အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
522
လွန်ခဲ့သော ၇ နှစ် က · မိုးညို

ရာသီချိန်မဟုတ်တဲ့ သီးနှံတွေကို စိုက်ချင်ပါတယ် ပြီးတော့ organic လဲဖြစ်ချင်ပါတယ် ကျေးဇူးပြု၍ ဖြေကြားပေးစေလိုပါ...

ရာသီချိန်မဟုတ်တဲ့ သီးနှံတွေကို စိုက်ချင်ပါတယ် ပြီးတော့ organic လဲဖြစ်ချင်ပါတယ် ကျေးဇူးပြု၍ ဖြေကြားပေးစေလိုပါတယ်ခင်ဗျာ

စိုက်ပျိုးနည်း ခရမ်းချဉ်
Post image
2

ဖြေကြားချက် ၂ ခု

522 လွန်ခဲ့သော ၇ နှစ် က

ပေါင်းသတ်ဆေး ပိုးသတ်ဆေး စတဲ့ ဓာတုဆေး လုံးဝ မသုံးဖူးသေးပါဘူး မြေကလဲ ကန်တူးရင် ရတဲ့မြေကို ပြန်ဖို့ထားတဲ့ မြေ အသစ်ပါ သိချင်တာက poly house လိုပါသလား မြေဆွေးလဲ ကိုယ်တိုင်လုပ်ပါတယ် နည်းပညာ ရှိရင် သိချင်လို့ပါ ခင်ဗျာ

79,224 လွန်ခဲ့သော ၇ နှစ် က

ပလပ်စတစ်အိမ်ထဲမှာ စိုက်မှာလား အစ်ကိုရေ.. organic ဖြစ်ချင်တယ်ဆိုရင်တော့ မြေတွေအရင်ဆုံးပြင်ထားပါအုံးလို့အကြံပေးပါရစေရှင့် အရင်က ပိုးသတ်ဆေး ပေါင်းသတ်ဆေး စတဲ့ ဓာတုဆေးတွေသုံးဖူးတဲ့မြေဖြစ်ရင်တော့ ချက်ချင်းကြီး organic လို့ပြောလို့မရသေးပါဘူး သဘာဝမြေဩဇာတွေနဲ့ တဖြည်းဖြည်းခြင်း ပြောင်းလဲယူရမှာပါ ရာသီချိန်မဟုတ်တဲ့သီးနှံစိုက်ချင်တယ်ဆိုရင် အစ်ကိုရောင်းချမယ့် ဈေးကွက်ကိုလေ့လာကြည့်ပါအစ်ကို ဈေးကွက်က လိုအပ်မယ့်သီးနှံမျိုးကို ရာသီနဲ့ ညှိစိုက်ပါ တစ်ချို့သီးနှံတေ့ကတော့ သူလိုအပ်တဲ့အလင်းရောင်ရမှ ပန်းပွင့်ပြီးအသီးသီးတာမျိုးတွေတော့ရှိတယ် ဘယ်လိုသီးနှံတွေ စိုက်ချင်တာလဲရှင့် ဘာပဲစိုက်စိုက်ပါ ခုလောလောဆယ်တော့ သဘာဝမြေဆွေးတွေနဲ့ မြေပြင်ထားလို့ရပါတယ် အဆင်ပြေပါစေရှင့်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။