အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

ခရမ်းချဉ်သီးအညှာမဲပြီး အသီးထိပ်ပုပ်လာတာဘာဖြစ်လို့လဲ ဘယ်လိုလုပ်ရမလဲ ဖြေပေးကြပါ။

စိုက်ပျိုးနည်း ဥယျာဉ်ခြံ သီးနှံ၊ သစ်သီးဝလံ
1

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၈ နှစ် က

ခရမ်းချဉ်သီး အညှာမဲပြီး အသီး ပုပ်လာရတာ အေးမြ စိုစွတ်တဲ့ မိုး နဲ့ ဆောင်းရာသီကြောင့် ဖြစ်တာပါ။ အပင် ငယ်ချိန်ကစ ခူးဆွတ်ချိန်ထိ ကျတတ်ပါတယ်။ ဒီအချိန် ဖြစ်နေတဲ့ မိုးဖွဲဖွဲရွာခြင်း နဲ့ ဆောင်းရာသီး အအေးက ရောဂါ ဖြစ်စေတဲ့ ရာသီဥတု ဖြစ်ပါတယ်။ ရောဂါ ပြင်းထန်ရင် အပင်တပင်လုံး သေဆုံးသွားပါမယ်။ ai mancozeb / metalaxyl စတဲ့ a.i နှစ်ခုထဲက တခုခု ပါဝင်တဲ့ ပင်လုံးပြန့် မှိုသတ်ဆေးဖြန်းပါ ဆေးထုပ်ပါ ထည့်သွင်းဖော်စပ်ရမယ့် အချိုးအတိုင်း အသီး မခူးမီ ၃ ပတ်အလိုထိ ၁၀ ရက်ခြားတကြိမ် ရာသီဥတုပေါ် မူတည်ပြီး ဖြန်းပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။