ဖြေကြားချက် ၁ ခု
ကျောက်ဖရုံသီး မြန်မာအမည် - ကျောက်ဖရုံသီး အင်္ဂလိပ်အမည် - Wax Gourd ရုက္ခဗေဒအမည် - Benincasa hispida မျိုးရင်းအမည် - Cucurbitaceae မူရင်းဒေသ - အာဖရိကတိုက်နှင့် အာရှတိုက် ကျောက်ဖရုံသီးအတွင်းသားကို အဓိက ဟင်းချိုချက်စားကြသည်။ အထားခံသဖြင့် တစ်နှစ်ပတ်လုံး စားသောက်ကြသည်။ သကြားဖြင့် ယိုထိုး၍ စီးပွားဖြစ်ရောင်းချကြသည်။ မျိုး ဒေသမျိုးတွင် အလုံးလတ်(၁-၂)ပေနှင့် အလုံးကြီး (၂)ပေအထက် အရှည်မျိုးဟူ၍ ရှိသည်။ အလုံးလတ်မျိုးကို စီးပွားဖြစ် မြေလွတ်စိုက်ပျိူးကြသည်။ အလုံးကြီးမျိုးများကို အချို့ဒေသများတွင် စင်တင်စိုက်ကြပြီး ဧရာဝတီတိုင်းမှ ပန်းတနော်၊ ဟင်္သာတ အလုံးကြီးမျိုးများသည် ထင်ရှားသည်။ မျိုးအားလုံးသည် အပြင်ခွံတွင် ဖယောင်းပါဝင်မှုများ၍ အဖြူရောင် ပိုတောက်သည်။ စိုက်ချိန် မိုးနှောင်းတွင် မြေလွတ်စိုက်ပျိုးကြပြီး စင်တင်စိုက်ပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။ အချို့ဒေသမျိုးများတွင် သစ်ပင်ကြီးများနှင့် တဲများပေါ်တွင်တင်၍ နှစ်ပတ်လည် စိုက်ပျိုးထားတတ်ပြီး အလုံးလတ်မျိုးများကို ယိုလုပ်ငန်းအတွက် စီးပွားဖြစ် မြေလွတ်၍ စိုက်ပျိုးကြသည်။ စိုက်ပျိုးခြင်း စင်တင်စနစ်၊ မြေလွတ်စနစ်ကို ဘောင်ဆွဲ၍ တိုက်ရိုက် အစေ့ချ စိုက်ကြသည်။ သဘာဝမြေဩဇာ၊ နွားချေးနှင့် တီစူပါ မြေဩဇာတို့ကို ရော၍ စိုက်ဘောင်ဆွပြီး သမအောင်မွေ၍ ထည့်ပေးရမည်။ စင်တင်စနစ်တွင် (၃)ပေအကျယ်၊ (၁)ပေအမြင့် ဘောင်ဆွဲ၍စိုက်ပါ။ စိုက်ဘောင်ကြီးလေ ပိုကောင်းလေဖြစ်ပါသည်။ မြေလွတ်စနစ်တွင် (၂)ပေအကျယ်၊ (၁)ပေအမြင့် ဘောင်ဆွဲ၍ တစ်ပင်နှင့်တစ်ပင်(၂)ပေကြား နှစ်တန်းစိုက်ပြီး တစ်ဘောင်နှင့်တစ်ဘောင် (၁၅-၂၀)ပေခြား ဆွဲပါက တစ်ဧကလျှင် အပင်(၂၀၀၀-)ခန့် ထည့်သွင်းရပါမည်။ မြေဩဇာထည့်သွင်းခြင်း ကျောက်ဖရုံ(၁)ဧကလျှင် သဘာဝမြေဩဇာ လှည်း(၁၀-၂၀)စီး၊ ပုလဲ (၁၂)အိတ်၊ တီစူပါ (၂-၄)အိတ်၊ ပိုတက်ရှ် မြေဩဇာ (၁-၂)အိတ် ထည့်ပေးရမည်။ ဒေသမျိုးအားလုံးသည် စိုက်ပြီး ရက်(၁၀၀)ကျော်မှ စတင်ခူးဆွတ်နိုင်သည်။ စိုက်ပြီးအရွက် (၇)ရွက်ထွက်ချိန်တွင် ခေါင်နှိမ်ပေးသင့်ပါသည်။ အပင်ပြုစုခြင်း တိုက်ရိုက်အစေ့ချခြင်းဖြစ်၍ အပင်ငယ်စဉ်တွင် သတိထားပြီး ပေါင်းရှင်းပေးရမည်။ အစေ့ကို အညှောင့်ဖောက်ပြီးမှ ချ၍ အပင်ငယ်စဉ်တွင် ရေကို မပြတ်လောင်းပေးရမည်။ အပင်ကြီးထွားစဉ် ရေငတ်ဒဏ် အသင့်တင့်ခံနိုင်ပြီး အသီးစတင်သီးချိန်တွင် လိုအပ်ပါက ရေသွင်းပေးရပါမည်။ ကျရောက်တတ်သော ရောဂါပိုးမွှားများ ကျောက်ဖရုံသီးတွင် လိမ္မော်ရောင် ဖရုံကျိုင်း၊ ပဲတောင့်ထိုးပိုး၊ ဘူးဖရုံကြမ်းပိုး၊ ဘူးဖရုံပင်စည်ထိုးပိုးတို့ ကျရောက်တတ်ပြီး ရောဂါအနေဖြင့် ရေများလွန်းခြင်း ရေနည်းလွန်းခြင်းကြောင့် သီးပုပ်ရောဂါကျရောက်တတ်ပါသည်။ အရောင်မညီ ကွက်ကြားရောဂါနှင့် ဖားဥမှိုရောဂါတို့လည်း ကျရောက်တတ်ပါသည်။ ပိုးမွှားရောဂါကို အခြားဘူး၊ ဖရုံမျိုးရင်းဝင်အပင်များထက် ပိုမိုဒဏ်ခံနိုင်သော်လည်း ရောဂါကင်းလေ အသီးထွက်မှု ပို၍တာရှည်လေ ဖြစ်သဖြင့် အပင်ငယ်စဉ်တွင် ပိုးမွှားကို ဂရုစိုက်နှိမ်နင်း၍ မှိုရောဂါကို ကြိုုတင်ကာကွယ်ထားသင့်ပါသည်။ ခူးယူခြင်း၊ အစေ့ထုတ်ခြင်း အစေ့ချပြီးရက်ပေါင်း(၁၀၀)ကျော်တွင် စတင်၍ခူးယူစားသုံးနိုင်သည်။ မျိုးစေ့ကို ထုတ်ယူလိုပါက ပန်းပွင့်ပြီး (၆၅)ရက်ကျော်မှ ခူးဆွတ်သင့်သည်။ ကျောက်ဖရုံသီးသည် တာရှည်အထားခံသဖြင့် အလုံးလိုက် အရိပ်ထဲတွင် နှစ်ပတ်လည် ထားသင့်သည်။ စင်မခံဘဲ စိုက်ပျိုးခြင်းတွင် (၁)ဧကလျှင် အလုံးရေ (၂၀၀၀)မှ(၂၅၀၀)အထိ သီးနိုင်မည်ဖြစ်သည်။ ကျောက်ဖရုံတွင် မျိုးစေ့ကို အလုံးလိုက် သဘာဝအတိုင်း သိုလှောင်ခြင်းဖြင့် အပင်ပေါက်ရာခိုင်နှုန်းကို ပိုမိုကောင်းမွန်စေသည်။ ကိုးကား - ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းလမ်းညွှန် - www.mizzimaburmese - https://en.m.wikipedia.org
ဆက်စပ်မေးခွန်းများ
ကျောက်ဖရုံသီးအသီးတင်အောင်ဘယ်လိုလုပ်ရမလဲ
ဖြေကြားချက် 2 ခု
မင်္ဂလာပါခင်ဗျား ကျောက်ဖရုံအစို့ဖောက်နည်းလေးသိချင်လို့ပါ
ဖြေကြားချက် 5 ခု
ကျောက်ဖရုံပင်ကအရွတ်တွေဝါနေလို့ပါဘာဖြစ်တာလဲဆိုတာပြောပြပေးစေချင်ပါတယ်
ဖြေကြားချက် 2 ခု
ကျောက်ဖရုံအညွန့်ကိုဘယ်အချိန်မှာဖြတ်ရပါသလဲ၊ဖြတ်ပုံဖြတ်နည်းလေးပြောပြပါအုံးခင်ဗျား
ဖြေကြားချက် 3 ခု
ကျောက်ဖရုံပင်အသီများလျှင်ခြွေပေးဖို့လိုပါသလားခင်ဗျား
ဖြေကြားချက် 2 ခု