သရက်သီးတွေအလုံးသေးတယ်ဆရာ အလုံးချောပြီးအသီးကြီးအောင်ဘာဆေးသုံးရမလဲ အခုရာသီ အချိန်ကနေ ဆရာတို့လမ်းညွှန်ပေးခင်ဗျာ
အခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးပါခင်ဗျာ
သရက်ကို စီးပွားဖြစ် ခြံတည်မည်ဆို လျှင် မူလကတည်းက ပြည်တွင်းဈေးကွက် အတွက်လား၊ ပြည်ပဈေးကွက် ထိုးဖောက် ဖို့လား စသည့်ရည်ရွယ်ချက် ပြတ်သားရန် လိုပါသည်။ ပြည်တွင်းဈေးကွက်အတွက် ဆိုလျှင် အပင်ကျဲကျဲစိုက်၊ အပင်ကြီးကြီး မွေး၊ အသီးများများယူ၊ အလုံးရေ များများ ရောင်း၊ ပြည်ပဈေးကွက်သို့ ဦးတည်လျှင် အပင်စိပ်စိပ်စိုက်၊ ပုံသွင်းပြီး အပင်နိမ့်နိမ့် ရအောင်မွေး၊ တစ်ပင်မှ အရွယ်အစား အဆင့်မီ အလုံးညီညီ အသီးနည်းနည်းယူ၊ အရည်အသွေးကောင်းအောင် ပြုစုသည့် စနစ်ဖြင့် ဆောင်ရွက်ရန် လိုအပ်ပါသည်။ ဤသို့ မိမိလိုချင်သော အပင် ပုံသဏ္ဌာန်ရရှိစေရန် သရက်ပင်ကို ငယ်စဉ် ကပင် ကိုင်းဖြတ် ပုံသွင်းပေးရန် လိုအပ်သည်။ ဤသို့ ပုံသွင်းပါက တူညီသောအပင် ပုံစံရရှိခြင်း၊ ဓာတ်မြေသြဇာကျွေးခြင်း၊ ပိုးမွှား ရောဂါ ဆေးဖျန်းခြင်း၊ ရေပေးသွင်းခြင်း၊ ဆွတ်ခူးရ လွယ်ကူခြင်း၊ ပေါင်းမြက်ရှင်း လင်းခြင်း စသည့် အပင်ပြုစုစောင့်ရှောက် ရသည့် လုပ်ငန်းများ တစ်ပြိုင်တည်း ဆောင် ရွက်နိုင်သည်။ သို့အတွက် အချိန်ကုန် လူပန်းသက်သာပြီး အကျိုးရှိစေသည်။ ပို၍ အကျိုးထူးသည်မှာ သီးထွက်ညီညာခြင်း၊ ဆွတ်ခူးရမည့်အချိန်နှင့် ပမာဏကို တိတိ ကျကျ ခန့်မှန်းနိုင်သဖြင့် ဈေးကွက်ကို ကြိုတင် ချိတ်ဆက်နိုင်သည်။ သရက်ကိုကိုင်းဖြတ်ပုံသွင်းခြင်းမှာ အပင်ကြီးမှပုံသွင်း ခြင်းနှင့် အပင်ငယ်စဉ်ကတည်းက ပုံသွင်း ခြင်းဟူ၍ နှစ်မျိုးရှိပါသည်။ အပင်ကြီးမှ ပုံ သွင်းပါက ကုန်ကျစရိတ်များပြီး အပင်ပုံသဏ္ဌာန်တူညီရန် ခက်ခဲခြင်း၊ သီးထွက် သီးလုံး ညီညာရန်ခက်ခဲခြင်းများ ကြုံရပါ သည်။ အသီးဖြိုင်မှ ပုံသွင်းရလျှင် သီးထွက်လည်း ရပ်သွားစေနိုင်ပါသည်။ ခေတ်သစ်သိပ္ပံနည်းကျ စိုက်စနစ် တွင် အပင်ကို စိပ်စိပ်စိုက်ပြီး အပင်ငယ်စဉ် ကပင် လိုချင်သောပုံရရှိအောင် ကိုင်းဖြတ်ပုံသွင်းယူခြင်းဖြစ်ပါသည်။ အပင်တစ်ပင် လုံး ကိုင်းညီညာစွာ ထွက်စေပြီး အလင်း ရောင် ရရှိမှုလည်း မျှတစေပါသည်။ အပင် လုံး ကိုင်းညီညာစွာထွက်စေပြီး အလင်း ရောင် ရရှိမှုလည်း မျှတစေပါသည်။ အပင် ကျဲကျဲစိုက်ထားသော သရက်ခင်းကို ကိုင်း ဖြတ် ပုံသွင်းရာတွင် အပင်ထိပ်ပိုင်းရှိ အရွက် နည်းပြီး ကျဲသောကိုင်းများကို ဖြတ်ပေးရ မည်။ အပင်၏ ဗဟိုကိုင်းအုံအတွင်းရှိ နေ ရောင်ခြည်နှင့် လေဝင်လေ ထွက်ကို ဟန့်တား ကာကွယ်ထားသော ကိုင်းသေးကိုင်း ညှပ်များကို ဖြတ်တောက်ပေးရမည်။ အပင်စိပ်စိပ်ထားသော သရက်ခင်းတွင် အရွက်အုပ်ဆိုင်းမှုဧရိယာ တစ်ပင်နှင့် တစ်ပင် ထိစပ်နေခြင်း၊ အပင်ကြီးထွားမှု ဟန့်တားနေခြင်းကြောင့် အပင်ထိပ်ပိုင်း ထောင်နေသော ကိုင်းများကို ဖြတ်တောက် ၍ အလင်းဧရိယာဖွင့်ပေးခြင်း၊ ဗဟိုရွက်အုံ ထိပ် သိပ်သည်းအုံ့ဆိုင်းနေသော ကြပ်ညပ်နေသည့် ကိုင်းသေးကိုင်းညှပ်များကို တစ် ဆစ်၊ နှစ်ဆစ်ချန်၍ ဖြတ်တောက်ပေးခြင်း များ ဆောင်ရွက်ပေးရန် လိုအပ်သည်။ အပင်စိပ်စိပ်စိုက်ထားသော သရက် ပင်များမှ ကိုင်းဆက်ပျိုးပင်ဖြစ်ပါက စိုက်ပြီး အပင်အမြင့် တစ်စင်တီမီတာ ရောက်သော အခါ ထွက်လာသော ဘေးကိုင်းများကို ဖြတ် တောက်ပေးရမည်။ အလယ် ပင်မကိုင်း တစ်ခုတည်းသာ ချန်ထားရမည်။ ၎င်း ထိပ်ညွန့်ဖြတ်ခြင်းကို မိုးဦးကျ ဇွန်လဆန်းတွင် ဖြတ်ပေးရမည်။ ဖြတ်ထားသော နေရာ၏ အောက် ကပ်လျက်မှ အညွန့်သစ် သုံးလေး ညွန့် ထွက်လာပါမည်။ ၎င်းင်းအညွန့်များရှိ အရွက်များ အစိမ်းရောင်ပြောင်းသွားပြီး ၄၅ စင်တီမီတာခန့် ရှည်လာသောအခါ ကိုင်းဂွကျယ်သောကိုင်းသုံးကိုင်းသာချန်၍ အခြားကိုင်းများကို ဖြတ်တောက်ပေးရ မည်။ အဆိုပါကိုင်းများမှ တစ်ကိုင်းလျှင် ထွက်လာသော ကိုင်းသုံးကိုင်း ပြန်မွေးယူရ ပါမည်။ ဤသို့ တတိယအကြိမ် ခေါင်နှိမ် ဖြတ်ပြီးလျှင် ပုံသဏ္ဌာန်တူ အရွယ်တူ အပင် များ ရရှိလာပါက နှစ်စဉ်ထိန်းသိမ်းမွေးမြူ ထားရမည် ဖြစ်ပါသည်။ ဤသို့ ကိုင်းဖြတ်ပုံသွင်းခြင်းစနစ်ကို နှစ်နှစ်သားအရွယ် ပန်းပွင့် အသီးသီးခြင်း အဆင့် မရောက်သည်ထိ ဆောင်ရွက်ပေးပါမည်။ ပုံမှန်အားဖြင့် သရက်ပင် တစ်ပင်မှ သုံးကြိမ်မှ ငါးကြိမ် အညွန့်သစ်များ ထွက် နိုင်သည်။ ကိုင်းဖြတ်မပေးပါက