ဖြေကြားချက် ၅ ခု
ရက်လေဒီလား ရက်ရိုင်ရယ်လား စင်တားလား
ဒီမျိူးလေး ဘာမျိုးလဲဖြေပေးပါလား
ကြိုက်ပါသည်
သင်္ဘောသီး မြန်မာအမည် - သင်္ဘောသီး အင်္ဂလိပ်အမည် - Papaya ရုက္ခဗေဒအမည် - Carica Papaya မျိုးရင်းအမည် - Caricaceae မူရင်းဒေသ - တောင်မက္ကဆီကို နှင့် ကော်စကာရီကာနိုင်ငံ မျိုးများ မြန်မာနိုင်ငံတွင် ဩစတေးလျ၊ တရုတ်၊ထိုင်း၊ ဟောင်ကောင်၊ ထိုင်ဝမ် စသည့် နိုင်ငံများမှ တင်သွင်းသော အထွက်ကောင်း သင်္ဘောသီးမျိုးများကို စိုက်မှုများကြသည်။ ရာသီဥတု လိုအပ်ချက် သင်္ဘောပင်သည် အပူပိုင်းပင် ဖြစ်သော်လည်း အပူလျော့ပိုင်း ဒေသများတွင်ပါ စိုက်ပျိုးကြသည်။ ပင်လယ်ရေ မျက်နှာပြင် အမြင့်ပေ (၃၃၀၀)ထိ စိုက်ပျိုးနိုင်သည်။ သို့သော် အမြင့်ပေ (၁၈၀၀) အထက်မှ စ၍ အသီးအရွယ် နှင့် အရည်အသွေးမှာ အနည်းငယ် ကျဆင်းသွားမည် ဖြစ်သည်။ အပူချိန် (၂၅) ဒီဂရီ မှ (၃၅)ဒီဂရီ စင်တီဂရိတ်သည် အကောင်းဆ်ုံး အပူချိန် ဖြစ်သည်။ နှစ်စဉ် ပုံမှန်ရွာသွန်းသော မိုးရေချိန် လက်မ (၆၀)နှင့် (၈၀)ကြား ရရှိသော နေရာများတွင် ကောင်းစွာ စိုက်ပျိုးနိုင်သော်လည်း ရေသွင်းစိုက်ပျိုးသည့် စနစ်လောက် အထွက် မကောင်းနိုင်ပါ။ မြေအမျိုးအစား သင်္ဘောပင်အားမြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း သဲဆန်သော၊ စေးသော၊ ကျစ်သောမြေများတွင် မဖြစ်ထွန်းပါ။ သင်္ဘောပင်၏ အမြစ်များသည် ရေဝပ်ခြင်း၊ ရေမြုပ်ခြင်းဒဏ်ကို ခံနိုင်ရည် မရှိပါ။ (၂)ရက်ခန့် ရေမြုပ်လျှင်ပင် သင်္ဘောပင်ကို သေစေသည်။ မြေစေးခြင်း၊ မိုးများပြီးရေဝပ်ခြင်း၊ အမြစ်တွင်ရောဂါ ကျရောက်ခြင်းများသည် သင်္ဘောပင်များကို အချိန်တို အတွင်း သေစေနိုင်သည်။ ထို့ကြောင့် ညီညာသောမြေထက် သဘာဝမြေဩဇာထက်သန်ပြီး ရေစီးဆင်းမှုကောင်းသော ကုန်းစောင်း(ကုန်းလျောမြေ)ဒေသများတွင် သင်္ဘောပင်စိုက်ပျိုးရန် အကောင်းဆုံးနေရာများ ဖြစ်သည်။ မြေချဉ်ငံဓာတ် pH (၅.