ ဖုန်းဆက်လိုက်တာပါဆရာ။ ရေအတွက်ကတော့ စက်ရေတွင်းတူး ထားတယ်။ ရေလည်းကောင်းတယ် ဆရာ။ အဲဒါ အပင်တွေကိုရေ အစက်ချ ရေပေးစနစ်နဲ့ ပေးဖို့ပြင်ဆင်ထားပါတယ်။ အားလုံး ပစ္စည်းလည်း စုံနေပါပြီ ဆရာ” လို့ဆိုပါတယ်။ ကဲ ဦးအောင်ကိုဝင်းရေ သံပုရာ စိုက်ပျိုးနည်း ကတော့ အကြံပြု ချက် ကဏ္ဍမှာ နေရာ အကန့်အသတ်ရှိတာကြောင့် အရေးကြီးတဲ့ အချက်တွေကိုဘဲ စုံအောင်အကျဉ်းချုံးပြီး အကြံပြုလိုက်ပါ့မယ်ဗျာ။ မြေပြင်တာကစပြီး ပြောရအောင်။ ပထမ နှစ်ဧကလုံးကို ဂျုတ်တိုက်ပြီး မြေညှိ၊ ပေါင်းမြက်ပြောင်အောင် ရှင်းလိုက်ပေါ့။ ပြီးရင် တစ်တန်းနဲ့ တစ်တန်း ရှစ်ပေ။ တစ်ပင်နဲ့တစ်ပင်ကြား ရှစ်ပေ ပန္နက်ရိုက်ပါ။ ပန္နက်ရိုက်ပြီးရင် ၎င်းနေရာတွေမှာ နှစ်ပေအကျယ်၊ နှစ်ပေ အနက် စိုက်ကျင်းတူးပါ။ တူးလို့ရတဲ့ မြေကြီးတွေကို ကျင်းရဲ့ညာဘက်ခြမ်းမှာပုံ၊ တစ်ကျင်းအတွက် နွားချေး၊ မြေဆွေး၊ ကြက်ချေး၊ စက်ဖွဲပြာစုဆောင်းပါ။ နွားချေး၊ မြေဆွေး သုည ဒသမ ၄ တင်း၊ ကြက်ချေး သုည ဒသမ ၄ တင်း၊ စက်ဖွဲပြာတစ်ပြည်၊ ဂျစ်ပဆန်ကျောက်မှုန့် နို့ဆီတစ်ဘူး၊ ၁၅း၁၅း၁၅ ပတ်လည် N : P : K ကွန်ပေါင်း မြေဩဇာ နို့ဆီသုံးဘူး၊ ဖျူရာဒန်ဆေးမှုန့် စတီးဇွန်း တစ်ဇွန်းတို့ကို ကျင်း၏ညာဘက်တွင် ပုံထားသော ကျင်းတူးရတဲ့မြေစာ တစ်ဝက်နဲ့ သမအောင်ရောမွှေပါ။ ၎င်းမြေအရောကို နှစ်ပေပတ်လည်ကျင်းထဲသို့ ပြန်ထည့်ပြီး မြေသိပ်သွားအောင် ခြေထောက်ဖြင့် ဖွဖွနင်း သိပ်ပေးပါ။ မြေအရောကို ကျင်းပြည့်အောင် ထည့်ပါ။ ပြီးလျှင် စိုက်ကျင်းအားလုံးကို ရေဝအောင်လောင်း၍ နှစ်ပတ်ခန့်နှပ်ထားပေးပါ။ ရေကို တစ်ရက်ခြားတစ်ခါ လောင်းပေးပါ။ ကျင်းထဲရှိ မြေသား အိကျသွားပါက မြေအရောကို ကျင်းပြည့်သည်အထိ ပြန်ထည့်ပေးပြီး သိပ်အောင် ခြေဖြင့် ဖွဖွနင်းပါ။ ရေလောင်းနှပ်ထားပါ။မြေပြင်ပြီးရင်တော့ စိုက်ဖို့ပြင်ရတော့ မှာပေါ့။ အသန်မာဆုံးသံပုရာပျိုးပင်တွေကို ရွေးပါ။ အပင်မှာ ကိုင်းခြောက်၊ ပိုးကိုက်၊ ရောဂါကျသောကိုင်း၊ အရွက်၊ ပင်စည်များကို ကတ်ကြေးထက်ထက်နဲ့ ညှပ်၍ ဖယ်ရှားပစ်ပါ။ ကျင်းတစ်ကျင်းလျှင် သံပုရာပျိုးတစ်အိတ်စီ ကြိုတင်ချထားပါ။ သံပုရာ ပျိုးပင် စိုက်ရန် ပထမစိုက်ကျင်းထဲမှာ ဖြည့်ထားသော မြေဆွေးအရောမြေကို ကျင်းအလယ်တည့်တည့်နေရာမှာ သံပုရာပျိုးအိတ်အမြင့်ထက် တစ်လက်မခန့်လျှော့၍ ပျိုးပင်ချရန် ကျင်းငယ်တူးပါ။ (သံပုရာပျိုးပင် စိုက်လျှင် ပျိုးအိတ် အတွင်းရှိမြေသည် စိုက်ကျင်းကြီးထဲရှိမြေထက် တစ်လက်မမြင့်နေစေရန်)၊ ပျိုးအိတ်ကိုမြေလုံးမကွဲစေရန် ဓားထက်ထက် (ခဲတံချွန်ဓား) ဖြင့် အပေါ်မှအောက်သို့ခွဲချပါ။ ပျိုးအိတ်အတွင်းရှိ မြေကို လက်နှစ်ဖက်ဖြင့်ပိုက်၍ စိုက်ကျင်းငယ်အတွင်းချ စိုက်ပါ။ အိတ်ကို တဖြည်းဖြည်းဆွဲထုတ် ပါ။ အပင်ခြေပတ်ပတ်လည်နှင့် အပင်ခြေမြေသိပ်သွားစေရန် မြေစာဖြည့်၍ လက်ဖြင့်ဦးစွာ ဖိသပ်ပေးပါ။ နောက် အပင်ခြေကိုခြေဖနှောင့်နှစ်ခုကပ်၍ ပတ်ပတ်လည်ခြေဖနောင့်ဖြင့် နင်းသိပ်ပေးပါ။ အပင်အမြစ်စွဲမြန်စေရန်ဖြစ်ပါတယ်။ ပြီးလျှင် ပျိုးပင်နှင့်ခြောက်လက်မခန့်ခွာပြီး အရှည်သုံးပေခန့်ရှိ ဝါးသေးသေးကိုချွန်၍စိုက်ပေးပါ။ ၎င်းဝါးနှင့် ပျိုးပင်ငယ်ကိုမလှုပ်စေရန် ကြိုးဖြင့်ချည်ပေးထားပါ။ ပြီးလျှင် သံပုရာပင်အခြေ၌ ကောက်ရိုး၊ မြက်ခြောက်များဖုံးအုပ်ပေးထားပါ။ စိုက်ပျိုးပြီးလျှင် ရေနေ့စဉ်လောင်းပေးပါ။ နှစ်ပတ်ခန့်ကြာလျှင် အညွန့်သစ်များ ထွက်လာပါလိမ့်မည်။ အပင်ပြုစုစောင့်ရှောက်ဖို့ကတော့ ရေမှန်မှန်လောင်းပါ။ တစ်နှစ်အတွင်း မြေဆွေး၊ ဓာတ်မြေဩဇာထပ်ဖြည့်ရန်မလိုသေးပါ။ တစ်နှစ်ကျော်မှသာ သတ်မှတ် ဓာတ်မြေဩဇာနှုန်းထား၊ မြေဆွေးနှုန်းထား ထပ်ဖြည့်ရန် လိုပါသည်။ အပင်ကြီးလာလျှင် ခြောက်လတစ်ကြိမ်မြေစာကျွေးပါ။ မလိုသောကိုင်းများရှင်းပါ။ အပေါ်ထောင်ထွက်သောကိုင်းများ အရင်းက ဖြတ်ပစ်ပါ။ ဖော့စဖရပ်ဓာတ်များများပါသော ရွက်ဖျန်းမြေဩဇာ တစ်နှစ်လေးကြိမ်ဖျန်းပေးပါ။ အပွင့်ထွက်ခါနီးရင် ယမ်းစိမ်း (ပိုတက်စီယမ်နိုက်ထရိတ် =KNO3) ဟင်းစားဇွန်း တစ်ဇွန်း၊ ရေလေးဂါလံနှင့်ရော၍ အပင်ပေါ်ဖျန်းပေးပါ။ အလုံးကြီး၍ အလုံးလှစေပါလိမ့်မယ်။ သီးလာရင် လုံးပိန်၊ လုံးညှပ်ချွေပစ်ပါ။ ပိုးမွှားရောဂါ အထူးဂရုပြုရမှာကတော့ ပျနဲ့ မိလီဘတ်ပိုးတို့ဘဲဖြစ်ပါတယ်။ အပင်ကို အမြဲလေ့လာပြီး လက်ဦးမှုရအောင်ကြိုတင် ကာကွယ်နှိမ်နင်းပါ။ ရောဂါကတော့ ကိုင်းဖျားခြောက်ရောဂါဆိုးရွားစေပါတယ်။ မှိုကြောင့်ဖြစ်တာပါ။ မှိုရောဂါသတ်ဆေးနဲ့ ကြိုတင်ကာကွယ်နှိမ်နင်းပါလို့ မှာ လိုက်ပါရစေဗျာ။ တောင်သူ လယ်သမားကြီးများ အားလုံး သီးနှံတွေအထွက်တိုးလို့ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလျက်...။ - အောင်ဆန်း (စိုက်ပျိုးရေး) မြန်မာတောင်သူကြီးများ ဂျာနယ် အတွဲ(၁၅) အမှတ်(၂၂၃)၊ အောက်တိုဘာ ၃၁ - နိုဝင်ဘာ ၆၊ ၂၀၁၆ ခုနှစ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။