ဖြေကြားချက် ၁ ခု
စိုက်ပျိုးနည်း ကြက်မောက်စိုက်ပျိုးမည်ဆိုလျှင် ပျိုးပင်များများရရှိရန် မြန်မြန်သီးပွင့်ရန်နှင့် မိခင်ပင်မနှင့် အရည်အချင်းဗီဇလက္ခဏာတူ အပင်များများရရှိစေရန်အတွက် မျိုးပွားနည်းသည် အဓိက အရေးပါသည့် အချက်ဖြစ်သည်။ မျိုးပွားနည်းများတွင် အစေ့တိုက်ရိုက်ချစိုက်၍ မျိုးပွားခြင်း၊ ဒိုင်ပုံအဖူးဆက်မျိုးပွားခြင်း နှင့် အကိုင်းဆက်၍မျိုးပွားခြင်း စသည့်နည်းများ ပါဝင်သည်။ မျိုးပွားမည်ဆိုပါက အောက်ခံပင် စိုက်ပျိုးရေးသည် ပဓာနကျသည့် လုပ်ငန်းဖြစ်သည်။ အစေ့မှတိုက်ရိုက်လျှင် ပန်းပွင့်ရန် သုံးနှစ်မှလေးနှစ် ကြာပါသည်။ စိုက်ပျိုးခြင်း ကြက်မောက်စိုက်ပျိုးရန် တန်ကြား (၁၂)ပေ၊ ပင်ကြား (၁၂)ပေ၊ စတုရန်းပုံ စိုက်ပျိုးရေးစနစ်သည် အသုံးများသည်။ အပင် (၃၀၀) ကျော်ခန့် ဝင်ဆန့် သည်။ တစ်ချို့သော နိုင်ငံများတွင် စတုရန်းပုံ အလယ်တွင် တစ်ပင် စိုက်စနစ် အသုံးပြုကြသည်။ ငါးပွင့်ဆိုင် စနစ်ဖြစ်သည်။ အလယ်တွင် စိုက်ခဲ့သော အပင်ကို အသီးများ နှစ်စဉ်ယုပြီးလျှင် ၈နှစ် ၁၀နှစ် သက်တမ်းရလာလျှင် နုတ်ပစ်သည်။ Rongrien, R-9,R-၁၅၆ ကဲ့သို့ အပင်ကြီးမျိုးများဆိုလျှင် ပင်ကြားတန်းကြား အးကွာအ ဝေး ကို အကျယ်ယူစိုက်ပျိုးကြသည်။ စိုက်ကျင်းကို မိုးမကျမီ ဧပြီလတွင် အကျယ် (၃)ပေပတ်လည်၊ အနက်(၃)ပေတူးပြီး၊ တူး၍ရရှိသော အပေါ်ယံ့ ခြောက်လက်အရှိ မြေစာကို ညာဘက်တွင် ပုံ ထားရပါမည်။ အောက်မြေစာများကို ဘယ်ဘက်တွင် ပုံထားရပါမည်၊ စိုက်ကျင်းထဲသို့ မြက်ခြောက်၊ ကောက်ရိုး၊ သစ်ရွက်ခြောက် များထည့်၍ မီးရှို့ပြီး မြေသင်းသပ်ပေးရန်လိုအပ်သည်။ ထို့နောက် ကောင်းစွာ ဆွေးမြေ့နေသော မြေဆွေး၊ သစ်ဆွေးမြေ နှစ်ဆ ကို အပေါ်ယံ ခြောက်လက်မရှိသော မြေတစ်ဆတို့ကို သမအောင် ရောမွှေပေးရန် လိုပါသည်။ ဂျစ်ပဆန်ကျောက်မှုန့် နို့ဆီတစ်ဘူး၊ N:P:K (၁၅း၁၅း၁၅) ဓာတ်မြေဩဇာ နို့ဆီတစ်ဗူးခွဲ ၊ မြေအောင်ပိုးသတ်ဆေး စတီးဇွန်း တစ်ဇွန်းတို့ကို ရောစပ်၍ မြေဆွေးနှင့်ရောပြီး ကောင်းစွာ သမအောင် ရောမွှေပေးပါ။ ရောပြီးသော မြေဆွေးဓါတ်မြေဩဇာ အရောမြေကို ကျင်းအောက်ခြေမှတူး၍ ရသော (ကျင်းဘယ်ဘက်တွင် ပုံထားသော) မြေနှင့် (၃း၁) အဆဖြင့် ရော၍ သမအောင်မွှေပြီး စိုက်ကျင်းထဲသို့ ထည့်ပေးရမည်။ မြေမမာစေရန် ခြေဖြင့် ဖွဖွနင်း သိပ်ပေးရန် လိုပါသည်။ မိုးမကျမီအတွင်း အပင် မစိုက်မီ ကျင်းကို ရေတစ်ပတ် တစ်ကြိမ် မှန်မှန် လောင်းပေးရမည်။ မိုးဦးကျ၍ မိုးမှန်လာပြီ ဆိုပါက ကောင်းစွာသန် စွမ်းဖွံ့ဖြိုးနေသော ပျိုးပင်များကို စိုက်ကျင်းအတွင်းသို့ မြေလုံးမကွဲ ၊ အမြစ်မပြတ်စေရန် ဂရုပြုပြီး စိုက်ပျိုးရမည် ဖြစ်သည်။ စိုက်ပျိုးပြီးပါက အပင်ခါ အချောင်စေရန် အပင်ခြေ ပတ်ပတ်လည် မြေဖြင့် ပတ်နင်းပေးရန်ဖြစ်သည်။ ၎င်းနောက် လေတိုက်လျှင် ယိုင်မသွားစေရန် လေးပေ အရှည် ဝါးငုတ်တုတ်စိုက်၍ အပင်ကို ဝါးငုတ်တိုင်နှင့် ချည်ထားရန်ဖြစ်သည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကြက်ဥဟော်မုန်းရည် ပြုလုပ်နည်းသိချင်လို့ပါ။
ဖြေကြားချက် 5 ခု
ကြက်မောက်သီးပင်စိုက်ပျိုးနည်းမျှဝေပေးပါခင်ဗျာ
ဖြေကြားချက် 2 ခု
ကြက်မောက်သီးဓာတ်မြေသြကြွေးလို့ရသေးလား
ဖြေကြားချက် 1 ခု
ကြက်မောက်ပင်ကို ဘယ်ရာသီမှာစိုက်ရလဲ ဗျာ အစာပေးပုံနဲ့ရေပေးပုံကိုလဲသိခဖင်ပါတယ်ဗျာ
ဖြေကြားချက် 1 ခု
ကြက်မောက်ပင်အရွက်တွေခြောက်ပြီးသေနေတာဘယ်လိုကာကွယ်ရမလဲ
ဖြေကြားချက် 2 ခု