၂-၅.၇)သည် အကောင်းဆုံးဖြစ်သည်။ မျိုးပွားခြင်း သင်္ဘောပင်အား အစေ့မှ မျိုးပွားယူသည်။ မျိုးပွားရန်အတွက် ရောဂါကင်းသော အပင်မှ ကျန်းမာသော၊ကြီးမားသော၊ကောင်းစွာရင့်မှည့်သော သင်္ဘောအသီးမှ အစေ့များကို စုဆောင်းပါ။ တစ်ခါတစ်ရံ (၄၅)ရက်သားရှိသော အစေ့များသည် အပင်ပေါက်ရာခိုင်နှုန်း ကျဆင်းသွားသောကြောင့် အပင်မပေါက်သည်များလည်းရှိသည်။ သင်္ဘောစေ့လေးများပေါ်ရှိ အကျိအချွဲများကို ဖယ်ရှားလိုက်ပါက အကျိအချွဲများရှိနေသည့် အစေ့များထက် အပေါက်မြန်သလို၊ အပင်ပေါက်ညီညာမည် ဖြစ်သည်။ အကျိအချွဲများကို ဖယ်ရှားရန် အစေ့များကို ရေပုံးတွင် ရေထည့်ကာ (၂-၃)ရက်ခန့် အချဉ်ဖောက်ခြင်းဖြင့် ဖယ်ရှားနိင်သည်။ ၎င်းအချဉ်ဖောက်ထားသော အစေ့များကို မီးဖိုပြာဖြင့် လူးကာ ဂုံနီစဖြင့် ပွတ်ခြင်းအားဖြင့် ပြောင်စင်အောင် ဖယ်ရှားနိုင်မည်။ ၎င်းအစေ့များကို ရေပုံးထဲထည့်ကာ ထပ်မံဆေးကြောပါ။အပင်ပေါက်မည့် အစေ့များသည် နှစ်မြှပ်မည် ဖြစ်ပြီး အဖျင်းများနှင့် အမှိုက်များသည် ရေတွင် ပေါ်နေမည်ဖြစ်သည်။ အစေ့များကို တိုက်ရိုတ်စိုက်ပျိုးနိုင်ပြီး၊ မစိုက်ပျိုးပါက အရိပ်တွင် အခြောက်ခံကာ လေလုံသော ဗူးများဖြင့် သိမ်းဆည်းပါ။ သို့သော် အစေ့များကို နေရောင်အောက်တွင် အခြောက်မခံပါနှင့် အပင်မပေါက်နိုင်သည့် အစေ့များ ဖြစ်သွားနိုင်သည်။ စိုက်ပျိုးရန်မြေပြင်ခြင်း ရေစီးဆင်းမှုကောင်းသော ယာမြေအမျိုးအစားကို ရွေးချယ်ပါ။ ဟင်းလင်းဖြစ်နေသော စိုက်ခင်းသည် လေတိုက်ခံရမည်။ ထို့ကြောင့် စိုက်ခင်းဘေးတွင် လေကာပင်များ တန်းစီကာ စိုက်ပျိုးပေးပါ။ စိုက်ပျိုးခြင်း ပျိုးပင်- သင်္ဘောပင်အား မျိုးစေ့(သို့)တစ်သျှူးမျိုးပွားခြင်းအားဖြင့် စိုက်ပျိုးသည်။ မျိုးစေ့နှုန်းသည် (၁)ဧက လျှင် (၁၀၀-၁၂၅)ဂရမ် (၆-၇ကျပ်သား)ခန့် လိုအပ်သည်။ အပင်ငယ်များကို အထူ(၄)လက်မ၊ အနံ(၃)ပေနှင့် အလျား(၉)ပေခန့် ကျယ်သော