အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,856
လွန်ခဲ့သော ၇ နှစ် က · မှော်ဘီ

အစိမ်းရောင်လမ်းမှာပါတဲ့ငါးအမိုင်နိုပြုလုပ်နည်းအတိုင်းဒီနေ့မှာစလုပ်ဖြစ်ပါတယ်။ငါးနဲ့သကြားကိုဆတူထည့်ပြီးလုပ်ထားပါ...

အစိမ်းရောင်လမ်းမှာပါတဲ့ငါးအမိုင်နိုပြုလုပ်နည်းအတိုင်းဒီနေ့မှာစလုပ်ဖြစ်ပါတယ်။ငါးနဲ့သကြားကိုဆတူထည့်ပြီးလုပ်ထားပါတယ်။ရေမထည့်ပါ။တချို့ကအီးအမ်ထည့်ရတယ်လို့ပြောပါတယ်။မထည့်ရင်ရောရပါသလား။ပြည့်ပြည့်စုံစုံလေးဖြေကြားပေးစေချင်ပါတယ်ခင်ဗျာ။

အပင်အာဟာရ မုန်ညင်း
Post image
10

ဖြေကြားချက် ၁၀ ခု

406 လွန်ခဲ့သော ၇ နှစ် က

ဘ

406 လွန်ခဲ့သော ၇ နှစ် က

မရပါ

3,314 လွန်ခဲ့သော ၇ နှစ် က

EM အစား yeast ကို (ပေါင်မုန့်ပွဆေး ကုန်စုံဆိုင်တွေမှာ ရိ လို့မေးဝယ်) အသုံးပြုနိူင် ငါးအစိတ်အပိုင်းတွေ ကြေမြန်တယ် အနံဆိုးထွက်တာကို ထိန်းပေးတယ်

1,856 လွန်ခဲ့သော ၇ နှစ် က

အစိမ်းရောင်လမ်း ကြောင့်စိုက်ပျိုးရေးလုပ်ငန်းတွေအောင်မြင်ကြပါစေ

1,856 လွန်ခဲ့သော ၇ နှစ် က

ကျေးဇူးအထူးတင်ပါတယ်ဗျာ

464 လွန်ခဲ့သော ၇ နှစ် က

တစ်နေ့ တစ်ကြိမ်မွှေပေးပါ

464 လွန်ခဲ့သော ၇ နှစ် က

၁.ငါးအရိုးများ, အပိုင်းအစ များ ၁ ပိသာခန် ကို့် နုတ်နုတ်စင်းထားပြီး ၄ ပိသာ ခန့်ဝင်ဆံ့သော ပလတ်စတစ် ပုံးထဲသို့ထည့်ပါ ၂. သကြားအညို သို့မဟုတ် တင်လဲရည် ငါးဆယ်ကျပ်သားခန့် ထည့်ပါ ၃. သမအောင် မွှေပါ. ၄. အဖုံးကို လုံအောင်ပိတ်ပါ. ၅. ရက် ၂၀-၃၀ ခန့်ကြာလျှင် ငါးအမိုင်နိုရပါပြီ. ဖန်ပုလင်း တစ်ခုခုထဲသို့ ပြောင်းထည့်၍ သိမ်းထားနိုင်ပါသည်. အသုံးပြုပုံ နည်းလမ်းမှာ - - ရေ ၁ လီတာကို ငါးအမိုင်နို လဘက်ရည်ဇွန်း ၂ ဇွန်းထည့်၍ သုံးပါ. - ရွက်ဖျန်း အနေဖြင့်လည်း သုံးနိုင်ပါသည်.

1,856 လွန်ခဲ့သော ၇ နှစ် က

အီးအမ်ပြုလုပ်နည်းများလဲထပ်ပြီးသိချင်ပါသေးတယ်ခင်ဗျာ။လေးစားယုံကြည်လျှက်ပါ။

1,856 လွန်ခဲ့သော ၇ နှစ် က

ကျေးဇူးတင်ပါတယ်ခင်ဗျာ

79,224 လွန်ခဲ့သော ၇ နှစ် က

မထည့်လဲရပါတယ်အစ်ကို အီးအမ်က အကျိုးပြု အဏုဇီဝပိုးလေးတွေဆိုတော့ သူပါရင် ပြိုကွဲမှု ပိုမြန်တာပေါ့ အဏုဇီဝသက်ရှိလေးတွေက သူတို့ရှင်သန်ဖို့အတွက် ငါးအရိုးတွေ သကြားတွေကို ဖြိုခွဲစားသောက်ကြတာပါ ဒီတော့ ငါးအမိုင်နို မြန်မြန်ရသွားစေတာပေါ့

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။