အရွက်ဝါလိုက်နေတာ ပိုးအမည်နဲ့ ဘာဆုံးသုံးရမှာလည်း သိချင်ပါတယ်
တမာပိုးသတ်ဆေးဆိုတာ တမာရွက်ကို ပြုတ်ပြီးသုံးရမှာလား
ကျေးဇူးပါ
ဘာဆေးမှမဖြန်းဘဲ ရေပြင်းပြင်းနဲ့ပက်လိုက်တာက အကောင်းဆုံးဖြစ်မှာပါ အစ်ကို ဒန့်သလွန်ရွက်ကိုက နူးညံ့လွန်းလို့ မွှားပင့်ကူနီအရမ်းကြိုက်နေရတာပါ ဆေးတွေဖြန်းရင် အရွက်လောင်တာတွေဖြစ်နိုင်ပြီး တခြားမလိုအပ်တဲ့သက်ရှိတွေပါ သေနိုင်လို့ပါ ခုမှ စကျခါစဆိုရင် အင်းဆက်ပိုးရှိနေတဲ့အရွက်လေးတွေကို ဖယ်လိုက်ပါ ဒန့်သလွန်က အရွက်တွေအားလုံးကြွေသွားလည်း ရွက်နုတွေ မြန်မြန်ဆန်ဆန်ထွက်လာမှာပါ ပျိုးပင်လေးတွေမှာ အရွက်တွေမရှိမှာကို စိတ်မပူဖို့ပါ
အကောင်လေးတွေကအရမ်းသေးပြီး ပုံမှန်မျက်စိနဲ့ အတော်ကြည့်ယူရပါတယ် ဆေးဖြန်းဘုံးထဲရေထည့်ပြီး ရေမွှာပြင်းပြင်းနဲ့ ထိုးချတာမျိုး လုပ်လို့ရပါတယ် တမာပိုးသတ်ဆေးလဲသုံးလို့ရပါတယ်
မွှားပင့်ကူနီတွေကျနေတာပါ အစ်ကို
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဒန့်သလွန်ကဈေးကွက်ရှိလားစိုက်ချင်လို့
ဖြေကြားချက် 0 ခု
အပင်ကမသီးသေးဘူးအပင်ကပိုးကြနေတယ်ပိုးထိုးဘယ်လိုလုပ်ရပါမလည်း
ဖြေကြားချက် 2 ခု
အခုချိန် ဒန့်သလွန်း စိုက်နည်းလေးပြောပြပေးပါလား ဧရာဝတီတိုင်း ပုသိမ်
ဖြေကြားချက် 2 ခု
မိုင်းဆံရှားပင်စိုပျိုးနည်းနှင့်နံသာဖြူပင်စိုက်နည်း
ဖြေကြားချက် 5 ခု
စီးပွားဖြစ်စိုက်ချင်ရင်ဘယ်လိုစိုက်ရမလဲ၊ ဘယ်မျိုးကိုရွေးရလဲ၊ မျိုးကိုဘယ်မှာရနိုင်မလဲ၊ မြေကမကောင်းလို့ဘယ်လိုပြု...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။