ပျိုးပန်းတွင် ပျိုးထောင်ပါ။ မျိုးစေ့များကို မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် စီရင်ပြီး အနက် လက်မဝက်ခန့်နှင့် တစ်တန်းနှင့်တစ်တန်း (၄)လက်မခန့်ခွာကာ အပေါ်မှ မြေဆွေးဖြင့် ပြန်အုပ်ပေးပါ။ မနက်ခင်းပိုင်းတွင် ရေအနည်းငယ်ခန့် သာလောင်းပေးရန် လိုအပ်ပါသည်။ ပျိုးခင်းပန်းအား ပလပ်စတစ်စ(သို့) ကောက်ရိုးတို့ဖြင့် ဖုံးအုပ်ထားပါ။(၂)လခန့်ကြာသောအခါ (၆-၈)လက်မခန့်အရှည်ရှိသော သင်္ဘောပင်ငယ်များကို စိုက်ခင်းသို့ ပြောင်းရွေ့စိုက်ပျိုးပါ။ စိုက်ပျိုးရန်အကောင်းဆုံးချိန် သင်္ဘောပင်အားဆောင်းနှောင်း(ဖေဖော်ဝါရီ-မတ်)၊မှတ်သုန်အချိန်(ဇွန်လ)နှင့် ဆောင်းပိုင်း(အောက်တိုဘာ၊နိုဝင်ဘာ)များတွင် စိုက်ပျိုးနိုင်သည်။ ပင်ကြား-တန်းကြား(၆)ပေ ပတ်လည်အကွာဖြင့် အစိုက်များသည်။ သို့သော်(၅)ပေပတ်လည် ဖြင့်စိုက်ပျိုးပါက အထွက်ပိုမည်ဟု ဆိုကြသည်။ စိပ်စိပ်စိုက်ပျိုးခြင်း- အချို့မျိုးများအား (၄)ပေ ပတ်လည်ဖြင့်စိုက်ပျိုးကြသည်။ (၁)ဧကတွင် (၂၇၂၂)ပင်ခန့် ဝင်ဆန့်မည် ဖြစ်သည်။ စိုက်နည်းစနစ် ပျိုးပင်များကို (၂ )ပေပတ်လည် (၂)ပေအနက်ရှိသော စိုက်ကျင်းတွင် ထည့်စိုက်ပါ။ နွေအခါများတွင် စိုက်ကျင်းအား(၂)ပတ်ခန့် ကြိုတူးထားရမည်။ ထို့နောက် ၎င်းစိုက်ကျင်းတွင် အပေါ်ယံမြေနှင့် မြေဆွေး(၁၂)ပိဿာ၊ တမာကြိတ်ဖတ်(၆၀)သား၊ အရိုးမှုန့်(၆၀)ကျပ်သားခန့်ရော၍ ထည့်သွင်းပါ။ သန်စွမ်းသော အပင်ကြီးများကို ချဲ့စိုက်ပြီး အပင်ပုသော၊ အလယ်အလတ်ရှိသော မျိုးများကို စိပ်စိပ် စိုက်ပျိုးပါ။ မြေဆွေးနှင့် မြေဩဇာများထည့်သွင်းခြင်း သင်္ဘောပင်သည် မြေဆွေးနှင့် မြေဩဇာများ ကျွေးရသောအပင်ဖြစ်သည်။ သင်္ဘောပင်၏ စိုက်ကျင်းတွင် မြေခံအဖြစ် မြေဆွေး(၁၂)ပိဿာခန့်ထည့်သော်လည်း နိုက်ထရိုဂျင်၊ ဖော့စဖောရပ်စ်၊ပိုတက်ဆီယမ်ဓါတ် (၂၀၀)မှ (၂၅၀)ဂရမ်စီ တစ်နည်းအားဖြင့် ယူရီးယား (၄၃၄-၅၄၃)ဂရမ် (၂၆-၃၂ကျပ်သား) တီစူပါ (၄၄၄-၅၅၅) ဂရမ် (၂၇-၃၄ကျပ်သား) ပိုတက် (၃၃၃-၄၁၆) ဂရမ် (၂၀-၂၅ကျပ်သား) အား အထွက်ကောင်းရန် ထည့်ပေးရမည်။ မှတ်ချက်။ ယူရီးယားတွင် နိုက်ထရိုဂျင်ဓာတ် (၄၆%)၊တီစူပါတွင် ဖော့စဖောရပ်စ်ဓာတ် (၄၅%)၊ ပိုတက်တွင် ပိုတက်ဆီယမ်ဓါတ် (၆၀%)သာ ပါဝင်သောကြောင့်ဖြစ်သည်။ နိုက်ထရိုဂျင်ဓာတ် ၂၀၀ဂရမ်(ယူရီးယား၂၆ကျပ်သား)သည် သီးနှုန်း အကောင်းဆုံး အနေအထားဖြစ်ပြီး သင်္ဘောအစေးများများ ရရှိဖို့ဆိုလျှင် နိုက်ထရိုဂျင်ဓာတ် (၃၀၀) ဂရမ် (ယူရီးယား(၃၀)ကျပ်သားဖြင့် ညီမျှသည်) ထိ ထည့်ပေးနိုင်သည်။ သင်္ဘောပင်ရွေ့ပြောင်းစိုက်ပြီးချိန်မှ ပန်းပွင့်သည်အထိ အချိန်(၅)လသည် အပင်အာဟာရအတွက် အလွန် အရေးကြီးသည်။ ပန်းမပွင့်မီ ပင်စည်ကြီးထွားမှုရှိလျှင် သန်မာသော သီးနှုန်းကောင်းသော အပင်အဖြစ်မှတ်ယူနိုင်သည်။ အကယ်၍ အဆိုပါ(၅)လအတွင်း အာဟာရမပြည့်မီဘဲ အပင်အားနည်းပါက အပင်နောက်ပိုင်း သီးနှုန်းကိုလည်း ဆိုးရွားစွာ ထိခိုက်လိမ့်မည်။ ထို့ကြောင့် မြေဩဇာများကို ပန်းမပွင့်မီ အချိန်တွင် ကျန်းမာသန်စွမ်းသည့် အပင်ဖြစ်ရန်၊ တောက်လျှောက် သီးအားရရှိရန်နှင့် ကြီးထွားမှု ထိန်းသိမ်းရန် သင့်လျော်သော နှုန်းထားဖြင့် အကြိမ်ခွဲကျွေးပါ။ သင်္ဘောစိုက်ပျိုးရာတွင် နိုက်ထရိုဂျင်ဓာတ်၊ဖော့စဖောရပ်စ်ဓာတ် ၊ပိုတက်ဆီယမ်ဓါတ်တို့ အရေးပါသည်မှာ အထင်အရှားပင် ဖြစ်ပါသည်။ ရေသွင်းစိုက်ပျိုးသည့် အခြေအနေတွင် သင်္ဘောပင်လျှင် တစ်နှစ်စာအတွက် နိုက်ထရိုဂျင်ဓာတ် (၄၀၀) ဂရမ်၊ဖော့စဖောရပ်စ်ဓာတ် (၂၅၀) ဂရမ်၊ပိုတက်ဆီယမ်ဓါတ် (၄၀၀) ဂရမ် (သို့) ယူရီးယား (၈၇၀) ဂရမ်(၅၃ကျပ်သား)၊တီစူပါ (၅၅၅) ဂရမ်(၃၄ကျပ်သား)၊ပိုတက် (၆၆၆) ဂရမ်(၄၀ကျပ်သား)တို့ကို (၆)ကြိမ် ခွဲပြီး ထည့်သွင်းပေးသင့်သည်။ မိုးနှင့်စိုက်ပျိုးထားသော သင်္ဘောခင်းတွင်လည်း မိုးဦးတွင်တစ်ကြိမ်၊ မိုးနှောင်းတွင် တစ်ကြိမ် စုစုပေါင်း(၂)ကြိမ် ခွဲကျွေးပါ။ မိုးကာလရှည်ပါက