ဖြေကြားချက် ၃ ခု
ကြက်ဉဟိုမုန်းဆေးရည်လုပ်နည်း— ကြက်ဉအခွံရော အသားပါ ၁ ပိသာ။ သကြား ၁ ပိသာ။ နွားနို့ ၁ ပုလင်းခွဲ။ ပုဇွန်ခြောက် ၃၀ သား။ အုန်စိမ်းအရည် ၂ ပုလင်း။ ဆန်ဆေးရည် ၂ ပုလင်း။ အုန်းနို့၁ ပုလင်းခွဲ။ ပဲစေ့ အညှောက်ပေါက်စ အစိတ်သား။ ပဲစေ့အညှောက်ပေါက်စဆိုတာကတော့ ပဲတီစိမ်းကို ရေစိမ်းပြီး အဝတ်နဲ့ထုတ်လားလိုက်ရင် နာရီ ၂၀ လောက်အကြာမှာ အညှောက်ပေါက်စ ပဲစေ့ကို ရပါလိမ့်မယ်။ မုံလာဉ ၅၀ သား။ အဲ့ဒါတွေအားလုံးကို ဖျော်ရည်ကြိတ်စက်နဲ့ ကြိတ်ချေလို့ပဲဖြစ်ဖြစ် ထောင်းခြေပြီးတော့ဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ ကြိတ်စက်နဲ့ကြိတ်တဲ့အခါမှာ ရေကို မသုံးပဲ အုန်းရည်၊ နို့ရည်၊ ဆန်ဆေးရေတွေကို ရောပြီးကြိတ်ယူပါ။ အချို့မှုန့်က ၁၀ သား။ ဂလူးကိုစ့်မှုန့်က ၁၀ သား။ ဟူးမစ်လို့ခေါ်တဲ့ ကျောက်မီးသွေးနဲ့ဖန်ရည်အမှုန့်ရောကျိုထားတဲ့ ဆေးမှုန့်က အစိတ်သား၊ (ဝယ်လို့မရရင်မထည့်လည်းရတယ်။ သူက မိုလီကွန်းတွေကို အနုစိတ်ဖြစ်ပြီးပျော်ဝင်မှုအားကောင်းအောင်လုပ်ပေးတာဖြစ်ပါတယ်။) အဲ့ဒါတွေ အားလုံးကို ပုံးတစ်ပုံးမှာ ထည့်ပြီး ၃ လသိပ်ထားလိုက်ပါ။ ၆ လဆိုရင်ပိုကောင်းတယ်၊1 နှစ်အကြာဆိုရင် ပိုပြီးကောင်းပါတယ်။ အများနဲ့လုပ်မယ်ဆိုရင်တော့ တစ်မျိုးကို တစ်ပုံးဆီခွဲလုပ်ထားပြီး နောက်မှလာရောသုံးတာကပိုကောင်းပါတယ်။ အချိုးအစားကတော့ ၃ ချိုးတစ်ချိုးဖြစ်ပါတယ်။ ပြောခဲ့တဲ့ အရာတွေက ၃ ဆဆိုရင် သကြားက တစ်ဆဖြစ်ပါတယ်။ ကြက်ဉကတော့ တစ်ဆစီဖြစ်ပါတယ်။ ကြက်ဉတစ်ဆကို အချိုကတစ်ဆနဲ့ပုံးထဲမှာသိပ် ထားရမှာဖြစ်ပါတယ်။ မြေကြီး (အပင်ရင်း)တွင် ပက်ဖျန်းရန် ကြက်ဥဟော်မုန်းဆေးရည် ၁ လီတာ ကို ရေလီတာ ၂၀၀ နှင့် ပက်ဖျန်းရန်။ (၁၅ရက်တစ်ခါ) အရွက်ကိုပက်ဖျန်းရန် ကြက်ဥဟော်မုန်းဆေးရည် ၃၀၀ စီစီ ကို ရေလီတာ ၂၀၀ နှင့် ပက်ဖျန်းရန်။ (၁၀ ရက် တစ်ခါ) Credit to ; Win Myint IQwin Farm
ဆက်စပ်မေးခွန်းများ
ဂျူလင်စီစန်ခေါ်စင် EMအရည် ပြုလုပ်နည်းလေး သိချင်လို့ပါ ကျေးဇူးပြု၍
ဖြေကြားချက် 3 ခု
EM မြေသြဇာကို စပါးစိုက်တဲ့နေရာမှာ ဘယ်လိုမျိုးသုံးမှာလဲဗျ
ဖြေကြားချက် 3 ခု
Em 1ပဲခူးမြို့ဘယ်နေရာမှာရပါသလဲ
ဖြေကြားချက် 4 ခု
EM1ပျော်ရည်လုပ်တဲ့အခါ နွားနို့က အစိမ်းကိုသုံးတာလား အကျက်ကိုသုံးတာလားခင်ဗျာ..ကျေးဇူးပြူပြီးဖြေကြားပေးစေလိုပါတယ်
ဖြေကြားချက် 6 ခု
Em ပြ ုလုပ်နည်းလေးသိချင်လို့ပါကျေးဇူးပြ ု ုမျှဝေပေးစေချင်
ဖြေကြားချက် 1 ခု