ကိုင်းသစ် တစ်ကိုင်း သို့မဟုတ် နှစ်ကိုင်းခန့်သာ ထွက် နိုင်သည်။ ကိုင်းဖြတ်ထားသော အပင်ရှိ ကိုင်းအရေအတွက်ကို မီစေရန် ၁၀ နှစ်၊ ၁၅ နှစ်ကြာအောင် စောင့်ရပါမည်။ အကြောင်း မှာ ကိုင်းဖျားရှိ အဖူးများကို အရွက်ကြားရှိ အဖူးများက အညွန့်မထွက်အောင် ဟန့်တားနေသောကြောင့် ဖြစ်ပါသည်။ သရက်ပင် ကိုင်းဖြတ်ပုံသွင်းခြင်းကို အသီးခူးပြီးတိုင်း အသီးတုံးချိန်တွင် ဆောင် ရွက်ရပါမည်။ နှစ်ခြားသီးပွင့်သော သရက် မျိုးများကို ပင်ပိုင်းကြီးထွားမှု ထိန်းချုပ်နိုင် ရန်အတွက် အသုံးပြုရန် လိုအပ်ပါသည်။ သရက်ကိုင်း ဖြတ်ရာတွင် ပန်းမပွင့်မီ လေးလ ကြိုတင်ဆောင်ရွက်ရပါမည်။ ကိုင်း ဖြတ်ရာတွင် အပြစ်အနာအဆာရှိသော ကိုင်းများ၊ ပိုးမွှားရောဂါ ကျရောက်နေသောကိုင်း များ၊ နေရောင်နှင့် လေဝင်လေထွက်ကို ကာကွယ်နေသော ကိုင်းများ၊ အပင်တွင်းပိုင်းတွင် သန်စွမ်း၍ အပေါ်ထောင်နေသော ကိုင်းများ၊ ကိုင်းသေးကိုင်းခြောက်များ၊ ကိုင်းသေးကိုင်းညှပ်များ၊ ကျီးပေါင်းတက်နေသော ကိုင်းများကို ရွေးချယ်ဖြတ်တောက် ပုံသွင်းရမည် ဖြစ်သည်။ သို့ပါ၍ သီးထွက်ညီညာ၍ အရည် အသွေးကောင်း သရက်သီးများရရှိအောင် သရက်ကိုင်းဖြတ် ပုံသွင်းခြင်းလုပ်ငန်းများ ကို မဖြစ်မနေ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။ - အောင်ဆန်း (စိုက်ပျိုးရေး) မြန်မာတောင်သူကြီးများ ဂျာနယ် အတွဲ(၁၂) အမှတ် (၁၈၀)၊ ဒီဇင်ဘာ ၂၈၊ ၂၀၁၅ ခုနှစ် – ဇန်နဝါရီ ၃၊ ၂၀၁၆ ခုနှစ်
ဆက်စပ်မေးခွန်းများ
ယမ်းစိမ်းမြေသြဇာကိုသရက်ပင်တပင်ကိုအမြစ်နားမှာအလေးချိန်ဘယ်လောက်ကျွေးရမလဲ သိလိုပါတယ်
ဖြေကြားချက် 1 ခု
ယမ်းစိမ်းကို ဘယ်လိုအသုံးရမလဲ ပိုးေ ဆးနဲ့တွဲသုံးရင်ရလား အဖူးမလာခင် ဖျန်းချင်တယ်
ဖြေကြားချက် 1 ခု
ယမ်းစိမ်းသုံးပုံ
ဖြေကြားချက် 2 ခု
လယ်မြေမှာ သရက်ပင်စိုက်ထားတာ တနှစ်ကျော်ပါပြီး တချို ု ပင်တွေက ၂ ပေလောက်ဘဲ့ကြီးထွားပြီး တချိ ုအပင်တွေက ၁၀ ပေ...
ဖြေကြားချက် 1 ခု
PH မြေကြီးတိုင်းတာသည့် စက်ဝယ်ချင်လို့ပါ ဘယ်မှာ ရောင်းလဲ
ဖြေကြားချက် 6 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။