သုံးကြိမ်ခွဲကျွေးနိုင်ပါသည်။ တစ်နှစ်တစ်ကြိမ် တစ်ပင်ချင်းအတွက် မြေဆွေး (၁၂-၁၅)ပိဿာခန့် ထည့်သွင်းပေးသင့်သည်။ မြေဩဇာကျွေးသည့် အချိန်၌ မြေတွင် လုံလောက်သော အစိုဓါတ် ရှိနေရမည်။ မြေဩဇာများကို သင်္ဘောပင် ပတ်လည်ရှိ ရေသွင်းမြောင်းတွင်သာ တူးဆွ၍ မြေနှင့် သမအောင်လုပ်ပါ။ အသီးမခူးမီ (၆)လ အလိုတွင် မြေဩဇာကျွေးခြင်းအား ရပ်နားရမည် ဖြစ်သည်။ ရေသွင်းခြင်း ဒေသအလိုက် ရာသီဥတု၊မြေအမျိုးအစားကို လိုက်၍ ရေသွင်းသည့် အစီအစဉ်ကို သတ်မှတ်ထားရမည်။ ပထမနှစ်တွင် ရေများကို သင်္ဘောပင်များသို့ အဖိတ်အစင်မရှိ ထိထိရောက်ရောက် ရေသွင်းပေးရမည်။ဒုတိယနှစ်တွင် ဆောင်းတွင်းပိုင်း၌ (၁၄)ရက်ခြား တစ်ကြိမ် ၊နွေရာသီတွင် (၁၀)ရက်ခြားတစ်ကြိမ် ရေသွင်းပေးပါ။သင်္ဘောပင်အား အပင် ပတ်လည် ဝိုက်၍ ရေသွင်းကြသည်။မိုးနည်းသော ဒေသများတွင် ရေပန်းစနစ်၊ အစက်ချစနစ်တို့ကို ကျင့်သုံးနိုင်သည်။ ပိုးမွှားရောဂါများ အတွေ့များသော ပိုးကောင်များမှာ သီးထိုးယင်၊ ဓားခုတ်ကောင်၊ပျ၊ မွှားပင့်ကူနီ၊ပင်စည်ထိုးပိုး၊ကျိုင်းကောင်တို့ဖြစ်သည်။ဒဏ်ရာအနာတရဖြစ်သော ပင်စည်အစိတ်အပိုင်းများကို ဖယ်ယူပြီး သိုင်မီဒိုအိတ် ဆေးဖျန်းပါ။ အတွေ့များသော ရောဂါများမှာ ဖားဥမှိုရောဂါ၊ဒေါင့်ကွက်ရောဂါ၊ ပင်ညှိုးရောဂါ၊ ပင်စည်ပုပ်ရောဂါတို့ ဖြစ်သည်။၎င်းရောဂါများအတွက် ဆာလဖာ၊ ကာဗာဒါဇင်၊ ဘိုင်အိုဖီးနိုက်မီသိုင်း၊ မန်ကိုဇက် စသည့် ဓာတုဆေးများကို အသုံးပြုနိင်သည်။ ခူးဆွတ်ရိတ်သိမ်းခြင်း သင်္ဘောသီးများကို အပင်တွင် ကောင်းစွာရင့်မှည့်သည် အထိ ထားသင့်သည်။ သာမန် အားဖြင့် အရွယ်အစား ပြည့်မီပြီး ထိပ်ဖျားဝါသော အစိမ်းနုရောင်အသီးများကို ခူးဆွတ်ကြသည်။ ရင့်မှည့်သည့်အခါ အချို့မျိုးများသည် အဝါရောင်ဖြစ်ပြောင်းသော်လည်း အချို့မှာ အစိမ်းရောင် အတိုင်းရှိသည်။သင်္ဘောစေးသည် နို့ရည်ကျဲကျဲဖြစ်သောအခါ ခူးဆွတ်တန်ပြီဖြစ်သည်။ အသီးများကို ခူးဆွတ်စဉ်တွင် မပွန်းမပဲ့နှင့် အနာတရမဖြစ်အောင် ခူးဆွတ်ရမည်။ထိုသို့မဟုတ်ပါက ဈေးကွက်သို့ တင်ပို့ရောင်းချသည့်အခါ အသီးများမှိုစွဲခြင်း၊ ပုပ်ရိခြင်းများဖြစ်တတ်သည်။ ထုပ်ပိုးသိုလှောင်ခြင်း ထုပ်ပိုးမှုမလုပ်မီ အသီးများကို အတန်းစားခွဲခြားပါ။ဈေးကွက်တင်ပို့သည့်အခါ ကောင်းစွာထုပ်ပိုးထားဖို့ လိုသည်။နူးညံ့သော အသီးများ ဖြစ်သောကြောင့် တစ်လုံးချင်းအား စက္ကူဖြင့်ပတ် ကောက်ရိုးစသည့် ပျော့ပျောင်းသည့် အရာများခံကာ သစ်သားသေတ္တာတွင် ထည့်ပါ။ အရသာ မပျက် အသီးများ အထားခံရန် ဆေးဗားနိုက်ထရိတ် (သို့) ဘေ့ာကလိုရိုတ် ဖြင့် စီရင်နိုင်သည်။ အရောင်ပြောင်းနေသော အသီးများကို (၇)ဒီဂရီ စင်တီဂရိတ်တွင် ထားသိုနိုင်သည်။ ကြာကြာအထားခံနိုင်ရန် (၁၃)ဒီဂရီ စင်တီဂရိတ်နှင့် အောက်စီဂျင် (၁-၁.၅)ရာခိုင်နှုန်း ဖြင့် လည်းကောင်း ၊ ကာဗိုမိုနောက်ဆိုဒ် (၁၀)ရာခိုင်နှုန်း ဖြင့် လည်းကောင်း ထားနိုင်သည်။ အသီးကို ဖယောင်းအုပ်ပြီး လေဖိအားနည်းနည်းဖြင့် ထားခြင်းသည်လည်း ရောဂါကျရောက် ဖျက်ဆီးမှုကို သက်သာစေ၍ ကြာကြာလည်း အထားခံနိုင်သည်။ အထွက်နှုန်း သင်္ဘောခြံတွင် ပထမ (၁၅)လမှ (၁၈)လ အတွင်း ကောင်းစွာ ပြုစုထားသည့် အပင်တစ်ပင်မှ သင်္ဘောသီး (၂၅)လုံးမှ (၄၀)လုံးထိ ရရှိနိုင်သည်။ အလေးချိန်အားဖြင့် (၄၀)ကီလို (၂၄ပိဿာ)မှ (၆၀)ကီလို (၃၇ပိဿာ)ထိ ရှိမည် ဖြစ်သည်။ Credit: ကိုခွန် (စိုက်ပျိုးရေး)
ဆက်စပ်မေးခွန်းများ
ဆရာတို့ သင်္ဘောပင်စိုက်ပျိုးနည်းလေးပြောပေးကြပါလား
ဖြေကြားချက် 1 ခု
သဘောၤ မျိုး အခြေခံက စ ပြီး ဘယ်လိုပျိုးရလည်းခင်ဗျာ
ဖြေကြားချက် 3 ခု
သဘေ်ာမျိုးစေ. 786 ပျိုးနည်းတိတိကျကျအသေးစိတ်သိချင်ပါတယ်
ဖြေကြားချက် 4 ခု
သဘောႍသီးကဘယ်အမျိုးကိုရွေးပီးစိုက်ယင်အကောင်းဆုံးဖြစ်မလဲ။
ဖြေကြားချက် 4 ခု
မူမမှန်သောအသီးများဖြစ်နေ၍အကြံလေးများပေးကြပါခင်ဗျာ
ဖြေကြားချက် 2 ခု